Sunday, January 27, 2013

အမေများနေ.အမှတ်တရလေးပေါ.

*** အ မေ ဆို တာ ***


အ မေ ဆို တာ.....
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?                          
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏ ။

အ မေ ဆို တာ.....
ပ ညာ ရှိ သူ
မ ရှိ သူ...
လှ သူ , ချော သူ
ရုပ် ဆိုး သူ...နှင့်
မွဲ သူ , ဌေး သူ
ပိန် သူ , ဝ သူ
ပု သူ , ရှည် သူ
ဘယ် သူ ? ဘယ် ဝှာ ?
သာ , နာ , ယုတ် , မြတ်
သတ် မှတ် မ ခွဲ
လူ ထဲ သူ နေ
လူ တွေ မွေး ၏.....

မွေး ခဲ့ , မွေး ဆဲ
မွေး မြဲ , မွေး မယ်
ဘယ် လို နေ နေ
ကိုယ့် အ မေ ။

အ မေ ဆို တာ.....
သေ ရွာ ကို...လှမ်း
သေ လမ်း ကို...နင်း
သေ မင်း ခေါ် ရာ
သေ မှာ မ ကြောက်
သေ လမ်း လျှောက် လျက်
ဗိုက် ပေါက် လု ငြား
လွယ် ၍ ထား သည့်
ကြီး မား လေး လံ
ကိုယ် ဝန် ဒဏ် ကို
အ မှန် သည်း ခံ
သူ ပြု ကြံ ၏....

ပူ ငံ စပ် ခါး
ရှောင် ရှား နေ့ ည
အ စား က ပျက်
အ အိပ် ခက် ဖြင့်
ခြေ လက် ကိုယ်...ရောင်
ဖော ပြောင် ကိုက် ခဲ
ဆင်း ရဲ နေ့ ည
ခံ စား ရ ရင်း
ကိုး လ လွယ် ထား
ဆယ် လ ဖွား ၍
လူ သား က လေး
မွေး ပေး ၏.....။

သင် နှင့် ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် မှာ ပြန် ကြည့်
ခု ကြည့် ပါ လေ.....

သင် မြင် သည့် လူ
မှန် ထဲ လူ ကို
ဘယ် သူ က မွေး
ပြန် မေး ပါ လေ.....

အ မေ , အ မေ
အ မေ တွေ လေ.....

သေ ချာ ပြန် မေး ?
ဘယ် သူ မွေး လို့ ?

မွေး မေ , ကျွေး မေ
ကျုပ် အ မေ ဗျ.!!!!

အ မေ... , အ မေ...
အ မေ က မွေး
အ မေ ကျွေး လို့
လူ လေး , လူ မယ်
လူ ရွယ် , လူ မ
လူ ဖ , လူ ကြီး
အ သီး သီး ဖြစ်
နှစ် တွေ က ကြာ
လူ့ ရွာ က မ္ဘာ
စည် ကား ပါ ရဲ့.....

လာ တဲ့ လူ လဲ
လာ ဆဲ ပဲ...ဟဲ့ !
သွား တဲ့ လူ လဲ
သွား ဆဲ ပဲ...ဟဲ့ !
ဘာ နဲ့ လာ လာ
ဘာ နဲ့ သွား သွား
လူ သား လူ့ ရွာ
လူ့ က မ္ဘာ မှာ
မာ တာ "မိ ခင်"
မ ရှိ ရင် တော့
သင် နဲ့ ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် ထဲ ကြည့် ခွင့် မ ရ နိုင်...။

အ မေ ဆို တာ
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏...။

" အ မေ " ဆို တာ.....
" အ မေ " ပါ လေ.....။ ။

ကျော်မိုး ( စကားဝါမြေ )

၁၃၇၄ ခု၊ ပြာသိုလပြည့်နေ့ ( အမေနေ့ )
အမေများကို ဦးခိုက်ပါ၏။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်



2013-01-27
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ တစ်ချို့အချက်တွေဟာ ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတာကြောင့် ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြင်ဆင်နိုင်မယ်လို့လည်း မိမိအနေနဲ့ မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ဆွေးနွေး



2013-01-27
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရွှေလီလမ်းမှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး (၃) ဦးနဲ့ လူမှုကူညီရေးအဖွဲ့အစည်းများတွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်ရှိရင် လွှတ်တော်မှာတင်ပြဆွေးနွေးပြီး ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပူတာအိုမှာ ဆန်၊ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း ထိုးတက်နေ



