အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Thursday, May 3, 2012
အမြင်မတူတာတွေကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်
ထိုင်း K-Bank နှင့် မြန်မာ AGD ဘဏ် ငွေလွှဲလုပ်ငန်း လုပ်မည်
ထိုင်း K-Bank နှင့် မြန်မာ AGD ဘဏ် ငွေလွှဲလုပ်ငန်း လုပ်မည်
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စွာ ငွေလွှဲနိုင်ရန်အတွက် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက်(AGD) သည် ထိုင်းနိုင်ငံ K-Bank (Kasikorn Bank) နှင့် ငွေလွှဲလုပ်ငန်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရသည်။ လုပ်ငန်း ပူး ပေါင်း ဆောင်ရွက်မည့် သဘောတူစာချုပ်ကို မေလ ၈ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ အလိုရှိသည့် မူးယစ်ရာဇာများသတင်းနှင့်ပတ်သက်၍ ကလို့ထူးဘော ကရင်အမျိုးသားတပ်မတော်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်

ပုဇွန်တောင်မြို့နယ် သီတာဓာတ်အားခွဲရုံတွင် မီးလောင်မှုဖြစ်ပွား

စစ်ပြေးဒုက္ခသည်များကို ကုလကူညီမည့်အပေါ် KIO ကြိုဆို
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်
ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များကို ကုလသမဂ္ဂက အကူအညီများ
ဆက်လက် ပေးမည်ဆိုသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏
ပြောဆိုချက်အား ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) က ကြိုဆိုလိုက်သည်။

လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)
NLD လွှတ်တော်အမတ်တွေ မူလရပ်တည်ချက် ဆက်လက်ဆုပ်ကိုင်သွားမည်
အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအတိုင်း
ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပါတီရဲ့ မူလရပ်တည်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင် သွားကြမယ်လို့ NLD
လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ ကျမ်းသစ္စာ
မြန်မာပြည် လျှပ်စစ်မီး ဘယ်လိုထုတ်မှာလဲ
သမ္မတ ဦးသိန်းစိန် အစိုးရက စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၄
နာရီမီးပေးနိုင်ရေး ကြိုးပမ်းနေကြသော်လည်း မန္တလေးမြို့နှင့်
တခြားသောမြို့ကြီးများတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု
ပိုမိုဆိုးရွားလာနေသည်။
ကျောင်းပြောင်းလက်မှတ်
![]() |
အ.ထ.က (၅) ဗိုလ်တထောင် |
၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကျောင်းပြောင်းလက်မှတ်များ
အခုရက်ပိုင်းအခြေခံပညာအထက်တန်းကျောင်းတွေမှာ ကျောင်းသားမိဘ၊ အုပ်ထိန်းသူတွေ ကျောင်းပြောင်းလက်မှတ် အလျင်အမြန် ရယူနိုင်ဖို့ကြိုးစားနေတဲ့မြင်ကွင်းက အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် အထူးအံ့သြစရာတစ်ခုအဖြစ်တွေ့ရပါတယ်။
ပဲခူး တရားသူကြီး ဇနီးကို အမှုဖွင့်၊ တရားခံပျောက်ဆုံးနေဟု ရဲကပြော
အိမ်အကူအလုပ်သမ မအေးယုအောင်အား မီးပူဖြင့် လက်ရောက် ကျူးလွန်ခဲ့သည်ဟု
စွပ်စွဲခံထားရသော ပဲခူးမြို့ ဒုတိယ မြို့နယ် တရားသူကြီး၏ ဇနီး
ဒေါ်ဖြူဝင်းသက်ကို ကာယကံရှင်များက အမှုဖွင့် တိုင်ကြားထားသော်လည်း တရားခံမှာ
ပျောက်ဆုံး နေကြောင်း ရဲကပြောသည်။

