ထုတ်ပယ်ယာဉ်လုပ်သားများ ကိုယ်တိုင်ခံဝန်ချက်နှင့် ပြန်လျှောက်ထားပါက စိစစ်ပြီး ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
''ထုတ်ပယ်ထားတဲ့ ယာဉ်လုပ်သားတွေကို ဘယ်ယာဉ်လိုင်းမှ ပြန်အလုပ်မခန့ဖို့နဲ့ ခန့်အပ်ထားတာ စစ်ဆေးတွေ့ရှိခဲ့ရင် အဲဒီယာဉ်လိုင်းကို ထိထိရောက်ရောက် အရေးယူဖို့ ညွှန် ကြားထားပါတယ်။ ဒါပေမဲ့ ထုတ်ပယ် ယာဉ်လုပ်သားတွေက ပြန်လည် လုပ်ကိုင်လိုကြောင်း လျှောက်ထားမှုတွေရှိတဲ့အတွက် ယာဉ်လုပ်သား ပြန်လည်ခန့်ထားရေးအဖွဲ့နဲ့ စိစစ်ပြီး ဆုံးဖြတ်ပါတယ်။ အချို့က ရဲစခန်း(သို့) တရားရုံးကပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတာ မဟုတ်ပေမယ့်လည်း ပြစ်ဒဏ်အပေါ် နောင်တရရှိကြောင်း၊ မိသားစုစား ၀တ်နေရေး အခက်အခဲကြောင့် ပြုပြင်သွားပါမယ်ဆိုတဲ့ ကိုယ်တိုင်ခံဝန်ချက်နဲ့ ပြန်လျှောက်ကြမယ်ဆိုရင် စိစစ်ပြီး ခန့်အပ်သွားမှာပါ။ အခုလည်း ထုတ်ပယ်ထားတဲ့ ယာဉ်နောက် လိုက်တစ်ဦးကို သေချာစိစစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အလုပ်ပြန်ခန့်ထားတယ်'' ဟု မထသ (ဗဟို)မှ အတွင်းရေးမှူးဦးဘမြင့်၏ ပြောကြားချက်အရ သိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။