ဇွန်လ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေါနတောင်ကျရေများ
စီးဆင်းလာကာ လှိုင်းဘွဲချောင်းရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ် အရှေ့ဘက်
လှိုင်းဘွဲမြို့နယ်ရှိ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရန်
တည်ဆောက်ထားသော ယာယီ ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့၍ မော်တော်ယာဉ်များ
သွားလာ၍ မရနိုင်ဘဲ ကုန်စည်စီးဆင်းမှု ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်လျက်
ရှိနေကြောင်း သတင်းရရှိသည်။
Wednesday, June 27, 2012
ရခိုင်ပြည်နယ်တွင် 'ကဏ္ဍပေါင်းစုံ ကနဦး လိုအပ်ချက်လေ့လာဆန်းစစ်မှု စစ်တမ်း' ကောက်ယူသွားမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအား တွေ့ရစဉ်
ဝန်ထမ်းတစ်ဦး၏ မိခင်ဖြစ်သူ ကင်ဆာဝေဒနာရှင်က ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးမှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား၊ ရန်ကုန်မြို့တွင် ကြိုးဆွဲချသေဆုံးမှု တစ်ပတ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား

ကင်ဆာဝေဒနာရှင် ကြိုးဆွဲချသေဆုံးခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ပစ္စည်းများပေးရန် တုံကင်ယူပေးမည်ဆိုကာ အမည်မသိသူနှစ်ဦးက ရွှေဆွဲကြိုးကို လိမ်လည်ရယူ
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း
လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့်
ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရှိရပါသည်။
လှိုင်သာယာစက်မှုဇုန်ရှိ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်လျော့ချ

လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတစ်ခု၏ အလုပ်ခေါ်စာအား လာရောက် ကြည့်ရှုနေသူများ
ထုတ်ပယ်ယာဉ်လုပ်သားများ ခံဝန်ချက်နှင့် ပြန်လျှောက် ထားပါကစိစစ်ပြီး အလုပ် ပြန်လည်ခန့်မည်
ထုတ်ပယ်ယာဉ်လုပ်သားများ ကိုယ်တိုင်ခံဝန်ချက်နှင့် ပြန်လျှောက်ထားပါက စိစစ်ပြီး ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲဖွင့်လှစ်
အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်ရုံးခွဲကို အမှတ်(၁) သစ္စာလမ်း
ရန်ကင်းမြို့နယ် ရန်ကုန်မြို့ (ရန်ကုန်တိုင်းစီမံကိန်းရုံးဝင်းအတွင်း) တွင်
ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာနှင့် သွင်းအားစုများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်အား ကင်းလွတ်ခွင့်ပြုမည်ဟု သိရ

တောင်သူအများစု အရစ်ကျစနစ်ဖြင့် ဈေးမြှင့်ပေးကာ ၀ယ်ယူအသုံးပြုနေရသော လက်တွန်းထွန်စက်
တရားမ၀င် ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ငါးများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းမည်
မြန်မာ့ပိုင်နက်ပင်လယ်ပြင်အတွင်း ပြည်ပနိုင်ငံများမှ တရားမ၀င်
ဝင်ရောက်ငါးဖမ်းဆီးသည့်အတွက် ဖမ်းဆီးထားသော ကျူနာငါးဖမ်းရေယာဉ်များကို
အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ငါးလုပ်ငန်း ဦးစီးဌာနမှူးထံမှ သတင်းရရှိသည်။
ဘယ်မောင်းအမျိုးအစား ကားများကိုသာ တင်သွင်းခွင့်ပြုသွားမည့် အဆိုကို လွှတ်တော်သို့ တင်သွင်းရန် စီစဉ်နေ
ဘယ်မောင်းကား အမျိုးအစားများကိုသာ နောက်ပိုင်းတွင် တင်သွင်းခွင့်ပြုရန်
သတ်မှတ်ပေးသင့်သည့်အဆိုကို လွှတ်တော်သို့ တင်သွင်းရန်စီစဉ်ထားကြောင်း
သတင်းရရှိပါသည်။ ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း