မအေးယုအောင် (၀ဲဘက်)နှင့် မိခင် ဒေါ်ကြူကြူ (ယာဘက်) (ဓာတ်ပုံ - ဧရာဝတီ)
ရေတပ်မှ သိမ်းထားသော နယ်မြေ ဖြတ်သန်းလျှင် ပစ်ခတ်မည်ဟု သတိပေး
ဓည၀တီ ရေတပ်စခန်းမှ ပြည်သူများပိုင်သော မြေကို
သိမ်းယူသည်သာမက ယခုအခါ ၎င်းမြေပေါ်သို့ တက်ရောက်သူ မည်သူကို မဆို
(ကျွဲ၊နွားများ ) အပါအ၀င် ပစ်ခတ် ဖမ်းဆီးမည်ဟု အမိန့်ထုတ်ထားကြောင်း
ကျောက်ဖြူ ဒေသခံများက ပြောသည်။
ဧက ၁၀၀ ခန့်ရှိသော ကျောက်ဖြူမြို့နယ်
ကလန်းတဲ ကျေးရွာအုပ်စုမှ လယ်သမားများ စုပေါင်း ပိုင်ဆိုင်သော
စားကျက်မြေကို သိမ်းယူပြီး ၁၀ နှစ်ခန့်အကြာတွင် ယခုကဲ့သို့
အမိန့်ထုတ်လာခြင်း ဖြစ်သည်။

ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ
ထိုင်းဘုရင် လေတပ်မှ လေယာဉ်တစ်စီး ယမန်နေ့က
ဒက္ကားလေဆိပ်သို့ အဆင်းတွင် လမ်းချော်သွားသဖြင့် လေယာဉ်ပေါ်တွင်
လိုက်ပါလာသူများထဲမှ အရာရှိ (၃) ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။
ထိုင်း စစ်ဘက်ဆိုင်ရာ အရာရှိ ၈ ဦးနှင့်
လေယာဉ်အမှူးထမ်း ၇ ဦးကို တင်ဆောင်လာသော ထိုင်းလေတပ် လေယာဉ်သည် ယမန်နေ့
နံနက် ၈နာရီ မိနစ် ၅၀ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမြို့တော် ဒက္ကားရှိ
Shahjalal နိုင်ငံတကာ လေဆိပ်သို့ အဆင်း၌ လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

နယ်စပ် စီးပွားရေးဇုံများ မရှိ၍ မြန်မာ ကုန်များ မှောင်ခိုတင်ပို့ရာမှ ဖမ်းဆီးခံ
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ကုန်သွယ်ရာတွင်
မြန်မာဘက်မှ နယ်စပ်တွင် စီးပွားရေး ဇုံများကို စနစ် တကျ ဖွင့်လှစ်
ဖေါ်ဆောင်ပေးခြင်း မရှိသဖြင့် မှောင်ခို လမ်းကြောင်းမှ တဆင့်
တဘက်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေကြရာ မြန်မာ ကုန်ပစ္စည်းများ
မကြာခဏ ဖမ်းဆီး ခံနေရကြောင်း သတင်း ရရှိသည်။
" ကျွန်တော်တို့ဆီက ပစ္စည်းတွေကို
ဘင်္ဂလာဒေခ်ျ့ကို တင်ပို့တဲ့ နေရာမှာ တရားဝင် တင်ပို့ ရောင်းချနိုင်တဲ့
နယ်စပ် စီးပွားရေးဇုံလို မျိုး မရှိတဲ့ အတွက် အိမ်မွေး တိရစ္ဆာန်တွေ
အပါအ၀င် သစ်တောထွက် ပစ္စည်းတွေကို တရားမ၀င် လမ်းကြောင်းကနေ ဘင်္ဂလာဒေခ်ျ့ကို
မှောင်ခို တင်ပို့နေကြရပါတယ်။ အဲသလို တင်ပို့တဲ့ အခါ ဘင်္ဂလာ အာဏာပိုင်တွေက
ကြည်ဖြူရင် ဘာမှ ပြဿနာ မရှိဘူး။ မကြည်ဖြူဘူး ဆိုရင် ကုန်တွေကို
ဖမ်းဆီးတာတို့၊ လူတွေကို ထောင်ချတာတို့ မကြာခဏ ဖြစ်နေပါတယ်" ဟု နယ်စပ်တွင်
စီးပွားရေး လုပ်ကိုင်နေသူ ဦးကျော်ရွှေက ပြောသည်။