2013-01-27
မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲမှာ ဒေသ မတည်ငြိမ်တဲ့အတွက် အခုရက်ပိုင်းအတွင်း အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရှားပါးပြတ်လတ်နေပြီး ဈေးနှုန်းတွေလည်း အဆမတန် ကြီးမြင့်နေတယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ



2013-01-27
ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ဝေဇယန္တာလမ်းမရဲ့ ဘေးဖက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေး မြေကွက် အပိုင်း(၁)၊ (၂)၊ (၃)ကို ၁၉၉၂ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံထားရတဲ့ ဒေသခံ(၅၀၀)ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဆန္ဒဖော်ထုတ်သူတွေဟာ "ငါတို့မြေ ငါတို့ကို ပြန်ပေး၊ လူ့အခွင့်ရေး တန်းတူပေး၊ ပြည်သူရဲ့အသံ အမှန်နားထောင်ပေး"ဆိုတဲ့  စာတန်းတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဝေဇယန္တာလမ်းနဲ့ ပြည်သာယာလမ်းဆုံမှာ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
ဒီကနေ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေဆီမှာ ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ဆန္ဒပြမယ့် ဝေဇယန္တာလမ်းမကို ပြုပြင်နေတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ မဖြစ်ပွားအောင် ပြုလုပ်ခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

NLD ပညာရေးကွန်ရက် မဲဆောက်မြို့က မြန်မာစာသင်ကျောင်းတွေကို လှူဒါန်း



2013-01-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တဝိုက်မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေအတွက် အလှူငွေကျပ် ၁၂၈ သိန်း ကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ မြဝတီမြို့က မြဝတီဟိုတယ်မှာ အခမ်းအနားကျင်းပပြီး ပေးအပ်ခဲ့ပါတယ်။

ကချင်စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် လမ်းလျှောက်သူတွေကို ခံဝန်လက်မှတ်ထိုးခိုင်း



2013-01-27
ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့အတွက် စုပေါင်းလမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေး လိုလားသူတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ပဲခူးတိုင်း ဖြူးမြို့နယ် အရောက်မှာ ဒေသခံ အာဏာပိုင်တွေက ဆန္ဒပြတဲ့အသွင်မဆောင်ဘဲ ခရီးသွားတဲ့ပုံစံနဲ့ပဲ သွားလာကြဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ပါတယ်။
ဖြူးမြို့နယ်ကို ဖြတ်သန်းတဲ့အခါ အလံတွေမကိုင်ဆောင်ကြဖို့နဲ့ ကြွေးကြော်သံတွေ မပြုလုပ်ဖို့အတွက် ဒေသခံ အာဏာပိုင်တွေက ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့တာပါ။
အဲ့ဒါကြောင့် မြို့ကို ဖြတ်သန်းခွင့်ရရှိအောင် ခံဝန်လက်မှတ် ရေးထိုးခဲ့တယ်လို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာ ပါဝင်တဲ့ ဦးဇင်ကိုကိုက RFAကို ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် သတ္တိနဲ့ ကရုဏာတရား လိုအပ်



2013-01-27
ငြိမ်းချမ်းရေးအတွက် သတ္တိနဲ့ကရုဏာတရား လိုအပ်ပါတယ်လို့ အမေရိကန် ပြည်ထောင်စု အနောက်ခြမ်း ပစိဖိတ်ဒေသ ဟာဝိုင်ယီကျွန်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်က မနေ့ က ပြောကြားလိုက်ပါတယ်။

မောင်တောဒေသမှာ လုံခြုံရေးတပ်တွေ တိုးမြှင့်ချထား



2013-01-27
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က အစိုးရ GE စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ပိုင် ကားတစ်စီးကို ဘင်္ဂလားဒေရှ့်အခြေစိုက် လက်နက်ကိုင်တစ်ချို့က မီးရှို့ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဖက်က ဘင်္ဂလားဒေရှ့်-မြန်မာ နယ်စပ် တစ်လျှောက်မှာ လုံခြုံရေးတပ်တွေကို တိုးမြှင့်ချထားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

သက်တမ်းလွန်ယာဉ်များကို သက်တမ်းတိုးပေးနေဟု ဝန်ကြီးပြော

ရန်ကုန် (မဇ္ဈိမ)။   ။ မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ် မကျော်သည့် သက်တမ်းလွန် ယာဉ်များကို သက်တမ်းတိုးပေးနေသည်ဟု ဝန်ကြီးက ဆိုသည်။

