Thursday, September 6, 2012

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ


ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။
ယခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ရာဘာခြံတခုအတွင်း၌ SSA-S တပ်ဖွဲ့ဝင်များပါဝင်သော ၁၄ ဦးအဖွဲ့အား UWSA က ဖမ်းဆီးလိုက်ပြီးနောက် သြဂုတ် လဆန်းပိုင်းမှ စ၍ နှစ်ဘက်တပ်ဖွဲ့များ ဆက်ဆံရေး တင်းမာလာရခြင်း ဖြစ်ကြောင်း UWSA ထိပ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

စစ်ပွဲရပ်ရန် ဖားကန့်လူထု တောင်းဆို

ကချင် ဒုက္ခသည်စခန်းအတွင်း မြင်ကွင်းတခု (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် လက်ရှိဖြစ်ပွားနေသော ထိုးစစ်များ ချက်ချင်းရပ်တန့်ပေးရန် အစိုးရနှင့် နှစ်ဘက်တိုက်ပွဲ တာဝန်ရှိသူများထံ မြို့ခံ ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများမှ ယခုလဆန်းပိုင်းက စာပေးပို့တောင်းဆိုလိုက်ပြီဖြစ်သည်။

ရှမ်းမြောက်တွင် လိုင်စင်မဲ့ဆိုင်ကယ်ခိုးယူဖောက်ထွင်းမှုများလာ၍ တိုင်ကြားရန်အခက်တွေ့နေ


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လိုင်စင်မဲ့ဆိုင်ကယ်ခိုးယူဖောက်ထွင်းမူများ မကြာခဏဖြစ်ပေါ် နေပြီး ပျောက်ဆုံးသူများအနေဖြင့် လိုင်စင်မဲ့ဖြစ်သဖြင့် ရဲစခန်းတိုင်ကြားရန် အခက်အခဲဖြစ် နေကြောင်း ဒေသခံများထံက သိရှိရသည်။

မန်းဘူတာကြီးတွင် ကော်ရှူသည့် လေလွင့်ကလေးဦးရေ တိုးပွားနေ


မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ် oci S100 ပိုက်ဆက်ကော်စွဲလမ်းစွှာူရှိုက်နေကြသည့်  တောင်းရမ်း စားသောက်ကြသော ကလေးငယ်များ မျုားပြားနေကြာင်း ဒေသခံများထံက သိရသည်။

ကလေးငယ်အများစုအနေဖြင့် မလေးရှားနိုင်ငံထုတ် ociS100 အမှတ်တံဆိပ် ပိုက်ဆက်ကော်အား ရှူ ရှိုက်ခြင်းမှာ ထမင်းအဆာပြေသောကြောင့် ရှူရှိုက်ရခြင်းဖြစ်ကြောင်း သုံးစွဲသူ ကလေးငယ်များထံက သိရှိရသည်။

သမ္မတနှင့်တွေ့ဆုံရန် တိုင်းရင်းသားရေးရာဝန်ကြီးများ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်


တိုင်းရင်းသားရေးရာဝန်ကြီး(၁၈)ပါးအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ(၇)ရက်နေ့တွင်    နိုင်ငံတော်သမ္မ တကြီးနှင့် တွေ့ဆုံရန်အတွက် အင်းယာလိတ်ဟိုတယ်၌ ယနေ့ စက်တင်ဘာလ (၅)ရက်နေ့တွင် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်ရန် စီစဉ်နေ


ပြည်တွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များသို့ အတိုးနှုန်းသက်သာစွာဖြင့် ပြန်လည် ထုတ်ချေးနိုင်ရန် ရည်ရွယ်၍ ပြည်ပနိုင်ငံများမှချေးငွေ ရယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး အုန်းမြင့်က နေပြည်တော်   တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်သို့ ပြောင်းရမည်ဟု သတင်းများပေါ်ထွက်


ကော်ပိုရေးရှင်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်၍့  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်အား အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


အများပိုင် အိုင်တီ ကုမ္ဗဏီ တစ်ခုဖြစ်ရေး ခြေလှမ်းပြင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်တွင်း အိုင်တီလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ကိုင်မည့် အများပိုင် ကုမ္ဗဏီတစ်ခု
ဖြစ်လာစေရန် ဦးတည်ကာ တည်ထောင်မှုအတွက် ဆောင်ရွက်နေပြီဖြစ်ကြောင်း အဆိုပါ  ကုမ္ပဏီ၏ BOD အဖွဲ့ဝင် ဖြစ်သည့် ဦးမင်းဦးက ပြောသည်။

ရှမ်းနီပါတီ ပထမဆုံး ရုံးချုပ် မန္တလေးတွင်ဖွင့်ပြီ

ရန်ကုန် (မဇ္ဈိမ) ။       ။ ပျောက်ကွယ်နေသည့် ရှမ်းနီလူမျိုးကို ပြန်လည်ဖေါ်ထုတ်ရန် အဓိက ရည်ရွယ်တည်ထောင် သည့် တိုင်းလျဲန် ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဌာနချုပ်ကို မန္တလေးမြို့ မဟာမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း ကန့်သတ်ချက်များနေဟု ဝေဖန်ခံရ