ကော့မှူးတွင် အခမဲ့ကွန်ပျူတာသင်တန်းပေးမည့် ဘလော့ဂ်ဂါ နေဘုန်းလတ်
ဘေလာ့ဂ္ဂါ
နေဘုန်းလတ်က မေလ စနေ၊ တနင်္ဂနွေနေ့များတွင် နှစ်ရက်အကြာ
ကော့မှူးမြို့နယ်တွင် ကွန်ပျူတာသင်တန်း အခမဲ့သင်ကြား မည်ဖြစ်ကြောင်း
သိရှိရသည်။
“လူတွေကအင်တာနက်
သုံးတတ်လာတဲ့အခါမှာနည်းပညာကို အသုံးချတတ်လာတဲ့အတွက် ကိုယ့်
ပတ်ဝန်းကျင်ကိုယ့်ရဲ့နိုင်ငံကို အကျိုးအတွက်ပဲဖြစ်ဖြစ် တခုခုပေါ့
နည်းပညာကို အသုံးပြုပြီး သုံးတတ်လာဖို့ ရည်ရွယ်တာပါ။” ဟု
ဘလော့ဂ်ဂါဦးနေဘုန်းလတ် ကပြောသည်။
ကြွေးဟောင်းကျေမှ မြန်မာကို ADB ငွေချေးမည်
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ အခြေခံယန္တရား
အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ အစိုးရက
နိုင်ငံတကာကို မေတ္တာရပ်ခံနေချိန်မှာပဲ ဖိလစ်ပိုင် အခြေစိုက် ADB
လို့ခေါ်တဲ့
ခရစ်ယာန် သုသာန် မပြောင်းရွှေ့ ဖို့ ဆန္ဒဖော်ထုတ်ပွဲ
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့နယ်စည်ပင်သာယာက ခရစ်ယာန် ဘာသာဝင်အများစုရဲ့ ရုပ်ကြွင်းတွေကိုမြေမြုပ်နှံတဲ့
စံသာသုသာန်ကို ဒိုးဝိုင်းချောင်း သုသာန်တည်ရှိရာကို တလအတွင်း
ပြောင်းရွှေရရမယ်လို့ ဧပြီလဆန်းက ကြေညာချက်ထုတ်ခဲ့ပါတယ်၊ ဒါကြောင့်
စံသာသုသာန်မှာရှိတဲ့ အထိမ်းအမှတ်အုတ်ဂူတွေကို ပြောင်းရွှေ့ခြင်း
မပြုဖို့အတွက် ခရစ်ယာန် ဘာသာဝင် တွေက ဒီကနေ့မနက် (၇) နာရီမှာ
ဆန္ဒဖော်ထုတ်ပွဲ
ပြုလုပ်ခဲ့ပါ တယ်၊
ပြုလုပ်ခဲ့ပါ တယ်၊
သံရုံးအချို. နေပြည်တော် ပြောင်းမည်
ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images) |
ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အစ်ကိုဦးနေအောင် နေထိုင်ခဲ့တဲ့ အိမ်မှာ အဖွဲ့ ချုပ်ဆိုင်းဘုတ်တင်
ပြီးခဲ့တဲ့ ဧပြီလ၂၆ရက်နေ့ က မကွေးတိုင်း နတ်မောက်မြို နယ် ဖုန်းတော်ပြည့်
ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း
အနားတခုပြုလုပ်ခဲ့ပါတယ်။
ကျေးရွာအုပ်စုမှာ အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ဆိုင်းဘုတ်တင်ပွဲနှင့်ရုံးဖွင့်ပွဲအခမ်း
အနားတခုပြုလုပ်ခဲ့ပါတယ်။
ဆင်ဆာ ဖြတ်တောက်မှု မြန်မာနိုင်ငံ နံပါတ် ၇ နေရာမှာရှိနေ
စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံးထိပ်ပိုင်း ၁၀ နိုင်ငံစာရင်း ထဲမှာ
မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ
နယူးရောက်မြို့ အခြေစိုက် CPJ စာနယ်ဇင်း သမားများ ကာကွယ်ရေး ကော်မီတီက
ထုတ်ပြန်တဲ့အစီရင်ခံစာ က ဖေါ်ပြလိုက် ပါတယ်။
ထောင်တွင်း ကွယ်လွန်သူ ရှမ်းခေါင်းဆောင် အတွက် ဂုဏ်ပြုပွဲကျင်းပ
ထောင်တွင်း ကွယ်လွန်သူ ရှမ်းခေါင်းဆောင် အတွက် ဂုဏ်ပြုပွဲကျင်းပ
Courtesy of 88 Generation Students
ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားပါတီများနှင့် NLD ဆွေးနွေးလို
ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့် တိုင်းရင်းသားပါတီများ
ဆွေးနွေးလုပ်ဆောင်သွားရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင်
ပြောဆို ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ
ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
အနာဂတ်မဲ့နေသူများရဲ့ ဆန္ဒထုတ်ဖော်ပွဲ
စိမ်းမြနေတဲ့ သစ်ပင်ကြီးတွေ၊ ကညင်ပင်တွေကြားက နီရဲလှပနေတဲ့ ခရစ်ယာန်
ဘုရားရှိခိုးကျောင်းကို လွမ်းစရာ ရှုခင်းပန်းချီကားတချပ်လို
ဆွေးစရာကောင်းနေပါတယ်။
တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ် လိုအပ်နေ
နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည်
စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ်
လိုအပ်နေကြောင်း သိရသည်။
အဆင့်မီ ကားဝပ်ရှော့များနှင့် အပိုပစ္စည်းဈေးကွက် လိုအပ်ချက်ကြီးမား
ရန်ကုန် (မဇ္ဈိမ) ။ ။ ကားဟောင်းလဲလှယ်ရေး အစီအစဉ်နှင့်
သင်္ဘောသားများနှင့် နိုင်ငံရပ်ခြား အလုပ်သမားများ အတွက် ကားသစ်တင်သွင်းခွင့်
အစီအစဉ်များကြောင့် တင်သွင်းလာသော ကားသစ်များကို ပြုပြင် ထိန်းသိမ်းမှုများ
ပြုလုပ်ရန် အဆင့်မီ ကားဝပ်ရှော့များ၊ ကားပြင်ကျွမ်းကျင်သူများနှင့် ကားအပိုပစ္စည်း ဈေးကွက် အလွန်အမင်း လိုအပ်ချက်ရှိနေကြောင်း ကားသစ်တင်သွင်းသူများနှင့် ကားဝပ်ရှော့ ပိုင်ရှင်များက ဆိုသည်။
ပြုလုပ်ရန် အဆင့်မီ ကားဝပ်ရှော့များ၊ ကားပြင်ကျွမ်းကျင်သူများနှင့် ကားအပိုပစ္စည်း ဈေးကွက် အလွန်အမင်း လိုအပ်ချက်ရှိနေကြောင်း ကားသစ်တင်သွင်းသူများနှင့် ကားဝပ်ရှော့ ပိုင်ရှင်များက ဆိုသည်။
ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် မန္တလေးမြို့တွင် ဇုန်ဝင်ကြေး ၁၀ ဒေါ်လာ ပေးဆောင်ပြီးပါက နေရာအလိုက် သတ်မှတ်ကောက်ခံသော ၀င်ကြေးပေးဆောင်ရန် မလိုအပ်ဟု သိရ

