Thursday, September 6, 2012

မန်းဘူတာကြီးတွင် ကော်ရှူသည့် လေလွင့်ကလေးဦးရေ တိုးပွားနေ


မန္တလေး ဘူတာကြီးတွင် မလေးရှားနိုင်ငံထုတ် oci S100 ပိုက်ဆက်ကော်စွဲလမ်းစွှာူရှိုက်နေကြသည့်  တောင်းရမ်း စားသောက်ကြသော ကလေးငယ်များ မျုားပြားနေကြာင်း ဒေသခံများထံက သိရသည်။

ကလေးငယ်အများစုအနေဖြင့် မလေးရှားနိုင်ငံထုတ် ociS100 အမှတ်တံဆိပ် ပိုက်ဆက်ကော်အား ရှူ ရှိုက်ခြင်းမှာ ထမင်းအဆာပြေသောကြောင့် ရှူရှိုက်ရခြင်းဖြစ်ကြောင်း သုံးစွဲသူ ကလေးငယ်များထံက သိရှိရသည်။

“ ကော်မရှုရရင်မနေနိုင်ဘူး၊ တောင်းရတဲ့ပိုက်ဆံနဲ့ ပိုက်ဆိုင်တွေကနေ ကော်တစ်ဘူး (၆၀၀)နဲ့ ၀ယ်တယ်၊ ကော်တစ်ဘူးဆိုခဏနဲ့ကုန်ကုန်သွားတယ” ဟု ကော်ရှုရင်း ပိုက်ဆံတောင်းနေသော(၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦးက ပြောသည်။

ူတာကြီးတွင်နေထိုင်သောကလေးဦးရေ(၂၀)ကျော်(၃၀)ခန့်ရှိကြောင်း သိရှိရပြီး လေလွင့် ရောက်ရှိလာသော ကလေးငယ်များဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကြောင့် ဘူတာကြီးအနီးတွင် တောင်းရမ်း စားသောက်နေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ကလေးတွေကအုပ်စုဖွဲ့ပြီးနေတယ်၊ လစ်ရင်လစ်သလိုအလစ်သုတ်တယ် တစ်ချို့ ကလေးတွေက မိုက်ရိုင်းတယ် သူတို့ကိုငေါက်ရင်တောင် ပြန်ဆဲတယ်ဟု ဘူတာကြီးတွင် ဈေးရောင်းသော ဒေါ်အေးသန်းက ပြောသည်။

ကော်ရှူသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာဝန်တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“ ကော်ရှူလို့ထမင်းမဆာတာကတော့ သူတို့ရဲ့စွဲလမ်းမှုတစ်ခုပဲနေမှာပါ ကော်ရှူလို့ ချက်ခြင်း အသက်အန္တရယ် မထိခိုက်ပေ မယ်ကြာလာရင် ကော်ခဲမှာပါတဲ့ဓာတုပစ္စည်းတွေကအသဲခြောက်ရောပါ ဖြစ်စေနိုင် ပါတယ်။” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ကလေးငယ်များအား လူငယ်ပြုစုပျိုးထောင်ရေးအသင်းများမှခေါ်သူစောင့်ရှောက်နေသော်လည်းပြန်လည်ထွက်ပြေးလေ့ရှိကြောင်းကို လည်း သိရှိရသည်။

ထိုကဲ့သို့ ကလေးငယ်များစိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုများမှ စတင်ပြီး နောင်အနာဂတ်တွင်ရာဇ၀တ်မှုများပါ ကျူးလွန်လာနိုင်ကြောင်း   လူ့အခွင့်ရေးလှုပ်ရှားသူ ကိုမျိုးမင်းထွန်းက ၄င်း၏ အမြင်ကို သုံးသပ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။