လုပ်ငန်းရှင်အချို့နှင့် ကညနတာ ၀န်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို
ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြားစာ ပေးပို့
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊
ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့် ထိတွေ့ဟောပြောခြင်း၊ မီဒီယာများနှင့်
တွေ့ဆုံပြောကြားခြင်း၊ သဘောထား ထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့
အကြောင်းကြားစာ ပေးပို့
ရခိုင်ပြည်နယ်ရှိ အချို့သော ဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကြောင့်
ရခိုင်ပြည်နယ်ရှိ အချို့သော ဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျှပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကြောင့်
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2012-06-26
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ရင်းနှီးမြှုပ်နှံဖို့လည်း ဆော်သြလိုက်ပါတယ်။
AFP
ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို
ကချင် ဒုက္ခသည် ပြန်လွှတ်မှု တရုတ်ငြင်းဆို
2012-06-26
ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။မြေသိမ်းခံ လယ်သမားများ မရွှေ့ပြောင်း၍ တရားစွဲခံရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ စီမံကိန်းနယ်မြေအတွင်း ကျရောက်၍ လယ်ယာမြေ
အသိမ်းခံရသော်လည်း ဖယ်မပေးကြ သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊
ရွာသစ်ကျေးရွာရှိ လယ်သမား ၁၂ ဦးအား စည်ပင်သာယာဥပဒေဖြင့်
တရားစွဲဆိုထားကြောင်း သိရသည်။
ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာဟု ရှမ်းမူးယစ်စောင့်ကြည့်ရေးအဖွဲ့ ပြော
ချင်းမိုင်(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များအတွင်
ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေသဖြင့် အစိုးရ၏ မူးယစ်ဆေးဝါး
ပပျောက်ရေးသည်မှာ အတုအယောင်သာ ဖြစ်နေသည်ဟု ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်
လေ့လာရေး အဖွဲ့က ယနေ့ ဇွန် ၂၆ ရက်နေ့မှာ ပြောဆိုလိုက်သည်။
တရုတ်ပြည်ရှိ ကချင်စစ်ပြေးဒုက္ခသည်များ အခက်အခဲ အစီရင်ခံစာ
ဘန်ကောက် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်
ရောက်ရှိနေကြသော မြန်မာနိုင်ငံမှ ကချင် စစ်ပြေး ဒုက္ခသည်များ
ရင်ဆိုင်နေရသည့် အခက်အခဲများကို ရေးသားထားသည့် ‘ယူနန်ပြည်မှာ အထီးကျန်’
Isolated in Yunnan အမည်ရ အစီရင်ခံစာ တစောင်ကို လူ့အခွင့်အရေး
စောင့်ကြည့်ရေးအဖွဲ့ HRW မှ ထုတ်ပြန်လိုက်သည်။
ရွေးကောက် တင်မြှောက်ပုံစနစ် ပြောင်းလဲရန် ၁၀ ပါတီ ဆွေးနွေး
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့်
ရွေးကောက် တင်မြှောက်ပုံ စနစ်သည် မဲဆန္ဒရှင် အားလုံး၏ ဆန္ဒကို ကိုယ်စားမပြုဘဲ
ဖြစ်နေ၍ လာမည့်ရွေးကောက်ပွဲများတွင် ‘အချိုးကျ ကိုယ်စားပြုစနစ်’ကို
ပြောင်းလဲ အသုံးပြုသင့်ကြောင်း အင်္ဂါနေ့တွင် ပြုလုပ်သည့်
ဒီမိုကရေစီမိတ်ဆွေပါတီများ အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF
ပါတီမှ ဦးဆောင်၍ တင်ပြခဲ့သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ ကုန်သွယ်ရေး စာချွန်လွှာပို့
နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန်အတွက်
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ သမဂ္ဂမှ တောင်းဆိုချက် ကိုးချက်ပါသော
စာချွန်လွှာတစောင်ကို မဏိပူရပြည်နယ် ဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေး
