Friday, August 24, 2012

ဒုက္ခသည်များ ကျန်းမာရေး ဂရုပြုပေး ကြပါ


မြန်မာနိုင်ငံ အတွက် လက်ရှိ ကာလမှာ ဒုက္ခသည် အများဆုံး ကာလ တစ်ခုဖြစ် ဖွယ် ရှိသည်။ အစိုးရနှင့် ကေအိုင်အေကြား တိုက်ပွဲများကြောင့် ကချင်ပြည် နယ်တွင် စစ်ဘေးဒုက္ခသည်ရှစ် သောင်းကျော်၊ ရခိုင်ပြည်နယ်ပဋိ ပက္ခကြောင့် ဒုက္ခသည် ခြောက်သောင်းဝန်းကျင် ရှိနေ သည့်အပြင် ရေကြီးမှုကြောင့် ဒုက္ခသည်သောင်းနှင့်ချီ၍ ရှိလာ သောကြောင့်ဖြစ်သည်။ ဒုက္ခသည် စခန်းများတွင်ရောက်ရှိနေသူများ ပြားသလို မိမိနေရပ်တွင် စစ်ဘေး၊ သဘာဝဘေးရှောင်ဒုက္ခသည်များ လည်း ရှိပါသည်။
ယခုကဲ့သို့ မိုးရာသီတွင် ကယ်ဆယ်ရေးစခန်းများ၌ အအေး မိခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ သွေး လွန်တုပ်ကွေး၊ အသည်းရောင် အသားဝါနှင့် ငှက်ဖျားကဲ့သို့ ရော ဂါများအပြင် ကလေးများမှာ ဝက် သက်ရောဂါတွင် ကူးစက်ဖြစ်ပွား ခြင်းနှင့် ပိုလီယိုရောဂါများဖြစ်ပွား နိုင်ခြင်းကို ဂရုပြုစောင့်ကြည့် ဆောင်ရွက်နေရကြောင်း မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။ တစ်ဦးမှ တစ်ဦးသို့ ကူး စက်သည့်ရောဂါများ၊ တစ်ကိုယ် ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့် ဖြစ်ပွားလာနိုင်သည့် ရောဂါများ၊ ရာသီဥတုကြောင့် ဆက်စပ်ဖြစ် ပွားသည့် ရောဂါများကို သတိပြုရ မည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုများမှာလည်း ကျန်းမာ ရေးဆိုင်ရာဝန်ဆောင်မှု ကုသမှု များအပြင် ထည့်သွင်းပြုလုပ်ကြ သည့်အရာလည်းဖြစ်သည်။
ဘေးအန္တရာယ်များ ကြုံတွေ့ နေကြသည့်နေရာများတွင် သန့် ရှင်းသောသောက်သုံးရေရရှိရန်နှင့် ယင်လုံအိမ်သာအသုံးပြုခြင်းများ သည် အရေးကြီးသောအရာများ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ် ဆယ်ရေးစခန်းများတွင် ဇွန်၊ ဇူလိုင်လများ၏ စာရင်းများအရ အအေးမိဖျားနာခြင်းများ၊ ထိခိုက် ဒဏ်ရာရရှိမှု အများဆုံး ဖြစ် ပေါ်နေပြီးကူးစက်ရောဂါများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား မှု များပြားနေကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ စာရင်းများ အရသိရသည်။ မိုးရာသီဖြစ်သည့်အပြင် ရေ သန့်စက်များလည်း ပို့ဆောင်ထား သဖြင့် သန့်ရှင်းသောရေရရှိမှု အခက်အခဲမရှိသော်လည်း ဖွင့် လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ လူဦး ရေနှင့် ယင်လုံအိမ်သာများမှာ လောက်ငှမှုမရှိသေးချေ။ လူဦးရေ ၃၀ဝ ခန့် ရှိသည့် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း တစ်ခုတွင် သုံးခန်းတွဲအိမ်သာ တ စ်လုံး သာရြှိ ခ င်း ၊ လူဦး ရေ ၁၆၀ဝ ကျော်ရှိသည့် စခန်းတွင် နှစ်လုံးတွဲအိမ်သာ လေးလုံးသာ ရှိခြင်း စသည်တို့မှာ ဝမ်းပျက်ဝမ်း လျှောရောဂါများနှင့် ပတ်ဝန်းကျင် မသန့်ရှင်းမှုများကြောင့် ဖြစ်ပွား လာနိုင်သည့် အခြားကူးစက်ရော ဂါများဖြစ်ပွားစေရန် ဖိတ်ခေါ်နေ သလိုဖြစ်နိုင်ကြောင်း ကျန်းမာရေး ပညာရှင်များကပြောသည်။
