Tuesday, July 17, 2012

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တက်ရောက်နေတဲ့ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့
တိုင်ရင်းသား လွှတ်တော် အမတ်တွေ ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်ရှိ စည်ပင်ခန်းမမှာ တွေ့ဆုံ ခဲ့ကြပါတယ်။

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ
အင်းစိန် မြန်မာ့ မီးရထား စက်ခေါင်းရုံ
၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တဲ့ အင်းစိန် မီးရထား စက်ခေါင်းရုံ အလုပ်သမား သမဂ္ဂ အဖွဲ့ဟာ ယခု ဇူလိုင် ၁၆ ရက်နေ့မှာ
အင်းစိန် လေဘာရုံးမှ အသိအမှတ်ပြုကြောင်း ထောက်ခံစာ ရရှိတော့မှာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်အန္တရာယ်ကြုံနေရဆဲဟု Gallery(65)က သိရ

မြစ်ဆုံစီမံကိန်းရပ်နားထားသော်လည်း ရွှေတူးဖော်ခြင်းလုပ်ငန်းများ နှင့် သစ်တောပြုန်းတီးမှုများ ရှိနေခြင်း ကြောင့် ဧရာဝတီမြစ်မှာ သဘာဝဘေးအန္တရာယ်ကျရောက်ခံနေရဆဲဖြစ်ကြောင်း Gallery(65)က သိရှိရသည်။
 

မသန်စွမ်းသူနှစ်ရာကျော်က အာဇာနည်ဗိမ္မာန်သို့သွားကာ လွမ်းသူပန်းခွေချမည်

လာမည့် ဇူလိုင်လ(၁၉)ရက်နေ့၌ ကျရောက်သော (၆၅)နှစ်မြောက်အာဇာနည်နေ့သို့  မသန်စွမ်းသူ(၂၀၀) ကျော်မှ  အာဇာနည်ဗိမ္မာန်သို့ သွားရောက်ကာ လွမ်းသူပန်းခွေချမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း က သိရှိရသည်။
 

ချင်းပြည်နယ်တွင် မိုဘိုင်းစခန်းများတည်ဆောက်ပြီးပါက ဖုန်းလိုသလောက် ချထားပေးမည်

ချင်းပြည်နယ်၌ မိုဘိုင်းစခန်းများတည်ဆောက်ပြီးစီးပါက ယင်းဒေသမှ တောင်းဆိုသလောက် မိုဘိုင်းဖုန်း ဆင်ကဒ်များ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  သိရှိရသည်။
 
 

ကေအိုင်အို လက်အောက်ခံနယ်မြေရှိ ဒုက္ခသည်ကျောင်းများတွင် အခက်အခဲများစွာရှိနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) လက်အောက်ခံနယ်မြေရှိဒုက္ခသည်ကျောင်းသားများအနေဖြင့် စာရေးကိရိယာများနှင့် ပညာသင်ကြားရေးအတွက်အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။


ဒုက္ခသည်စခန်းများမှ ကလေးအများစုမှာ ကျောင်းနေအရွယ်များဖြစ်၍ပညာသင်ကြားနိုင်ရန် ကြိုးစား နေသော်လည်း
စာအုပ်စာတမ်းလုံလောက်မှုမရှိဖြစ်နေကြောင်း ဇူလိုင်လ (၄)ရက်မှ (၁၂) ရက်ထိသွားရောက်လေ့လာခဲ့သော ကချင်ငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ဆိုသည်။


ဝမ်းပျက်ဝမ်းလျောဖြစ်ပါက ဓါတ်ဆားရည်ပိုမိုသောက်သုံးသင့်ဟုပညာရှင်များအကြံပြု

မိုးရာသီတွင် အဖြစ်များသော ၀မ်းပျက်ဝမ်းလျောရောဂါအားပျောက်ကင်းလိုမှုကြောင့်   ဆေးမှားယွင်းစွာ   သောက်သုံးမိပါက ၀မ်းဗိုက်ဖောင်းတင်းကာ အူပုတ်သည်မှအစ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့နိုင်ကြောင်း ဆရာဝန်များက ဆိုသည်။
 

