Thursday, May 3, 2012

ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် မန္တလေးမြို့တွင် ဇုန်ဝင်ကြေး ၁၀ ဒေါ်လာ ပေးဆောင်ပြီးပါက နေရာအလိုက် သတ်မှတ်ကောက်ခံသော ၀င်ကြေးပေးဆောင်ရန် မလိုအပ်ဟု သိရ



559
မန္တလေးတောင်ပေါ်သို့ လာရောက်သော ခရီးသွားဧည့်သည်များကို တွေ့ရစဉ်
မန္တလေးဌာနခွဲအောက်ရှိ ယဉ်ကျေးမှုနေရာများတွင် ဇုန်ဝင်ကြေး ၁၀ ဒေါ်လာပေးဆောင်ပြီးပါက နေရာအလိုက် သတ်မှတ်ကောက်ခံသော ၀င်ကြေး ထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များ အနေဖြင့် ဇုန်ဝင်ကြေး အမေရိကန် ၁၀ ဒေါ်လာပေးဆောင်ပြီး ငါးရက်အတွင်း မန္တလေးဌာနခွဲ အောက်ရှိ ယဉ်ကျေးမှုနေရာများသို့ လေ့လာလည်ပတ်နိုင်မည် ဖြစ်သည်။
“အရင်က ယဉ်ကျေးမှုနေရာ အားလုံးပေါင်းရင် ဒေါ်လာ ၃၀ ကျော်ကျပါတယ်။ အခုဆိုရင် ဇုန်ဝင် ကြေး ၁၀ ဒေါ်လာနဲ့ လက်မှတ်ဝယ်ပြီး ငါးရက်အတွင်း စိတ်ကြိုက်လည်ပတ် နိုင်မယ်။ စစ်ကိုင်း-မင်းကွန်းဘက်ကို လည်ပတ်တဲ့ဝင်ကြေး ၃ ဒေါ်လာပါ ပေါင်းမယ်ဆိုရင် ၁၃ ဒေါ်လာပဲ ကျသင့်မှာပါ။ အရင်ကလို ဘယ်ဌာန လက်အောက်မှန်း မသိဘဲ ကောက်ခံနေတာမျိုး မရှိတော့ဘူး။ ဒါပေမယ့် သွားရောက်လည်ပတ်တဲ့ နေရာတွေမှာတော့ ဇုန်ဝင်းကြေး ပေးဆောင်ထားတဲ့ လက်မှတ်ပါဖို့ လိုအပ်ပါတယ်”ဟု ဧည့်လမ်းညွှန် တစ်ဦးကပြောသည်။
မန္တလေးဌာနခွဲအောက်ရှိ ယဉ်ကျေးမှုနေရာများမှာ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ ရွှေကျောင်းကြီး၊ အတုမရှိကျောင်း၊ နန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်၊ အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း၊ ဦးပိန်တံတားနှင့် တံတားဦး- အင်းဝရှိ မယ်နုအုတ်ကျောင်း၊ ဆင်ကျုံးခံတပ် စသည့် နေရာများဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။