မန္တလေးတောင်ပေါ်သို့ လာရောက်သော ခရီးသွားဧည့်သည်များကို တွေ့ရစဉ်
သတင်းသမား အခြေခံ အခွင့်အရေး ကာကွယ်ရန် MJN ဆွေးနွေး
ချင်းမိုင်(မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ လူငယ်သတင်းစာဆရာ အများစုဖြင့်
ဖွဲ့စည်းထားသည့် Myanmar Journalists’ Network (Yangon) က သတင်းသမားများ၏
အခြေခံ အခွင့်အရေးများအား ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍
ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးခဲ့ကြကြောင်း 7 day ဂျာနယ်မှ သတင်းထောက်
ကိုအောင်သူရ က ပြောသည်။
ဧပြီလ၃၀ရက်နေ့ ညနေပိုင်းအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးမရမ်းခြံ ဆိပ်ကမ်းတွင် မော်တော်ရေယာဉ်အစီး၂၀ ကျော် နစ်မြုပ်ခဲ့

မန္တလေးမြို့တွင် ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ရေယာဉ် အစီး ၂၀ ကျော်နစ်မြုပ်မျောပါပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ရေနေသယံဇာတများ ထိန်းသိမ်းနိုင်ရန် ငါးမျိုးပြုန်းတီးနိုင်သည့် ဖမ်းဆီးမှုပြုသူများအား အရေးယူခြင်းကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းခြင်းကိုလည်း နှစ်အလိုက်လျှော့ချသွားမည်

မြိတ်မြို့ရှိ ငါးဖမ်းလှေများကိုတွေ့ရစဉ်
ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့် မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်
ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် အသုံးပြုခွင့်အား
မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
သတင်းရရှိသည်။
ထိုသို့ အင်တာနက် အသုံးပြုခွင့် ချထားပေးရာတွင် ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်း ဖုန်းများလည်းပါဝင်ကြောင်း သိရသည်။
'' အင်တာနက် အသုံးပြုခွင့်က မေလ ၇ ရက်နေ့ ချထားပေးမှာပါ။ ရန်ကုန်တိုင်းရယ် အခြားတိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာလည်း ချထားပေးမယ်။ နောက်ပိုင်းရောင်းတဲ့ ဖုန်းတွေမှာလည်း အင်တာနက် တစ်ပါတည်းပါတာတွေလည်း ရောင်းပေးမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားရာတွင် လိုအပ်မည့် အသေးစိတ် အချက်အလက်များကိုမှု သေချာစွာ မသိရှိရသေးသော်လည်း ၄င်းအင်တာနက် အသုံးပြုခွင့်အား ငွေထပ်မံ ပေးသွင်းရမည်ဟု သတင်းရရှိသည်။
ထိုသို့ အင်တာနက် အသုံးပြုခွင့် ချထားပေးရာတွင် ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်း ဖုန်းများလည်းပါဝင်ကြောင်း သိရသည်။
'' အင်တာနက် အသုံးပြုခွင့်က မေလ ၇ ရက်နေ့ ချထားပေးမှာပါ။ ရန်ကုန်တိုင်းရယ် အခြားတိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာလည်း ချထားပေးမယ်။ နောက်ပိုင်းရောင်းတဲ့ ဖုန်းတွေမှာလည်း အင်တာနက် တစ်ပါတည်းပါတာတွေလည်း ရောင်းပေးမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားရာတွင် လိုအပ်မည့် အသေးစိတ် အချက်အလက်များကိုမှု သေချာစွာ မသိရှိရသေးသော်လည်း ၄င်းအင်တာနက် အသုံးပြုခွင့်အား ငွေထပ်မံ ပေးသွင်းရမည်ဟု သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီမှ မတ်လအထိ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးမှု ၄၆၈၄၄ ဦးရှိခဲ့ပြီး အမျိုးသမီး အရေအတွက် ၁၈၀၀၀ ကျော်ပါဝင်

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ သုံးလတာ ကာလအတွင်းမြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးမှု အရေအတွက်မှာ ၄၆၈၄၄ ဦးရှိခဲ့ပြီး အမျိုးသမီးများအတွက် မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးမှုမှာ ၁၈၅၄၀ ဦးရှိကြောင်း သိရှိရပါသည်။
မေလတွင် ထီဈေးကွက်၌ ထီအက္ခရာ ၂၈ လုံးဖြင့် ဧပြီလထက် ထီအစောင်ရေ ၂၇ သိန်း ပိုမိုရောင်းချမည်