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်းသည် ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ ဥပဒေနှင့်
နှိုင်းယှဉ်လျှင် ကန့်သတ်ချက် များပြားနေသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို တွန့်ဆုတ်သွားစေနိုင်သည်ဟု ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဝေဖန်ပြောကြား လိုက်သည်။

ဒညင်းကုန်း အုတ်စက်ရုံလုပ်သားတို့ နေစရာတောင်း

ရန်ကုန် (မဇ္ဈိမ) ။        ။ အမှတ် ၂ စက်မှုဝန်ကြီးဌာနပိုင် အင်းစိန် ဒညင်းကုန်း အုတ်စက်ရုံကို မားသားထရိတ်ဒင်း ကုမ္ပဏီသို့ ရောင်းချလိုက်ရာ စက်ရုံအတွင်းနေထိုင်သည့် အုတ်လုပ်သား အိမ်ထောင်စု ၃၀ ကို ကုမ္ပဏီက ဆက်လက်
နေထိုင်ခွင့် မပြုတော့ခြင်းကြောင့် နေစရာ ပြန်လည်ဖန်တီးပေးရန် တောင်းဆိုနေကြသည်။

မကွေး-ရေနံချောင်း လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာ၉ ရွာမှ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့သည့် သီးနှံပင်များ၊ယာမြေများနှင့် ပတ်သက်၍ ဒေသခံများ အခက်အခဲ ကြုံတွေ့နေရ



မကွေးမြို့နယ် ကံသာကြီးကျေးရွာအနီး ယာမြေနှင့် သီးနှံစိုက်ခင်းများပေါ်တွင် မကွေး-ရေနံချောင်း လက်မ ၂၀ ပိုက်လိုင်းလုပ်ငန်းခွင်ကို စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များအတွင်း စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်လျက်ရှိသည့် မကွေး-ရေနံချောင်း လက်မ ၂၀ပိုက်လိုင်း စီမံကိန်းဖြတ်သန်းသွားသော ကျေးရွာ ၉ရွာမှ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် သီးနှံပင်များ၊ ယာမြေများနှင့်ပတ်သက်၍ ဒေသခံတောင်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း အဆိုပါကျေးရွာများမှ ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

 ဖားကန့် ဒေသမှ ယန္တရားကုမ္ပဏီများ ဟုမ္မလင်းမြို့သို့ ပြောင်းရွှေ့ အခြေစိုက်လာ


5239ဟုမ္မလင်းမြို့သို့ ဖားကန့်ဒေသ မှ ယန္တရားကုမ္ပဏီများ ပြောင်းရွှေ့ အခြေစိုက်လာကြသည်ဟု ဟုမ္မလင်း မြို့ဒေသခံများ၏ ပြောကြားချက် များအရ သိရှိရသည်။

ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံ မော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲရန်ညှိနှိုင်း


ထိုင်းနိုင်ငံမဲဆောက်မှ မြန်မာနိုင်ငံမော်လမြိုင်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲရေး အတွက် ပဏာမညှိနှိုင်းမည့် အဖွဲ့ဝင်များသည် စင်းလုံးငှား ဂျက်လေယာဉ်ငယ်ဖြင့် မော်လမြိုင်လေဆိပ်သို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း မွန်ကုန်သည် စက်မှုအသင်း ဥက္ကဋ္ဌထံမှ သတင်းရရှိသည်။

သန်လျင်ရေနံချက် စက်ရုံရှိ စက်ဆီ/ချောဆီ ရောစပ်စက်ရုံအား နိုင်ငံခြား လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကာလရှည် ငှါးရမ်းလုပ်ကိုင်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ


သန်လျင်မြို့ရှိ အမှတ်(၁) ရေနံ ချက်စက်ရုံတွင်ရှိသော စက်ဆီ/ချော ဆီရောစပ်စက်ရုံ (Lubricant Blending Plant)အား ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးအပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ လည်ပတ်နေသည့် ရေနံချက် စက်ရုံ ၃ရုံရှိပြီး အဆိုပါစက်ရုံများမှာ သန်လျင်ရေနံချက်စက်ရုံ၊ ချောက် ရေနံချက်စက်ရုံ၊ သံပုရာကန်ရေနံချက်စက်ရုံများဖြစ်ကြောင်း သိရှိရပါသည်။

 ကျောက်တန်းမြို့နယ်ရှိ လယ်ယာများကို ၁၉၉၇ ခုနှစ်ကတည်းက စက်မှုဇုန်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး စီးပွားရေးလုပ်ငန်းကြီး ခြောက်ခုမှ လုပ်ငန်းစတင်နေခြင်းကို စုံစမ်းစစ်ဆေးနိုင်ရန် လယ်သမားများတင်ပြ



