Thursday, September 6, 2012

ဆက်သွယ်ရေးဝန်ထမ်းတစ်သောင်းကျော် အရပ်ဘက်သို့ ပြောင်းရမည်ဟု သတင်းများပေါ်ထွက်


ကော်ပိုရေးရှင်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းမည် ဖြစ်၍့  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်အား အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


ရပ်ဘက်ဝန်ထမ်းပြန်ဖြစ်မှာလားဆိုတာ တိတိကျကျ မပြောသေးတော့ မသိသေးဘူး။ ဆက်သွယ်ရေး လုပ်ငန်းဆိုတာကတော့ မရှိတော့ဘူး၊ ဆက်သွယ်ရေး ကော်ပိုရေးရှင်းဆိုပြီး ဖြစ်သွားမှာပါ” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ  အကြီးအကဲတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ထိ ၀န်ထမ်းပေါင် ၁၄၀၀၀ ၀န်းကျင် ရှိကြောင်းကိုလည်း သိရှိရသည်။

 ကျွန်တော်တို့လည်း အခုလို အရပ်ဘက်ဆိုရာ ၀န်ထမ်းအဖြစ်ပြောင်းမယ်လိုတော့ ကြားပါတယ်၊ ဒါက ဘာမှန်းမသိသေးဘူး၊ အထက်ကလူကြီးတွေ စီစဉ်သွားမှာပါ၊ကျွန်တော်တို့ဆီကို အခုထိတော့ စာတွေဘာတွေ မရောက်သေဘူး ” ဟု မြန်မာ့ဆက်သွယ်ရေလုပ်ငန်မှ ၀န်ထမ်းတစ်ဦးက ပြောသည်။

ဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်ရေးဝန်ထမ်းအသိုင်းအ၀ိုင်းတွင်လည်း အရပ်ဘက်သို့ ပြောင်းလဲရမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း  သိရသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ယခုလအတွင်း ထုတ်ပြန်ကြေညာလိုက်သည့် ပြုပြင်ပြောင်းလဲခြင်း အစီအစဉ်အရ ဝန်ကြီးဌာန လက်အောက်၌ ဖွဲ့စည်းထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်း အဖြစ်သို့ ပြောင်းလဲဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 အဆိုပါ ကော်ပိုရေးရှင်းနှင့် ပတ်သက်၍ ပြောင်းလဲဖွဲ့စည်းသွားမည့်အချိန်ကို ဝန်ကြီးဌာနအနေဖြင့် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဆက်သွယ်ရေးကော်ပိုရေးရှင်း အနေဖြင့် Myanmar Telecom ကုမ္ပဏီကို ထူထောင်၍ အခြားသော ကုမ္ပဏီ ()ခုနှင့် Telecom ဝန်ဆောင်မှုများအား ယှဉ်ပြိုင်ဆာင်ရွက်ရမည်ဖြစ်သည်။

အစိုးရဝန်ကြီးဌာနများအနက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ပထမဦးဆုံးရေးဆွဲခဲ့သည့်ဋ္ဌာနမှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဖြစ်သည်ဟု မြန်မာ့သွယ်ရေးလုပ်ငန်းမှ အရာရှိကြီးတစ်ဦးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။