မေလတွင် ထီဈေးကွက်အတွင်း ထီအက္ခရာ ၂၈ လုံးဖြင့် ဧပြီလထက် ထီစောင်ရေ ၂၇ သိန်း ပိုမိုရောင်းချ သွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရှိရသည်။
ဆူးလေဘုရားလမ်းပေါ်ရှိ စားသောက်ဆိုင်အား ဖျက်သိမ်း
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ကျောက်တံတား ရဲစခန်းရှေ့ရှိ လူသွားစင်္ကြံ
ပလက်ဖောင်းပေါ်တွင် အများသုံး မြေအောက်အိမ်သာနှင့် တွဲဖက်ဖွင့်လှစ်ထားသည့်
စားသောက်ဆိုင်တစ်ခုအား ဧပြီလအတွင်း ဖျက်သိမ်း ခဲ့ကြောင်း သိရသည်။
မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ MGS(Myanmar Golden Star)အဆိုပါဆန္ဒပြမှု
မေလ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲမှစ၍ မှော်ဘီမြို့နယ် ပြည်လမ်းပေါ်ရှိ
MGS(Myanmar Golden Star) Company Limited စက်ရုံရှိ ၀န်ထမ်း ၄၀၀ ကျော်မှ
ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒပြမှုမှာ စက်ရုံဝန်ထမ်းများမှာ ၎င်းတို့ကို လစာငွေအပြင် ငွေကျပ် ၃၀၀၀၀ တိုးပေးရန် ကုမ္ပဏီထံ တောင်းခံခဲ့ရာ ကုမ္ပဏီမှ အပြည့်အ၀ လိုက်လျောမှုမရှိခဲ့သောကြောင့် ယနေ့ည(မေလ ၂ ရက်နေ့) ၇ နာရီအချိန်အထိ ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများအနေဖြင့် လက်ခံသဘောတူညီမှု မရရှိသောကြောင့် မေလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆန္ဒပြမှုများ ထပ်မံပြုလုပ်မည်ဟု သိရသည်။
အဆိုပါဆန္ဒပြမှုမှာ စက်ရုံဝန်ထမ်းများမှာ ၎င်းတို့ကို လစာငွေအပြင် ငွေကျပ် ၃၀၀၀၀ တိုးပေးရန် ကုမ္ပဏီထံ တောင်းခံခဲ့ရာ ကုမ္ပဏီမှ အပြည့်အ၀ လိုက်လျောမှုမရှိခဲ့သောကြောင့် ယနေ့ည(မေလ ၂ ရက်နေ့) ၇ နာရီအချိန်အထိ ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲသို့ လူမှုဖူလုံရေးနှင့် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတို့မှ လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများအနေဖြင့် လက်ခံသဘောတူညီမှု မရရှိသောကြောင့် မေလ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ ဆန္ဒပြမှုများ ထပ်မံပြုလုပ်မည်ဟု သိရသည်။
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012-05-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့တွင် လွှတ်တော်
ကြားဖြတ် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်လာ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ခန်းမအတွင်း
သတင်းထောက်များက မေးမြန်းနေစဉ်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ဦးဆောင်မှုဖြင့် အရေးပေါ် လူနာတင်ယာဉ် ပို့ဆောင်ရေး ဖောင်ဒေးရှင်း တည်ထောင်ရန် စီစဉ်လျက်ရှိ