မိုးရာသီတွင် ဖြစ်ပွားမှု များ ပြားလေ့ ရှိသည့် သွေးလွန်တုပ် ကွေးရောဂါသည်လည်း ကယ် ဆယ်ရေးစခန်းများတွင် ဂရုပြု စောင့်ကြည့်ရ သည့်ရောဂါ တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ ၏ ငှက်ဖျား အဖြစ်အများဆုံးနေရာများတွင် ပါဝင်သည့် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးတာဝန် ထမ်းဆောင် နေသူများမှာ ငှက်ဖျားရောဂါကူး စက်မှု များပြားမည်ကိုလည်း စိုး ရိမ်နေကြောင်း ရခိုင်ပြည်နယ်အ တွင်း ကျန်းမာရေးလုပ်ငန်း လုပ် ကိုင်နေသည့် အဖွဲ့များ ထံမှသိရ သည်။ စစ်တွေမြို့ ကယ်ဆယ်ရေး စခန်းများမှ စာရင်းများအရ ပဋိ ပက္ခ ဖြစ်ပွားသည့်အချိန်မှ နှစ်လ ခန့်အတွင်းငှက်ဖျားရောဂါဖြစ်ပွား မှု ၇၀ကျော် ရှိနေကြောင်း သိရ သည်။ " အခုထိတော့ ဘယ်ရောဂါ ကပ်ရောဂါလိုဖြစ်တဲ့ ကူးစက်မှု မျိုးတွေတော့ မရှိသေးပါဘူး" ဟု ကြက်ခြေနီအသင်း ကျန်းမာရေး ဌာနမှ ဌာနမှူး ဒေါက်တာစောနီ ထွန်းကပြောသည်။
မိုးအဆက်မပြတ် ရွာသွန်းမှု များကြောင့် ကယ်ဆယ်ရေးစခန်း များတွင် ပြောင်းရွှေ့နေထိုင်နေရ သူများအတွက် ဆေးဝါးများအ ပြင် လက်ရှိအချိန်တွင် အလိုအပ် ဆုံးမှာ အစားအစာများ ရရှိမှု လည်းဖြစ်နေကြောင်း ပုသိမ်မြို့ နယ်အတွင်း ရေဘေးကယ်ဆယ် ဝါးအကူအညီအထောက်အပံ့ နှင့် ကုသပေးမှုများလည်း လိုအပ် နေကြောင်းသတင်းရရှိသည်။ ကယ်ဆယ်ရေးစခန်းများ တွင် ဆေးဝါးများ၊ ဆပ်ပြာများ၊ ရေသန့်များ ဖြန့်ဝေပေးသည့်အ ပြင် ကူးစက်ရောဂါများ မဖြစ်စေ ရန် လက်ဆေးနည်းများနှင့် တစ် ကိုယ်ရေသန့်ရှင်းရေး၊ ဆေးဖျန်း ခြင်းများ ဆောင်ရွက်ပြီး ရောဂါ တစ်စုံတစ်ရာ ဖြစ်ပွားပါကလည်း ဆေးကုသမှုရရှိရန် ကျန်းမာရေး ဝန်ထမ်းများထံ အကြောင်းကြား ရန်လည်း အသိပေးထားကြောင်း ရခိုင်ပြည်နယ်အတွင်းရှိ ကြက်ခြေ နီဝန်ထမ်းတစ်ဦး ကပြောသည်။ ရေကြီးသည့်ဒေသ များတွင် ရေအရင်းအမြစ်များထဲ မသန့်ရှင်း သည့်ရေများ ဝင်ရောက်ပြီး ထိုရေ များအားသောက်သုံးပါက နောက်ဆက်တွဲရောဂါများ ဖြစ် ပွားလာမည့်အတွက် ရေကို ကျို ချက်သောက် သုံးရန်၊ ရေနှင့်အတူ ပါလာသည့် အန္တရာယ်ရှိသည့် တိရစ္ဆာန်များအား သတိထားရန် နှင့်မိုးရာသီဖြစ်သည့်အတွက် ဖျား နာမှုများမရှိစေရန် သတိထားရ မည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။