Thursday, September 6, 2012

 မြန်မာနိုင်ငံမှ ငါးလအတွင်း မော်တော်ယာဉ်နှင့် အပိုပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးဖိုး တင်သွင်း


မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် သွင်းကုန်စာရင်းတွင် မော်တော်ယာဉ်နှင့် အပိုပစ္စည်းတင်သွင်းမှုမှာ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေပြီး ငါးလအတွင်း အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါးဖိုး တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့အထိ ငါးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးဖိုး တင်သွင်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်အများဆုံး တင်သွင်းနေရသည့် စက်သုံးဆီကဏ္ဍကိုကျော်ကာ ထိပ်ဆုံးနေရာ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းမှုမှာ အဆိုပါ ငါးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုးသာ တင်သွင်းခဲ့ကြောင်း၊ ဒီဇယ်ဆီမှာ အမေရိကန် ဒေါ်လာ ၃၆၂ ဒသမ ၇၄၆ သန်းနှင့် ဓာတ်ဆီမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၈၉ သန်းဖိုးတင်သွင်းခဲ့ကြောင်း သိရသည်။
''စက်သုံးဆီဆိုတာက ဒီဇယ်နဲ့ ဓာတ်ဆီ နှစ်မျိုးတည်းကို ပြောတာပါ။ ရေနံထွက်ပစ္စည်းဆိုရင် အဲဒီနှစ်မျိုးအပြင် ကတ္တရာ၊ ဖယောင်း၊ ချောဆီ တွေ အကုန်ပါတာပေါ့။ ဒီဇယ်၊ ဓာတ်ဆီ နှစ်မျိုးတည်း တင်သွင်းမှုထက်ဆိုရင်တော့ ကားနဲ့ ကားအပိုပစ္စည်းသွင်းတာက ပိုများတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနသို့ ကားတင် သွင်းရန်အတွက် လိုင်စင်လျောက် ထားခဲ့သည့် အရေအတွက်မှာ ကားဟောင်းများ အပ်နှံသည့် အစီအစဉ် စတင်သည်မှ သြဂုတ်လအထိ အစီးရေ ၆၀၀၀၀ နီးပါးအတွက် လာ ရောက်လျောက်ထားခဲ့ကြောင်းလည်း သိရသည်။ ယခုနောက်ပိုင်း ကားတင် သွင်းရန် လိုင်စင်လျောက်ထားမှုတွင် တက္ကစီအဖြစ် တင်သွင်းရန်လျောက် ထားမှုမှာ များပြားလာသည်ဟုလည်း သိရသည်။
ယခင်ဘဏ္ဍာနှစ်များက စက်သုံးဆီတင်သွင်းမှုမှာ အများဆုံးတင်သွင်းရသည့်စာရင်း ထိပ်ဆုံးတွင်ရှိနေသော်လည်း ယခုနှစ်တွင် စက်သုံးဆီတရား ၀င်တင်သွင်းမှုမှာ ယခင်နှစ်များကထက် များစွာလျော့ကျနေကြောင်း၊ အချို့ မှောင်ခိုတင်သွင်းမှု ရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားထားသည်။
အများဆုံးတင်သွင်းသည့် ကုန်စည်ခြောက်မျိုး(အမေရိကန်ဒေါ်လာ၊ သန်း)
 ကဏ္ဍပမာဏ
မော်တော်ယာဉ်နှင့် အပိုပစ္စည်း၄၈၆ .၅၀၇
ရေနံထွက်ပစ္စည်း(စက်သုံးဆီမပါ)၄၃၀ .၅၄၆
စက်သုံးဆီ၄၀၅ .၁၃၅
သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၂၄၇ .၈၀၉
စက်နှင့်စက်ပစ္စည်း၂၄၁ .၈၉၄
စားအုန်းဆီ၁၃၈ .၂၃၈

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။