Wednesday, June 27, 2012

စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာနှင့် သွင်းအားစုများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်အား ကင်းလွတ်ခွင့်ပြုမည်ဟု သိရ

တောင်သူအများစု အရစ်ကျစနစ်ဖြင့် ဈေးမြှင့်ပေးကာ ၀ယ်ယူအသုံးပြုနေရသော လက်တွန်းထွန်စက်
စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာနှင့် သွင်းအားစုများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ကင်းလွတ်ခွင့်ပြုကြောင်း အမိန့်ကြေငြာချက် ထုတ်ပြန်ထားသည်ဟု နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

စိုက်ပျိုးရေးလုပ်ငန်း၏ သွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး၊ လယ်ယာသုံး စက်မှုပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ ထုတ်လုပ်မှု၊ တင်သွင်းမှုများအပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်အား ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။
''ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးကိရိယာ၊ လယ်ယာသုံး စက်မှုပစ္စည်း(လယ်ထွန်စက် အပါအ၀င်) တွေအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုတဲ့ အမိန့်ကြေငြာချက် ထွက်တာပါ။ အဲဒီပစ္စည်းတွေ ထုတ်လုပ်မှု၊ တင် သွင်းမှုအပေါ်မှာ ကောက်ခံတဲ့ ကုန်သွယ်လုပ်ငန်းခွန် လျော့ပေါ့ပေးတာပါ''ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက ဆိုသည်။
ယခု အခွန်လျော့ချပေးသည့် ပစ္စည်းများမှာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် ကုန်ကျစရိတ် အများဆုံးအဖြစ် ထည့်သွင်းနေရသည့် သွင်းအားစုနှင့် ကိရိယာများဖြစ်ကြောင်း၊ ထိုသို့ လျော့ချပေးသည့်အပေါ် အဆိုပါ ကုန်စည်နှင့် စက်ကိရိယာများ တင်သွင်းသည့်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဈေးနှုန်းသင့်တင့်စွာဖြင့် ပြန်လည်ဖြန့်ဖြူး ရန်လိုသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။