Wednesday, June 27, 2012

နိုင်ငံခြားရင်းနီးမြှပ်နှံမှုစုံစမ်းဆဲကာလတွင် ရန်ကုန်အိမ်ခြံမြေဈေး၂၀% ကြိုတင်မြင့်တက်

ရန်ကုန်အနောက်ပိုင်းခရိုင်ရှိ အိမ်ခြံမြေဈေးကွက်တွင် အိမ်/မြေဈေးနှုန်းများ ၂၀%၀န်းကျင် မြင့်တက် လျှက် ရှိပြီး ရောင်းလိုအားများလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
 

 
စီးပွားရေးပိတ်ဆို့မှုလျော့ကျလာခြင်းကြောင့်  ကားဈေးနှုန်းများကျဆင်းနေသော်လည်း အိမ်ခြံမြေ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေခြင်း ဖြစ်ကြောင်းနှင့်အိမ်ခြံမြေဈေးကွက်သည် တစ်သောင်းတန် ငွေစက္ကူထွက်ရှိအပေါ် ပတ်သက်မှုမရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာမည် ဖြစ်ခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ် ပြောဆိုကြသည်။
 
 
 “အမတို့ဆီမှာ အရောင်းပိုဖြစ်တယ်။ အခုချိန်မှာ အိမ်ဈေးတွေက အရမ်းတက်တော့ ၀ိတ်လျှော့ ပြီးတော့ ပြောင်းကြ တာတွေရှိတယ်င်္ကြန်တုန်းက ပေနှစ်ဆယ် ပေခြောက်ဆယ်ကို သိန်းရှစ်ရာ ပေါက်ဈေးရှိတယ် အခု သိန်းတစ်ထောင်နဲ့ အရောင်းဝယ်ဖြစ်တယ်။” ဟု အာကာမင်း အိမ်ခြံမြေ အကျိုးဆောင်က ဒေါ်စိုးစိုးက ပြောသည်။
 
 
ပြီးခဲ့သည့် ဧပြီလပိုင်းတွင် ကျပ်သိန်းနှစ်ရာဝန်းကျင်ခန့်ရှိသော အိမ်ခြံမြေဈေးနှုန်းများမှာ ယခုဇွန်လ၌ ကျပ် သိန်းလေးရာဝန်းကျင်ခန့်နှင့် အရောင်းဝယ်ဖြစ်နေသည်။
 
 
တချို့တွေက တောင်ဥက္ကလာမှာသိန်းတစ်ထောင်လောက်နဲ့ရောင်းတယ်။ မြောက်ဒဂုံဘက်မှာ သိန်းငါးရာလောက်နဲ့ ပြန်ဝယ်ပြီး ကျန်တာကို အရင်းနှီးလုပ်ကြတယ် အဲဒါကြောင့် အရောင်းအ၀ယ် ကတော့ ဖြစ်နေတာပဲ။” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုထွန်းသိန်းက ပြောသည်။
 
 
ယခင်က ငွေတိုးပွားချင်သူများသည် ကားအရောင်းအဝယ်လုပ်ကြသော်လည်း ယခုအခါ အိမ်နှင့် မြေကွက်များသာ ပိုမိုဝယ်ယူလာကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
 
 
ယခင် ပေ ၄၀ x ၆၀ ခန့်ရှိ အိမ်ခြံဝင်းများသည် သိန်းတစ်ထောင်ဝန်းကျင်ရှိပြီး ယခုအခါ ကျပ် သိန်းတစ်ထောင့် ငါးရာ  ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
 
 
ရန်ကုန် အနောက်ပိုင်းခရိုင်ရှိ ကားလမ်းမကြီးနှင့် ကျောချင်းကပ် အိမ်ခြံဝင်း ပေ ၄၀x၆၀ အကျယ် အဝန်းရှိ အိမ်ခြံမြေဈေးကွက်မှာ ယခင် သိန်းရှစ်ရာဝန်းကျင်မှ ယခု သိန်းတစ်ထောင်ဝန်းကျင်ဖြင့် အရောင်းဝယ်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။