Thursday, May 3, 2012

ကော့မှူးတွင် အခမဲ့ကွန်ပျူတာသင်တန်းပေးမည့် ဘလော့ဂ်ဂါ နေဘုန်းလတ်

ဘလော့ဂ်ဂါ နေဘုန်းလတ်က မေလ စနေ၊ တနင်္ဂနွေနေ့များတွင်  နှစ်ရက်အကြာ ကော့မှူးမြို့နယ်တွင် ကွန်ပျူတာသင်တန်း အခမဲ့သင်ကြား မည်ဖြစ်ကြောင်း သိရှိရသည်။
 
“လူတွေကအင်တာနက် သုံးတတ်လာတဲ့အခါမှာနည်းပညာကို အသုံးချတတ်လာတဲ့အတွက် ကိုယ့် ပတ်ဝန်းကျင်ကိုယ့်ရဲ့နိုင်ငံကို အကျိုးအတွက်ပဲဖြစ်ဖြစ် တခုခုပေါ့ နည်းပညာကို အသုံးပြုပြီး သုံးတတ်လာဖို့ ရည်ရွယ်တာပါ။” ဟု ဘလော့ဂ်ဂါဦးနေဘုန်းလတ် ကပြောသည်။
 

ဦးနေဘုန်းလတ် အပါအ၀င် သင်တန်းဆရာ သုံးဦးပါဝင်မည်ဖြစ်ကြောင်း မေလတွင်း ညောင်ဦး နှင့် နေပြည်တော်တွင်လည်း အခမဲ့သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
 
ကော့မှူးမြို့နယ်တွင်  ကွန်ပျူတာ အခြေခံသင်ကြားမည်ဖြစ်ပြီး၊ ညောင်ဦးနှင့် နေပြည်တော်တို့ တွင် ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်တာနက် အီးမေးလ်သင်တန်းများကိုလည်း သင်ကြားပေးမည် ဖြစ်ကြောင်း ဘလော့ဂ်ဂါကိုနေဘုန်းလတ်ကပြောသည်။
 
ပြီးခဲ့သည့် မတ်လအတွင်းတွင် ဘားအံ၌ကွန်ပျူသင်တန်းကို အခမဲ့သွားရောက်သင်ကြားခဲ့သလို ရန်ကုန်မြို့တွင်း၌ ကွန်ပျူသင်တန်းများ အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
 
“citizen journalist တွေတိုးလာစေချင်တယ်။ ဒီလိုတိုးလာခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုပိုရှိလာမယ် အဲတွက်ကြောင့်  နည်းပညာကိုသုံးပြီး citizen journalist တွေတိုးလာစေချင်တယ်။” ဟု ဘလော့ဂ်ဂါ ဦးနေဘုန်းလတ် ကပြောသည်။
 
နယ်မြို့များတွင် သင်ကြားနေသော သင်ရိုးညွှန်းတမ်းများသည် ၁၅ နာရီသင်ရိုးညွှန်းတမ်းများဖြစ်ပြီး ရန်ကုန်မြို့သင်ကြားရာတွင် ရက်ရှည်သင်တန်းများကျယ်ကျယ်ပြန့်ပြန့် သင်ကြားနိုင်ရန် စီစဉ်ထားကြောင်းကိုလည်း သိရသည်။
 
“ကျတော်တို့ရန်ကုန်မှာလဲ တကယ်မသင်နိုင်တဲ့သူတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေရှိတယ်လေ ဒီလိုရန်ကုန်မှာပါ အခမဲ့သင်ကြားဖို့ အစီစဉ်ရှိတယ်ဆိုတော့ ကောင်းတာပေါ့ ၀မ်းသာစရာပဲ။”ဟု ဒဂုံတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ ကိုကိုမောင်ကပြောသည်။
 
အဆိုပါ သင်တန်းများတွင် သင်တန်းဆရာအဖြစ် သင်ကြားလိုသူများအနေနဲ့  www,myanmarido.org      ၀က်ဆိုဒ်တွင် ဖောင်ဖြည့်၍ သင်တန်းဆရာအဖြစ် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။


ရှုမ၀အောင်(မြစ်မခ)
 by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။