
''ထရန်စဖော်မာပေါက်ပြီး လောင် တယ်လို့တော့ကြားတယ်။ မီးလောင်တော့ မီးတွေလည်း အကုန်ပျက်ကုန်တယ်။ ဓာတ်အားခွဲရုံထဲက ထရန်စဖော်မာပဲ လောင်တာဖြစ်ပြီး ရပ်ကွက်ထဲတွေ၊ အိမ်တွေကို ကူးစက်တာမျိုး မတွေ့ရပါဘူး။ အဲဒီဓာတ်အားခွဲရုံက မြို့ထဲကိုလည်း လျှပ်စစ်မီးပေးတယ်လို့ သိရပါတယ်''ဟု အဆိုပါ ဓာတ်အားခွဲရုံအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မီးသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကို လတ်တလောတွင် မသိရှိရသေးကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။