Sunday, January 27, 2013

လူနေသိပ်သည်း နေရာများကို ဦးစားပေးလမ်းများအဖြစ် ဆောင်ရွက်မည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့တွင်း ခရီးသည်များ အချိန်ကုန် သက်သာစေပြီး ခရီးသည်များကို အချိန်နှင့်တပြေးညီ သယ်ပို့နိုင်ရန်အတွက် လူနေသိပ်သည်းမှု အချက်အချာကျသည့် နေရာများကို ဦးစားပေး လမ်းများအဖြစ် ဆောင်ရွက်
သွားမည်ဟု ဝန်ကြီးက ပြောသည်။

"ရန်ကုန် မြို့ပတ်ရထား အပါအဝင် ယာဉ်လိုင်းများ ထူထောင်ရန်နှင့် အများပြည်သူသုံး ပို့ဆောင်ရေးစနစ်ကို
မြှင့်တင်ရန်အတွက် Greater Yangon Development Plan မှာ မြို့ပြ ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်း
အစီအစဉ်များကို JICK နှင့် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဇေယျာအောင် က ပြောကြားသွားခြင်း ဖြစ်
သည်။

ယင်း Greater Yangon Development Plan တွင် စီးပွားရေးဇုန်၊ စက်မှုဇုန်၊ ရုံး၊ ကျောင်း၊ ဈေး စသည့် လူနေ
သိပ်သည်းမှု အချက်အချာကျသည့် နေရာများအား ဦးစားပေး လမ်းကြောင်းများ ရွေးချယ်သတ်မှတ်ပြီး ကွန်ယက်
ရေးဆွဲကာ ဘတ်စကားယာဉ်ကြောများ သီးခြားသတ်မှတ်၍ ခရီးသည် ပို့ဆောင်ခြင်းစနစ်၊ ရထားဖြင့် ခရီးသည် ပို့ဆောင်ခြင်းစနစ် (MRT) နှင့် ကားနှင့် ရထား ပူးပေါင်း၍ ခရီးသည်ပို့ဆောင်ခြင်း (Integrated Transport System) စသည့် စနစ်များအနက် တခုချင်း သော်လည်းကောင်း၊ ပူးတွဲ၍သော်လည်းကောင်း၊ ဆက်စပ်ပေါင်းကူး၍ သော်လည်း
ကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာငွေ သုံးစွဲမှုတို့အပေါ်အခြေခံ၍ ဦးစားပေး အလိုက် ဆောင်ရွက်သွားမည်ဟု ဆို
သည်။

"မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးရေးအတွက် ကုန်လမ်း ပို့ဆောင်ရေး၏ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ အကျိုးတူ ဆောင်ရွက်ဖို့ ဆွေးနွေးဆောင်ရွက်နေဆဲပါ" ဟု ဝန်ကြီးက ဆက်လက်ပြောကြားသွားသည်။

ထို့အပြင် မြို့ပတ်ရထား ပါဝင်သော ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံချက် မပြီးမီ မြို့ပတ်လမ်း ကြံ့ခိုင်ရေးအတွက်
ကျောက်များချခြင်း၊ ကွန်ကရစ်ဇလီဖားများ အစားထိုးခြင်း၊ ခံနိုင်ရည် အားနည်းသော သံလမ်းများအား အစားထိုး
လဲလှယ်ခြင်း၊ မြို့ပတ် ရထားတွဲများ အားလုံး ဆေးသုတ်ခြင်းနှင့် ထိုင်ခုံပုံစံ ပြောင်းခြင်း၊ မြို့ပတ်ဘူတာ အားလုံး သပ်ရပ်လှပရေးအတွက် မွမ်းမံ ပြုပြင်ခြင်း၊ ပလက်ဖောင်းများ အသစ်ခင်းခြင်း၊ ရထားလမ်း နယ်နိမိတ် ခြံစည်းရိုး ကာရံခြင်း၊ လူကူး ခုံးတံတားများ ပြုပြင်ခြင်း၊ ရထားနှင့် ကားလမ်းကူးရှိ ဂိတ်တံခါးနှင့် ရထားလမ်းများအား ပြုပြင်
ဆောင်ရွက်ခြင်းတို့ကို အဆင့်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။