ဌာနများသို့ ပေးပို့လိုက်သည်။
ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူ များ၍ ငွေလဲ လှယ်ရေး ကောင်တာ များ စောပိတ်
ငွေလဲကောင်တာ များက ရောင်းချပေး နေသော ငွေလဲနှုန်း ဈေးနှင့် ပြင်ပပေါက် ဈေးတွင် ဖြစ်ပေါ်နေ သော
ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။
ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။
လူငယ် တစ်ဦး အန်ခြင်းနှင့် ၀မ်းသွား ခြင်းတို့မှ ရှစ်ရက် အတွင်း သံချောင်း ၁၂၀ ခန့် ထွက်ကျ လာဟုဆို
လူငယ် တစ်ဦး၏ အန်ခြင်းနှင့် မစင်စွန့် ခြင်းတို့မှ သံချောင်းများ
ထွက်လာသည့် ထူးခြားဖြစ်စဉ် တစ်ခု ရွှေပြည်သာ မြို့နယ်တွင် ဖြစ်ပွားနေ
ကြောင်းသိရသည်။
ဝန်ကြီး ဦးအောင်မင်း တရက်တည်းနှင့် တွေ့ဆုံဆွေးနွေးမှု ငါးခုလုပ်
မဲဆောက်မြို့ပြင်ရှိ မယ်တော်ဆေးခန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီးနောက် ဝန်ကြီး ဦးအောင်မင်းနှင့် ဝန်ကြီး ဦးခင်ရီတို့ ဦးဆောင်သည့် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် Wattana Village Resort တွင် ထိုင်း-မြန်မာ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့ လေးခုအား သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုအများစုမှာ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
နတ်ကာရေလှောင်တမံအတွက် နစ်နာကြေးမရသည့် ကုတ်ယူခံမြေပိုင်ရှင်များရှိနေ
ပျော်ဘွယ်မြို့နယ်
မဲဒီးအုပ်စုတွင် နတ်ကာရေလှောင်တမံတည်ဆောက်စဉ်က ကုပ်ယူထားသည့်
မြေယာများအတွက် လက်ရှိ အချိန်ထိ နစ်နာကြေးမရသေးသော လယ်သမားများရှိနေကြောင်း
ဒေသခံများက ဆိုသည်။
နေပြည်တော် NOCအတွက် အကျိုးတူလုပ်ငန်းရှင်များအား ဆက်သွယ်ရေးမှ ကမ်းလှမ်း
မကြာခင်လပိုင်းအတွင်း
နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center
(NOC)အတွက်အကျိုးတူဆောင်ရွက် လိုသော
ကုမ္ပဏီများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
ပြည်တွင်းရာဘာကုန်ကြမ်းဈေး ကန်ဒေါ်လာ တစ်ရာဝန်းကျင် မြင့်တက်
ဇွန်လကုန်ပိုင်းတွင် ပြည်တွင်းရာဘာကုန်ကြမ်းဈေးနှုန်းများမှာ တစ်တန်လျှင် ကန်ဒေါ်လာတစ်ရာဝန်းကျင်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရှိရသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များနှင့် ၀န်ကြီးဦးအောင်မင်းဘန်ကောက်တွင် တွေ့ဆုံ
လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက နိုင်ငံရေးပါတီအဖြစ် မြန်မာနိုင်ငံတွင်
ရပ်တည်ခွင့်ရရှိရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ဇွန်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Four Wings ဟိုတယ်တွင်
နှစ်နာရီကြာတွေ့ဆုံခဲ့သည်။
ရန်ကုန်တွင် ဗင်၊ မန္တလေးတွင် မတ်တူး အရောင်းသွက်နေ
ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင် ကျပ်သိန်းနှစ်ရာဝန်းကျင် (Van) ဗင်ကားများ ဇွန်လ(၁၅)ရက်ပိုင်းနောက်တွင် ပို၍အရောင်းဝယ်သွက်လာကြောင်း ဟံသာဝတီကားဝင်းရှိ ကားအကျိုးဆောင်များထံမှ သိရှိရသည်။
နိုင်ငံခြားရင်းနီးမြှပ်နှံမှုစုံစမ်းဆဲကာလတွင် ရန်ကုန်အိမ်ခြံမြေဈေး၂၀% ကြိုတင်မြင့်တက်
ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ အိမ်ခြံမြေဈေးကွက်တွင် အိမ်/မြေဈေးနှုန်းများ ၂၀%၀န်းကျင် မြင့်တက် လျှက် ရှိပြီး ရောင်းလိုအားများလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
ထိုင်းယာယီပတ်စ်ပို့လုပ်ပေးမည်ဟုဆိုကာ မြန်မာအချင်းချင်းငွေလိမ်ယူမှုများရှိနေ
