

နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ခြင်း လေးနှစ်ပြည့်သည့်နေ့ဖြစ်သော ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့တွင် Eleven Media Group မှ ဦးစီး၍ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ကျေးရွာတစ်ရွာဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကံဆိပ်အုပ်စု၊ သကြားဟင်းအိုးကျေးရွာ၌ နာဂစ်လေးနှစ်ပြည့် ဆုတောင်းအမျှဝေပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆုတောင်းအမျဝေပွဲကို သကြားဟင်းအိုးကျေးရွာရှိ ဆိုင်ကလုန်းဒဏ်ခံ အဆောက်အအုံတွင် ကျင်းပခဲ့ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ကိုးပါးတို့အား ဆွမ်းစသော ဒါတဗ္ဗ၀တ္ထု အစုစုတို့အား ဆပ်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်များမှ နာဂစ်မုန်တိုင်းတွင် ကွယ်လွန်သွားခဲ့သူများအတွက် ဆုတောင်းမေတ္တာပို့ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
''နာဂစ်မုန်တိုင်းတုန်းက ကျွန်တော်တို့မှာ မိသားစုလေးယောက်ပဲ ကျန်ခဲ့တယ်။ ခုနစ်ယောက်သေသွားတယ်။ သမီးလေးနှစ်ယောက်ဆိုရင် ကျွန်တော့်လက်ပေါ်တင် ဆုံးသွားတာ။ လေးနှစ်ရှိခဲ့ပြီဆိုပေမယ့် ပြန်တွေးလိုက်ရင်တော့ မနေ့တစ်နေ့ကလိုပါပဲ။ ရေသံ၊ မိုးသံ ကြားရင် လန့်နေရတုန်းပဲ''ဟု နာဂစ်ဒဏ်ကိုခံခဲ့ရသူ ကိုအေးကိုက ဆိုသည်။
သကြားဟင်းအိုးကျေးရွာသည် နာဂစ်မုန်တိုင်းအတွင်းတွင် အိမ်ခြေအားလုံး ပျက်စီးခဲ့ပြီး ၂၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။