"မှတ်ပုံတင်သက်တမ်း သက်တမ်း တဆက်တည်း ၅ နှစ် မကျော်လွန်တဲ့ ယာဉ်တွေကိုသာ ယာဉ်စစ်ဆေးပြီး မှတ်တမ်း မှန်ကန်ပါက သက်တမ်းတိုးခြင်း၊ ပိုင်ရှင်ဆန္ဒအရ ယာဉ်ဟောင်း အပ်နှံဖျက်သိမ်းခြင်းနှင့် အစားထိုးယာဉ် တင်သွင်းခြင်းတွေကို စီမံချက် စတင်ချိန်မှ စပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်" ဟု ဇန်နဝါရီလ ၂၅ ရက်
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဇေယျာအောင် က ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်၊ မော်တော်ယာဉ် နည်းဥပဒေများတွင် မှတ်ပုံတင်သက်တမ်း တဆက်တည်း ၅ နှစ်ကျော် ပျက်နေသော ယာဉ်များသည် မှတ်ပုံတင် အလိုအလျောက် ပျက်ပျယ်စေရမည်၊ မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းရမည် စသည်ဖြင့်
ပြဋ္ဌာန်းပါရှိသည်ဟု ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ၁၉၄၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မှတ်ပုံတင်သက်တမ်း ၅ နှစ်ကျော် နှစ်ပြတ်သဖြင့် မှတ်ပုံတင် ဖျက်သိမ်းပြီးယာဉ် ၁၂,၂၆၈ စီး ရှိပြီးဖြစ်ကြောင်း သိရသည်။

အိန္ဒိယမှ မြန်မာ အကျဉ်းသား လေးဦး ပြန်ပို့ရန် စီစဉ်

နယူးဒေလီ (မဇ္ဈိမ)။   ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားရှိ ပြုပြင်ရေးဌာနများတွင် ထားရှိ
သော မြန်မာ အကျဉ်းသား လေးဦးအား နေရပ်ရင်း ပြန်ပို့နိုင်ရန် ပြည်နယ်၏ ပြည်ထဲရေးဌာနက ဗဟိုအစိုးရကို
တောင်းဆိုထားသည်။ 

မြန်မာ၊ ယူကရိန်း၊ လီဆိုသိုနှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှ အကျဉ်းသား ရှစ်ဦးမှာ ၎င်းတို့၏ ပြစ်ဒဏ်များကို အပြည့်အဝ ကျခံကြပြီးဖြစ်ကာ နေရပ်ရင်း မပြန်နိုင်ဘဲ အချို့မှာ ၁၀ နှစ်ခန့် ဆက်လက် ချုပ်နှောင်ခံနေကြရဆဲ
ဖြစ်ကြောင်း The Statesman သတင်းစာက ရေးသားထားသည်။ 

၎င်းတို့ မည်သည့် အမှုများဖြင့် အပြစ်ပေးခံခဲ့ရကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။ 

မြန်မာ တဦးအပါအဝင် သုံးဦးမှာ ၂၀၀၂ ခုနှစ်ကတည်းက ပြစ်ဒဏ်ပြီးမြောက် ကျခံပြီး ဖြစ်ကာ ကျန်လူများမှာလည်း လွန်ခဲ့သော ၅ နှစ်အတွင်း ပြစ်ဒဏ် ပြီးမြောက် ကျခံခဲ့ကြပြီးဖြစ်၍ ဗဟိုပြုပြင်ရေးဌာန ၃ ခုတွင် နေထိုင်နေကြရ
သည်။ 

"အဓိက ဒုက္ခက သူတို့ရဲ့ နေရပ်လိပ်စာတွေကို အထောက်အထား မပြနိုင်တာပဲ" ဟု ပြန်လည်ပြုပြင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာန၏ အရာရှိတဦးက ဆိုသည်။ 

အဆိုပါ ပြုပြင်ရေးဌာန ၃ ခုတွင် နိုင်ငံခြားသား ၂,၅၀၀ ခန့် ထားရှိကာ ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂,၂၀၀၊ ပါကစ္စတန်မှ ၁၀ ယောက်နှင့် ကျန် ၃၆ ယောက်မှာ ယူကရိန်း၊ နိုက်ဂျီးရီးယား၊ တောာင်အာဖရိက၊ လီဆိုသိုနှင့် မြန်မာနိုင်ငံသားများဟု သိရသည်။

ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်များ ရေတိုက်စားမှုကြောင့် လူတထောင်ကျော် နေစရာပျောက်

ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်တို့တွင် ရေတိုက်စားမှုများကြောင့် မြစ်ကမ်းများ ပြိုကျကာ နေအိမ်များ ပျက်စီးလာ
သည့်အတွက် မြစ်နှင့်နီးသော ဒေသများရှိ လူခြေတထောင်ကျော်ခန့် နေထိုင်စရာ ပျောက်ခဲ့သည်ဟု အလုပ်သမားအရေးနှင့် ပတ်သတ်ပြီး အဆိုပါဒေသတွင် ဆောင်ရွက်နေသူ ကိုချစ်ဦးမောင်က ပြောသည်။

တိုက်ကြီးမြို့နယ်ရှိ ကြွေပုဂံချောင်း ကျေးရွာ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ (ည) ရပ်ကွက် အုပ်စု
ရှိ ရွာမရပ်ကွက် နှင့် ဆိပ်ကမ်းသာ ရပ်ကွက်တို့ တွင် ရေတိုက်စားမှုကြောင့် နေထိုင်ရေး အခက်တွေ့နေသည်ဟု ထိုဒေသများသို့ သွားရောက်သည့် လူမှု အဖွဲ့အစည်းများမှ ပြောသည်။

"မြစ်ရေ တိုက်စားမှုကြောင့် အဖျောက်က မြစ်ကမ်းပါးတွေဟာ တရက်ကို ၅ ပေ လောက် ပြိုကျနေတယ်။ သိမ်ဇရပ်
ဘက်မှာလည်း အဲလိုပဲ။ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းတဲ့ အပြင်နေစရာပါ ပျောက်နေရတယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုချစ်ဦးမောင်က ပြောသည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ကြွေပုဂံချောင်း ကျေးရွာတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် အိမ်ထောင်စု ၁၆၅ စု ၊ နှင့် မွန်ပြည်နယ် သိမ်ဇရပ်ကျေးရွာ အုပ်စု ရွာမရပ်ကွက်နှင့် ဆိပ်ကမ်းသာရပ်ကွက် တို့တွင် စစ်တောင်း
မြစ်ရေ တိုက်စားမှုကြောင့် အိမ်ထောင်စု ၁၆၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကိုချစ်ဦးမောင်က ပြောသည်။

"ကျွန်မတို့ အခုရေထိန်းတာဘောင်ဘေးမှာ တဲထိုးနေရပါတယ်။ စားဝတ်နေရေး ခက်ခဲတဲ့အပြင် နေရေးပါ အခက်
တွေ့နေရပါတယ်။ လာကူညီမဲ့လူလဲ မရှိတော့ ကျွန်မတို့ အရမ်းအားငယ်နေရပါတယ်" ဟု အဖျောက်ကျေးရွာ
ဒေသခံ မခိုင်လွင်က ပြောသည်။

အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် ဒေသခံများ နေထိုင်ရေးခက်ခဲလာမှုနှင့် ပတ်သတ်၍  အဆိုပါ ဒေသများတွင်
ကျေးရွာဖွံ့ဖြိုးရေး ကော်မတီများ ဖွဲစည်းထားကြောင်း သိရသည်။

ထိုသို့ ရေတိုက်စားမှုများသည် မြစ်အတွင်းမှ သဲကျောက်များ များပြားလာခြင်းကြောင့် ဖြစ်သည်ပာု သဘာဝ
ပတ်ဝန်းကျင် ပညာရှင် ဒေါ်ဒေ၀ီသန့်ဇင် က ပြောသည်။

"ဒီလို မြစ်ရေတိုက်စားမှုတွေကို ကာကွယ်ချင်ရင် မြစ်ကမ်းနံဘေးမှာ ၀ါးပင်စိုက်သင့် ပါတယ်။ ဒီလိုဆိုရင် နည်းနည်း
သက်သာတာပေါ့ ။ "ပာု ဒေါ်ဒေ၀ီသန့်ဇင် က ဆက်လက်ပြောသည်။

အဆိပ်ခတ်မှု သတင်း မမှန်ဟု ရခိုင်ပြည်နယ် အစိုးရဆို