Friday, August 24, 2012

မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာနေအိမ်များကို တည်ဆောက်လျက်ရှိပြီး ကျေးလက်ကျမ်းမာရေးဆေးခန်းများနှင့် စာသင်ကျောင်းများကို ပွင့်လင်းရာသီတွင် ပြန်လည်တည်ဆောက်ဖွယ်ရှိ


မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို တည်ဆောက်လျက်ရှိနေပြီး ကျေးလက်ကျန်းမာရေး ဆေးခန်းများနှင့် စာသင်ကျောင်းများကိုလည်း ပွင့်လင်းရာသီတွင် ပြန်လည် တည်ဆောက်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

''အခု မီးရှို့ခံရတဲ့ကျေးရွာတွေက နေအိမ်တွေကို စတင်တည်ဆောက်နေပြီဖြစ်ပြီးတော့ ကျန်းမာရေး ဆေးခန်းတွေ၊ စာသင်ကျောင်းတွေကတော့ နေအိမ်တွေ တည်ဆောက်ပြီးလို့ ရွာသားတွေ နေထိုင်ပြီဆိုရင် ပြန်လည်ပြုပြင်တည်ဆောက်ပေးသွားမှာပဲ ဖြစ်ပါတယ်။''ဟု မောင်တောမြို့နယ် တည်ငြိမ်အေးချမ်းရေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီမှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် မီးရှို့ခံရသည့် ကျေးရွာများဖြစ်သော သရေကုန်းဘောင်၊ ရွှေရင်အေး၊ ခရေမြိုင်၊ကိုင်းကြီး ၊ မောရ၀တီ စသည့်ကျေးရွာများ ရှိနေအိမ်များကို သက်ဆိုင်ရာမှ ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်းနှင့် နေအိမ်များ ဆောက်လုပ်ပြီးစီး ချိန်တွင် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသူများအား ပြန်လည်နေရာချထားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 
သြဂုတ်လအတွင်း မောင်တောမြို့နယ်ရှိ စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ကျမ်းမာရေးဆေးခန်းများလည်း ပြန်လည်ဖွင့်လာမည်ဖြစ်ကြောင်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။