Wednesday, June 27, 2012

မအူပင်မြို့နယ်မှာ သောင်မြေလု

မအူပင်မြို့နယ်မှာ သောင်မြေလု
ဧရာဝတီတိုင်း မအူပင်မြို့နယ် မီးသွေးချောင်း ကျေးရွာအုပ်စုပိုင် သောင်မြေရဲ့၅၀% ကျော်ကို ရွှေဖလားကျွန်း ကျေးရွာပိုင် ဆိုပြီးတော့
လာရောက် မြေတိုင်း၍ သက်မှတ် သွားတာကြောင့် ဒေသခံ ရွာသားတွေမှာ မကျေ မနပ် ဖြစ်နေ ကြပါတယ်။ ဒေသခံ ရွာသားတွေကို
 တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိပဲ ပန်းတနော်မြို့နယ်နဲ့ မအူပင်မြို့နယ် မြေစာရင်းမှူးတွေ အာဏာပိုင်တွေနဲ့ ရွှေဖလား
ကျေးရွာသားတွေ ပူးပေါင်းပြီး မေလ ၂၅ ရက်နေ့မှာ လာရောက်ပြီး မြေတိုင်း နယ်နမိတ် သက်မှတ် သွားတာပါ။ ဒါ့အပြင် အခု လက်ရှိ
စိုက်ပျိုးထားတဲ့ ဗူးခြံတွေ ဘုံလုံခြံတွေကိုလည်း ဖျက်ပေးဖို့ ပြောဆို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အိမ်ခြေ ၁၀၀၀ ကျော်
ရှိတဲ့ မီးသွေးချောင်း ကျေးရွာအုပ်စုမှ ရွာသူ ရွာသားတွေက အာဏာပိုင်တွေ အနေနဲ့ ဒီသောင်မြေ နေရာတွေကို စနစ်တကျနဲ့ မှန်မှန်
ကန်ကန် ခွဲဝေပေးဖို့ တစ်ပါတည်း တိုက်တွန်း သွားခဲ့ ပါတယ်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။