ထိုင်းနိုင်ငံတွင်
လက်တလောပြုလုပ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)
ပြုလုပ်မည်ဟုဆိုကာ မြန်မာတိုင်းရင်းသားအချင်းချင်း
ငွေလိမ်လည်ယူဆောင်တိမ်းရှောင်မှုများရှိနေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်
ယာယီပတ်စ်ပို့များအား တစ်ပတ်အတွင်း လက်မှတ်ရမည်ဟုဆိုသဖြင့် ထိုင်းဘတ်ငွေ
တစ်သောင်းခွဲတိတိပေးချေခဲ့သော်လည်း ယခုတိုင်လက်မှတ်မရရှိသေးသည့်အပြင်
ငွေယူသွားသည့် ကယ်ရီသမားမှာလည်း ရှောင်တိမ်းနေကြောင်း မဲဆောက်မြို့တွင်
အလုပ်လုပ်ကိုင်နေသူ ကရင်အမျိုးသမီး နော်အိစိန်က ဆိုသည်။
အဖိုးတန်အမှိုက်ပုံးပျောက်ဆုံးမှုမှာ ကူးပြောင်းဆဲကာလတွင် ဖြစ်သင့်သည့်အခြေအနေမဟုတ်
ရန်ကုန်တိုင်းဒေသကြီးရှိ စည်ပင်သာယာရေး ကော်မတီမှ ရပ်ကွက်များ၌ (၆၆၀)လီတာဆန့် ငွေကျပ် သုံးသိန်း ခွဲတန် အမှိုက်ပုံးများချထားပေးရာ (၅)ရက်အတွင်း အမှိုက်ပုံးအသစ်တစ်လုံးပျောက်ဆုံးသွားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။
မောင်တောမြို့နယ်တွင် နှစ်လအတွင်း တန်ဖိုးနည်းအိမ်ရာအလုံး(၄၀၀)ကျော်ဆောက်မည်
ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်မှမီးလောင်ပျက်စီးသွားသောကျေးရွာများအား
(၂)လ အတွင်း တန်ဖိုးနည်းအိမ်ယာ များပြန်လည် တည်ဆောက်ရန် အစိုးရက
ညွှန်ကြားထားကြောင်း၈၈မျိုးဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်က
သိရှိရသည်။
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၀န်းကျင်မှ ပြန်လည်ကျဆင်းလာ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ဒေသခံများ ဆက်လက်ခိုလှုံ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ် ရေမှတ်ဝန်းကျင်မှ ပြန်လည် ကျဆင်းလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
“အခု ရေပြန်ကျနေပါပြီ။ စိုးရိမ်ရေမှတ်ရောက်ဖို့ စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခု နှစ် ဇွန်လ ၂၆ ရက်နေ့ ည ၉နာရီ ၀န်းကျင်တွင် ပြောကြားခဲ့သည်။
“အခု ရေပြန်ကျနေပါပြီ။ စိုးရိမ်ရေမှတ်ရောက်ဖို့ စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခု နှစ် ဇွန်လ ၂၆ ရက်နေ့ ည ၉နာရီ ၀န်းကျင်တွင် ပြောကြားခဲ့သည်။
မြစ်ကြီးနားမြို့တွင် အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေ၀င်ရောက်နေပြီး ဒေသခံများ ပြောင်းရွှေ့ နေရ

မြစ်ကြီးနားမြို့တွင်း ရေ၀င်ရောက်နေသည်ကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ် (Photo: Dr Kyaw Zaya/ Eleven Media Group)
၁၀ဘီး ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ တစ်ဖက်ယာဉ်ကြောရှိ ကုန်တင် ဒိုင်နာယာဉ်အား ၀င်ရောက်တိုက်မိသဖြင့် ယာဉ်မောင်းတစ်ဦး သေဆုံး

ဝင်ရောက်အတိုက်ခံရသော ကုန်တင်ဒိုင်နာယာဉ်အား တွေ့ရစဉ်
ဒေါ်စုနဲ့ ပြင်သစ်သမ္မတ ပူးတွဲသတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းဒ် တို့အား
ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့ရှိ Elysee Palace အတွင်း တွေ့ရစဉ်။ (ဂျွန်လ
၂၆ ရက်၊ ၂၀၁၂။)
ပြင်သစ်နိုင်ငံကိုရောက်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့
တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ကို အထောက်အကူဖြစ်စေမယ့်
ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ၊
ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် သမ္မတနဲ့ တွေ့မည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