5231
သိမ်းဆည်းခံထားရသော လယ်မြေပေါ်တွင် ကုမ္ပဏီတစ်ခု၏ ဆောက်လုပ်ဆဲ အဆောက်အဦအား
သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်မြတ်ကို
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အေးမြသီတာရပ်ကွက် (ယခင်ဖလမ်းကျေးရွာ)ရှိ လယ်များကို ၁၉၉၇ခုနှစ်ကတည်းကစက်မှုဇုန် စီမံကိန်းလုပ်ဆောင်ရန်သိမ်းယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် စီးပွားရေး လုပ်ငန်းခြောက်ခုမှ လုပ်ငန်းစတင်နေခြင်းကို လယ်သမားများမှ သက်ဆိုင်ရာသို့ စုံစမ်းစစ်ဆေးပေးရန် အတွက် အသနားခံစာကို ယခုနှစ် သြ ဂုတ်လ ၂၁ ရက်နေ့တွင် တင်ပြထားကြောင်း သတင်းရရှိပါသည်။

 MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ တစ်ဆင့် အာမခံထားရှိ


MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံ လုပ်ငန်းမှ ပြည်ပ၌တစ်ဆင့် အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံ လုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင်နေကြောင်းမြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်း


ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံသို့ ရောက်ရှိနေသော ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

ဈေးပြိုင်စနစ်ကို နိုင်ငံတကာအဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား


ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်းအထိ ဖြစ်အောင်လေ့လာနေပြီး လုပ်လည်းလုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ပါသည်။

 မြန်မာနိုင်ငံမှ ငါးလအတွင်း မော်တော်ယာဉ်နှင့် အပိုပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးဖိုး တင်သွင်း


မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် သွင်းကုန်စာရင်းတွင် မော်တော်ယာဉ်နှင့် အပိုပစ္စည်းတင်သွင်းမှုမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီး ငါးလအတွင်း အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါးဖိုး တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံရှိ Bangkok Bank မှတစ်ဆင့် ပြည်တွင်းရှိ ဘဏ်ခြောက်ခုသို့ ငွေစတင်လွှဲပြောင်းနိုင်ပြီဖြစ်ကြောင်း Bangkok Bank Public Company မှ တာဝန်ရှိ သူတစ်ဦးက သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ပြုလုပ်ခဲ့သည့် Bangkok Bank ၏ Yangon Representative Office in new location ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို



2012-09-05
မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လက်ပန်းတောင်းတောင်လူထု အခေါင်းတု (၃) ခု မီးရှို့ပြီး ဆန္ဒပြ



2012-09-05
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဒေသခံ ကျေးရွာတွေက လူထု တစ်သောင်းကျော်လောက် ဒီကနေ့ စုဝေးပြီး ပုဒ်မ (၁၄၄) ထုတ်ပြန်ချက်၊ တရုတ် ၀မ်ပေါင် ကုမ္ပဏီနဲ့ မြန်မာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတွေ အပေါ် မကျေနပ်မှုကို ကိုယ်စားပြု ဖန်တီးထားတဲ့ အခေါင်းတု (၃) ခုကို မီးရှို့သဂြိုဟ်ပွဲလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်



2012-09-04
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

အစ္စလာမ်နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည်



2012-09-04
အစ္စလာမ် နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ ၆ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံကြမယ်လို့ သိရပါတယ်။

ကချင်စစ်ပြေးဒုက္ခသည် ရေဘေးနှင့် ရင်ဆိုင်နေရ



2012-09-04
အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခကြောင့် ဖားကန့်မြို့နယ်အတွင်း ဒေသခံပြည်သူတွေ လာရောက်ခိုလှုံနေကြတဲ့ ကယ်ဆယ်ရေး စခန်းတွေထဲက ငှက်ပျောတောရပ်ကွက် နှစ်ချင်း ခရစ်ယာန် အသင်းတော် ဒုက္ခသည်စခန်းက လူ ၇၀၀ ကျော်နဲ့ အိမ်ခြေ ၁၀၀ လောက်ဟာ ဒီကနေ့ နေ့လည် ၁၂ နာရီ လောက်ကစလို့ ရေဘေးဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်ပြု



2012-09-04
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေ တိုး-လျော့ခြင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက ပေးပို့လာတဲ့ သ၀ဏ်လွှာကို ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး တင်ပြပြီးနောက် သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး



2012-09-04
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီနဲ့ ကိုဌေးကြွယ်တို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။

ABSDF ခေါင်းဆောင်ဟောင်းများနှင့် UNA ခေါင်းဆောင်များ တိုင်းရင်းသားပြဿနာ ဆွေးနွေး



2012-09-04
မြန်မာနိုင်ငံကို လတ်တလော ပြန်ရောက်နေတဲ့ ABSDF ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်နဲ့ ဒေါက်တာသောင်းထွန်းတို့ဟာ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံပြီး တိုင်းရင်းသား ပြဿနာ ပြေလည်ရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ


2012-09-04
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

CPRCG အဖွဲ့နှင့် လယ်ယာမြေသိမ်းခံရသည့် လယ်သမားများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ



2012-09-04
CPRCG ခေါ် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က ရေတာရှည်မြို့နယ်မှာ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားကြီးတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု စက်တင်ဘာလ ၃ ရက်နေ့  ၁ နာရီကနေ ၄ နာရီထိ ရေတာရှည်မြို့နယ် NLD ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။