
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအား တွေ့ရစဉ်
အဆိုပါ စစ်တမ်းကောက်ယူခြင်းကို UNOCHA မှ ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများဖြစ်သည့် UNHCR ၊ NCV ၊ ACF ၊ DRC ၊ Save the children ၊ CDA ၊ UNDP ၊ WFP ၊ AZG ၊ BAJ နှင့် MRCS အဖွဲ့ စုစုပေါင်း၁၁ဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစစ်တမ်းအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇွန်လ၂၇ရက်နေ့မှစ၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားမြို့များတွင်လည်း ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ စစ်တမ်း ကောက်ယူရာ ဒေသများရှိ အထွေထွေ အချက်အလက်များ၊ဒေသဆိုင်ရာအချက်အလက် များ၊လူဦးရေဆိုင်ရာအချက်အလက် များ၊လမ်းပန်းဆက်သွယ်ရေးအခြေ အနေများ၊ အိမ်ထောင်စု အသုံးအဆောင် ပစ္စည်းများနှင့် ခိုလှုံရာ နေရာများ၊ အစားအစာရရှိရေး၊ ရေအ ရင်းအမြစ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေး ၊ပညာရေး၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စသည့် အချက်အလက်များ ကောက်ယူသွားမည်ဖြစ်ပြီး လေ့လာတွေ့ရှိချက်များအပေါ် အခြေခံ၍ ယင်းလူမှုရေး အဖွဲ့အစည်းများမှ ကဏ္ဍ အလိုက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ဇွန်လ၂၆ရက်နေ့က နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။