Wednesday, June 27, 2012

နေပြည်တော် NOCအတွက် အကျိုးတူလုပ်ငန်းရှင်များအား ဆက်သွယ်ရေးမှ ကမ်းလှမ်း

မကြာခင်လပိုင်းအတွင်း နေပြည်တော်တွင် ဖွင့်လှစ်မည့် Network Operation Center (NOC)အတွက်အကျိုးတူဆောင်ရွက် လိုသော ကုမ္ပဏီများအားမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
 

 
“ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ Network ချို့ယွင်းမှုတွေကို လှမ်းကြည့်နိုင်အောင် Network Operation Center တည်ထောင်တာ ဖြစ်တယ်။ ဘယ်ဆက်သွယ်ရေးစခန်းမှာ ဘယ်လိုအမှား (Fault) ဖြစ်နေတယ် ဆိုတာကို စင်တာကနေ လှမ်းကြည့်နိုင်မှာ ဖြစ်တယ်။” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက NOC နှင့်ပတ်သက်၍ ပြောကြားသည်။
 
 
အဆိုပါ Network Operation Centerအား နေပြည်တော်တွင် အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပြီး၊ NOC ၌ တပ်ဆင်မည့် စနစ်များမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လက်ရှိအသုံးပြုလျက် ရှိသော စနစ်များအားလုံးနှင့် တွဲဖက်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း သိရသည်။
 
 
Preliminary Survey for NOC Set-Up and Management Services အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ များအား ပူးပေါင်းဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိတ်ခေါ်ထားပြီး အဆိုပါ လုပ်ငန်းအတွက် Preliminary Surveys Proposal များအား အိတ်ဖွင့်တင်ဒါ ပေးသွင်း ရမည် ဖြစ်သည်။
 
 
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် Network Operation Center (NOC) ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အိတ်ဖွင့် တင်ဒါ ခေါ်ယူခဲ့ကြောင်း ကိုလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။