Thursday, May 3, 2012

ဒီချုပ်ကိုယ်စားလှယ်များ လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးပါတီများ သုံးသပ်

ဒီချုပ်ပါတီက ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အတွင်းတွင် မြန်မာနိုင်ငံအရေးအား ပူးပေါင်းဆောင်ရွက်   ခြင်းနည်းလမ်းဖြင့်   ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက  သုံးသပ်သည်။
 

“ဒေါ်အောင်ဆန်းစုကြည်က ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို ဘယ်လောက်အထိယူမလဲဆိုတာပေါ့။ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ လဲ ပူးပေါင်းဆောင်ရွက်လိုတဲ့ အစိတ်အပိုင်းကလဲ ဘယ်လောက်အထိ လက်ခံပြီး ဆောင်ရွက်သွားမလဲဆိုတဲ့ အခင်း အကျင်းပေါ်မှာကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည်လုပ်နိုင်ချေဟာ တက်လာ မှာပါ။ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းက တိုင်းပြည်တိုးတက်မှုအတွက် ဖြစ်မယ်ဆိုရင် ပူးပေါင်း ဆောင်ရွက် ခြင်းနည်းလမ်းနဲ့သာလျှင် အရာရာကို ဖြတ်ကျော်သွားနိုင် လိမ့်မယ်လို့ မြင်တယ်။” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုသည်။
 
ဒီချုပ်ပါတီအနေဖြင့် လွှတ်တော်အတွင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အောင်မြင်နိုင်ချေနည်းပါးပြီး နိုင်ငံရေးအခင်းအကျင်း ကိုလဲ ပြုပြင်ပြောင်းလဲရန်ခဲ့ယဉ်းကြောင်း ၄င်းကဆက်ပြောသည်။
 
 “ပူးပေါင်းဆောင်ရွက်မှုမရှိရင် အောင်မြင်မှုက ဘာမှ အရာထင်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်စုတို့ နိုင်ထားတာ ၄၀ လောက်ပဲ ရှိတာကိုး။ ကျန်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပေါင်းမှ ၁၁၀ လောက်ဘဲ ရှိမယ် ထင်တယ်။   နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှ ရမယ်။” ဟု ဦးခင်မောင်ဆွေ က ဆက်လက်ပြောဆိုသည်။
 
တိုင်းပြည်အရေးကို လုပ်ဆောင်နေကြသော ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်အတွင်းတွင် ထိပ်တိုက်ရင်ဆိုင်ခြင်းမျိုး မပြုလုပ်သင့်ဘဲ ပူးပေါင်းဆောင်ရွက်ပြီး ညှိုနှိုင်းဆွေးနွေးခြင်းသဘောမျိုးဖြင့်သာ လုပ်ဆောင်သင့်ကြောင်း တ.စ.ညပါတီက ဒဂုံဆိပ်ကမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းမြင့်ထံက သိရသည်။
 
“ပါတီအရေးကို အဓိကမထားပဲ အများစုကိုယ်စားလှယ်လောင်းတွေ ညှို့နှိုင်းပြီးလုပ်တဲ့ပုံစံမျိုးဖြစ်သင့်တယ်။ ထိပ်တိုက်ရင်ဆိုင်တဲ့ ပုံစံမျိုးလဲမဖြစ်သင့်ဘူး လွှတ်တော်ထဲမှာ အားလုံးပူးပေါင်းပြီး ဆွေးနွေးညှို့နှိုင်းသင့်တယ်။” ဟု ဦးဝင်းမြင့်က ပြောသည်။
 
အန်အယ်လ်ဒီပါတီ မေလ(၂)ရက်နေ့တွင် လွှတ်တော်တက်ရောက်ခြင်းသည် ပြည်သူများ၏ ဆန္ဒ၊ပြည်သူများ ၏ လိုအပ်ချက်၊ ရည်ရွယ်ချက်များကို လွှတ်တော်အတွင်းတွင်မှ ညှို့နှိုင်းဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဒီချုပ်ပါတီကိုယ်စားလှယ်များ လွှတ်တော်တက်ရောက်ခြင်းကို ၀မ်းသာကြောင်း နိုင်ငံရေးပါတီများက ပြောဆို ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။