သူ့ရဲ့ခရီးစဉ်နောက်ဆုံးအဖြစ် ပြင်သစ်နိုင်ငံ Paris မြို့တော်မှာ
ရောက်နေပါပြီ၊ ပြင်သစ်ကိုရောက်တဲ့အခါ သမ္မတ Francois Hollande,
နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius တို့နဲ့ တွေ့ဆုံ၊ ညစာစားမှာ
ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ရှိသလို
ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး Sorbonne တက္ကသိုလ်မှာလည်း ကျောင်းသား
ကျောင်းသူတွေနဲ့ အမေးအဖြေ ဆွေးနွေးခန်းတစ်ခု ပြုလုပ်မှာဖြစ်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်ခရီးစဉ်အကြောင်း မစုမြတ်မွန်က
ဆက်ပြောပြပါမယ်၊
နယ်စပ်လူထုအကျိုး မယ်တော်ဆေးခန်း ပြည်တွင်းနဲ့ ပူးပေါင်း ဆောင်ရွက်လို

ဓာတ်ပုံ ASSOCIATED PRESS
နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပြည်ပခရီးစဉ်တွေ သွားလာနိုင်ပြီးတော့
လွှတ်တော် နိုင်ငံရေး မှာလည်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တဲ့အထိ
အပြောင်းအလဲတွေ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ
အတိုက်အခံနိုင်ငံရေးအဖွဲ့တွေနဲ့လည်း အစိုးရက ငြိမ်းချမ်းရေးရဖို့
ကြိုးပမ်းနေတာပါ။
ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ရောက်ရှိ
ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ရောက်ရှိ
2012-06-26
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ ဒီနေ့ ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်း မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ရောက်ရှိခဲ့ ပါတယ်။
AFP
မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ
မြန်မာဘက်ပို့မယ့် လက်နက်မျိုးစုံ ထိုင်းရဲဖမ်းမိ
2012-06-26
မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်းရရှိပါတယ်။
RFA
ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ
ရခိုင်ပြည်နယ် ပဋိပက္ခ သေဆုံးသူ ၇၈ ယောက်ရှိကြောင်း အစိုးရဖော်ပြ
2012-06-26
အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။
US Department of State
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု အစီအရင်ခံစာ ထုတ်ပြန်
ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု အစီအရင်ခံစာ ထုတ်ပြန်
2012-06-26
Shan Drug Watch ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ကနေ ပြုစုထားတဲ့ Win - Win Solution သူနိုင်ကိုယ်နိုင် ဖြေရှင်း မည့် နည်းလမ်း ဆိုတဲ့ ၂၀၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
RFA
ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ အခမ်းအနား ရန်ကုန်မှာကျင်းပ
ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ အခမ်းအနား ရန်ကုန်မှာကျင်းပ
2012-06-26
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ကို “မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ဖို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီကနေ့ အဆိုပြု လိုက်ကြပါတယ်။
RFA
ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ
ယူနန်ပြည်နယ်မှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်နေ
2012-06-26
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တစ်သောင်းလောက်ဟာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ချို့တဲ့နေတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
RFA
Subscribe to:
Posts (Atom)