လူနာ သယ်ဆောင်လာသည့် အရေးပေါ် လူနာတင်ယာဉ် တစ်စီးကို တွေ့ရစဉ်
NLD လွှတ်တော်တက်ခြင်းကို ပြည်တွင်း ပြည်ပ ကြိုဆို
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
လွှတ်တော်ကိုယ်စားလှယ်များ ယနေ့ နံနက်က နေပြည်တော်တွင်ကျင်းပနေသည့်
လွှတ်တော်အစည်းအဝေးသို့ တက်ရောက် ကျမ်းသစ္စာကျိန်ဆိုမှုကို ပြည် တွင်း ပြည်ပမှ
ကြိုဆိုကြသည်။
နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး တဝက်တပျက်ဖြစ်နေ
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ဖျက်ဆီးခဲ့သည်မှာ လေးနှစ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မပြီးပြတ်သေးကြောင်း ဒေသတွင်း ကွင်းဆင်းလုပ်ဆောင်နေသည့် NGO အဖွဲ့များနှင့် ဒေသခံများက ပြောသည်။
မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ပထမဦးဆုံးအကြိမ် ညီလာခံ ကျင်းပ
မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ပထမဦးဆုံးအကြိမ် ညီလာခံ ကျင်းပ
Courtesy of MJN
လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့
မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံတွင်
အဖွဲ့ကော်မတီရွေးချယ်ရေးအတွက် မဲထည့်နေကြစဉ်။
ဆုငွေထုတ်မှု နယ်စပ်တည်ငြိမ်ရေး ထိခိုက်နိုင်ဟု ဗိုလ်နှုတ်ခမ်းမွေး ပြော
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့်ကိစ္စအား ထိုင်းအာဏာပိုင်များ
ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို
ထိခိုက်လိမ့်မည်ဟု တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA)
တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က
ပြောဆိုလိုက်သည်။
ဒီမိုကရေစီ လိုလားသူများနဲ့ လွှတ်တော်အမတ်သစ်များ အမေရိကန် ချီးကျူး

ဓာတ်ပုံ ASSOCIATED PRESS
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈ လကမှ နေအိမ်အကျယ်ချုပ်က
လွတ်မြောက်လာပြီး ဒီကနေ့မှာတော့ သူမနဲ့ အတူ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က တခြား အဖွဲ့ဝင် အများအပြား တို့ဟာ မြန်မာနိုင်ငံ လွှတ်တော်ထဲမှာ
သူတို့ရဲ့ နေရာသစ်တွေကို ရယူလိုက်ကြပြီ ဖြစ်ပါတယ်။
၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော
ကြံ့ခိုင်ရေးပါတီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို

ဓာတ်ပုံ AP
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောက်လွှတ်တော် ပုံမှအစည်းအဝေးအပြီး ထွက်ခွာလာစဉ်။ (မေလ ၂ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံစာနယ်ဇင်း လွတ်လပ်မှု မရှိသေး
မြန်မာနိုင်ငံစာနယ်ဇင်း လွတ်လပ်မှု မရှိသေး
နာဂစ်လေးနှစ်ပြည့်ပေမယ့် လူထုအခြေအနေ ပုံမှန်မဖြစ်သေး
မြန်မာနိုင်ငံမှာ သိန်းနဲ့ချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်း
တိုက်ခိုက်ခံခဲ့ရတာ ဒီကနေ့ ၄ နှစ် ပြည့်ခဲ့ပါပြီ။ နာဂစ်မုန်တိုင်းဒဏ်ကို
အဆိုးဆုံးခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေ ၄ နှစ်အကြာမှာ
ဘယ်လောက် ဘ၀တွေကို ပြန်လည် ထူထောင်နိုင်ကြပါသလဲ၊ ကူညီထောက်ပံ့မှုတွေကိုရော
ဘယ်လောက် လုံလုံလောက်လောက် ရရှိခဲ့ကြပါသလဲ။ မြစ်ဝကျွန်းပေါ်ဒေသက
တချို့ပြည်သူတွေကတော့ ဖွံ့ဖြိုးတိုးတက် မှုတွေ ဘက်စုံမှာ သိသိသာသာ
ရှိမလာသေးဘူးလို့ ပြောနေကြပါတယ်။ အပြည့်အစုံကိုတော့ စုံးစမ်းထားတဲ့
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
စစ်ရှိန်လျော့သည့်တိုင် အာဖဂန်ကို အမေရိကန် ကူညီသွားမည်
အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Osama bin Laden သေဆုံးတဲ့
နှစ်ပတ်လည်အချိန်မှာပဲ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
အာဖဂနစ္စတန်နိုင်ငံကို ရုတ်တရက် သွားရောက်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)