Thursday, May 3, 2012

ဆူးလေဘုရားလမ်းပေါ်ရှိ စားသောက်ဆိုင်အား ဖျက်သိမ်း

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ကျောက်တံတား ရဲစခန်းရှေ့ရှိ လူသွားစင်္ကြံ ပလက်ဖောင်းပေါ်တွင် အများသုံး မြေအောက်အိမ်သာနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တစ်ခုအား ဧပြီလအတွင်း ဖျက်သိမ်း ခဲ့ကြောင်း သိရသည်။

ဆူးလေဘုရားလမ်းပေါ်ရှိ မြေအောက်သန့်စင်ခန်းအား ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့အထိ လိုင်စင်ခွင့်ပြုခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း၊ မြေအောက်သန့်စင်ခန်းအား ဖျက်သိမ်းခြင်းနှင့် အတူ စားသောက်ဆိုင်ကိုလည်း ထိုနည်းတူ ဖျက်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် မြေအောက်သန့်စင်ခန်းများအားလုံး ဖျက်သိမ်းရန် ညွှန်ကြားချက်ကြောင့် အဆိုပါမြေအောက် သန့်စင်ခန်းအား ဖျက်သိမ်းခြင်းဖြစ်ပြီး တွဲဖက်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ကိုလည်း ဆူးလေ ဘုရားလမ်းပေါ်တွင် မြင်ကွင်းများ ပိတ်ဆို့မှု မရှိစေရန် ဖျက် သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆူးလေဘုရားလမ်းပေါ်ရှိ မြေအောက်သန့်စင်ခန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။