လွိုင်ကော် မတ် ၁၉
ကယားပြည်နယ်၌ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူကာ လုပ်ကိုင်ခွင့်ပြုထားသော ဘီးခွန် ကောက်ခံသည့် စနစ်ကို ပြည်နယ်တစ်ခုလုံး အတိုင်း အတာဖြင့် ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း က ယားပြည် နယ် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိ သူ တစ်ဦး ကပြောသည်။
ယင်းဒေသအတွင်းရှိ ဘီးခွန်ကောက်ခံသော ဂိတ်များကို ဧပြီ ၁ ရက်မှ စတင်ကာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းနောက်တွင် မော်တော်ယာဉ်များ အတွက် ဘီးခွန်များကို ယာဉ်လိုင်စင်သက် တမ်းတိုးချိန်တွင် တစ်ခါ တည်းပေးဆောင်စေရန် စီစဉ်ထားကြောင်း၊လက်ရှိဘီးခွန် ကောက်ခံရာတွင် ဂိတ် တစ်ဂိတ်ကိုဖြတ်သန်း သည့် မော်တော် ဆိုင်ကယ်တစ်စီးကို ငွေ ကျပ် ၂ဝဝ၊ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃ဝဝ မှ ၁ဝဝဝ အထိ သတ်မှတ် ကောက် ခံကြောင်း သိရသည်။
အသစ်ပြောင်းလဲမည့် ဘီးခွန်ကောက်စနစ်တွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် တစ်နှစ်စာ ဘီးခွန်အဖြစ် ငွေကျပ် ၃ဝဝဝ၊ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်၅ဝဝဝမှ၂ဝဝဝဝအထိ သတ်မှတ်ကောက် ခံ မည်ဖြစ်ပြီး မော်တော်ယာဉ် သက်တမ်း တိုးမည့်သူများသည် စည်ပင် သာယာရေး ကော်မတီကို အဆိုပါဘီးခွန်နှင့် အာ မခံကြေးပေးဆောင် ထားသော အထောက် အထား ပါရှိမှသာ ယာဉ်သက်တမ်းတိုးခွင့်ရရှိမည်ဖြစ်သည်။
ကယားပြည်နယ်၌ ဘီးခွန်ကောက်ခံခွင့်ကို ယခင်ကတင်ဒါခေါ်ယူခဲ့ရာ လုပ်ငန်းတင်ဒါ အောင်မြင်သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကဘီးခွန်ကောက်ခံသည့်စနစ်ကို ကျင့်သုံးလာခြင်းဖြစ်ပြီး အဆိုပါလုပ် ငန်းတင်ဒါ သက်တမ်း သည် ယခုလကုန်တွင် ကုန်ဆုံး မည်ဖြစ် ကြောင်း သိရသည်။
မြ၀တီ
https://www.facebook.com/mwdmedia
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။