** အေးဆေးပါ**
စားသောက်ဆိုင်တစ်ဆိုင်တွင်လာရောက်စားသောက်နေသူတစ်ဦးကဆိုင်၏လေအေးပေးစက်နှင့်
ပတ်သက်ပြီးစားပွဲထိုးဖြစ်သူအားအမျိုးမျိုးပြောကြားနေသည်.ပထမဆုံး...လေအေးပေးစက်က
မအေးဘူးဟုဆိုကာလေအေးပေးစက်အားတင်ခိုင်းသည်။ထို့နောက်လေ
အေးပေးစက်ကအေးလွန်းသည်ဟုဆိုကာချခိုင်းပြန်သည်။
***************************
စားသုံးသူကထိုအတိုင်းပင်တစ်နာရီခန့်စားပွဲထိုးအားပြောနေလေရာစားသောက်ဆိုင်တွင်
ရှိနေသောအခြားဖောက်သည်များမှာစားပွဲထိုး၏စိတ်ရှည်သည်းခံမှုကိုအံ့သြနေသည်။
သို့ဖြင့်ဖောက်သည်တစ်ဦးကမနေနိုင်တော့ဘဲ မင်း...အဲဒီ့ငနာကိုဆိုင်ထဲက
မောင်းထုတ်လိုက်ပါလား ဟုပြောရာစားပွဲထိုးဖြစ်သူက
နေပလေ့စေဗျာ...ကျွန်တော်တို့ဆိုင်ကလေအေးပေးစက်
ပျက်နေတာတစ်နှစ်လောက်ရှိပြီဆိုတာသူမှမသိဘဲ
ဟုဆိုပါတော့သည်..........။
*********************************************
** ရှားတယ်**
ရောဘတ်နှင့်ဂျွန်ဆင်တို့သည်လှေတစ်စီးစီနှင့်ငါးမျှားထွက်ရင်းဘိယာသောက်ကာ
စကားစမြည်ပြောနေရင်းရောဘတ်ကကောက်ကာငင်ကာအခုလိုပြောပါ တော့သည်.။
ရောဘတ်။ ။ ငါ့မိန်းမနဲ့ငါကွာရင်ကောင်းမယ်ကွာ။ ငါ့မိန်းမငါ့ကိုစကားမပြောတာတစ်လ
ကျော်ပြီ.....။
ဂျွန်ဆင်။ ။ ရောဘတ်စကားဆုံးချိန်မှာပင်ဂျွန်ဆင်က မင်းသေချာပြန်စဉ်းစားပါဥိးကွာ။
ဒီလိုမိန်းမမျိုးထပ်ရှာဖို့မလွယ်ဘူးနော် ဟုပြန်ပြောလိုက်ပါသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။