အမေရိကန်၏ ထုတ်ဖော်ချက်များ လုံလောက်မှု မရှိသေးဟု ERI ဆို

မဇ္ဈိမ သတင်းဌာန ။         ။ အမေရိကန် ကုမ္ပဏီများ အနေဖြင့် မြန်မာ အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တွင် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဟု အမေရိကန် အစိုးရက ကြေညာခဲ့စဉ်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် EarthRights International (ERI) က မြန်မာ့

ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့် မပြု

ချင်းမိုင်(မဇ္စျိမ) ။       ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲကာ တရားရင်ဆိုင်နေရသော ဦးလထော်ဘရန်ရှောင်၏ အမှုအား ကြားနာစစ်ဆေးသည့် တနင်္လာနေ့ တရားခွင်သို့ တရားသူကြီး ဦးမြင့်ထူးက အများပြည်သူများအား နားထောင်ခွင့် မပြုခဲ့ကြောင်း ရုံးချိန်းတွင် သွားရောက်လေ့လာခဲ့သူ တဦးက ပြောသည်။

ကုလ ဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို

မဇ္ဈိမသတင်းဌာန ။         ။ ကုလသမဂ္ဂ ဝန်ထမ်းနှင့် အကူအညီပေးရေး လုပ်သား ၁ဝ ဦးအား ဇွန်လအတွင်းက ရခိုင်ပြည်နယ်တွင် အဘယ်ကြောင့် ဖမ်းဆီးခဲ့သည် ဆိုသည်ကို ရှင်းလင်းချက်ပေးရန် မြန်မာနိုင်ငံအား တောင်းဆို ထားသည်။ ထိုဝန်ထမ်းအချို့မှာ ပြစ်မှု ဆိုင်ရာ စွဲချက်များဖြင့်လည်း ရင်ဆိုင်နေရခြင်းဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာအစိုးရအနေနှင့် ဆက်သွယ်ရေး (telecommunication) ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ခွင့်ပြုတော့မည်ဖြစ်ကြောင်း အစိုးရ အကြီးတန်းအရာရှိတဦးက ဖော်ထုတ် ပြောဆိုလိုက် သည်။

အာဇာနည်နေ့ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ

စံခလပူရီ (မဇ္ဈိမ) ။        ။ နှစ်ပေါင်း ၂၀ ကျော် ကျင်းပခွင့် ပိတ်ပင်ထားသည့် အာဇာနည်နေ့ အခမ်းအနားကို လက်ရှိ အစိုးရသစ် လက်ထက်တွင် ပြန်လည် ကျင်းပခွင့် ပြုလိုက်သော်လည်း မြို့နယ်အချို့တွင် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်တွင်းမှ ကချင် ဒုက္ခသည် စခန်းများ ဖယ်ရန်မလိုတော့

တရုတ်ပြည်တွင်းရှိ ရမ်လူး ကချင်စစ်ပြေးဒုက္ခသည် စခန်း (ဓာတ်ပုံ – ဧရာဝတီ)
တရုတ်ပြည်အတွင်းမှ ဖယ်ရှားခိုင်းထားသော ရမ်လူးနှင့် လောင်ဖိုင်း ကချင်စစ်ပြေး ဒုက္ခသည်စခန်း ၂ ခုတွင် ယခုအခါ ပြန်လည်နေထိုင်ရန် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော

ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အခြေခံအဆောက်အဦ လိုအပ်ချက်နှင့် ပြင်ဆင်ရမည့် စိန်ခေါ်မှုများစွာရှိနေကြောင်း အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ Public Relations ASEAN ၏ တွဲဖက် ညွှန်ကြားရေးမှူး Mr. Anthony Nelson က
ပြောဆိုလိုက်သည်။

NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့် မတ်လအတွင်းက နေပြည်တော် ရောက်ခိုက် လွှတ်တော် တက်နေသော တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ – ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး ကို အလေးထား ဆွေးနွေးရန် တိုင်းရင်းသား ပါတီများ က တိုက်တွန်းလိုက်ကြောင်း သိရသည်။

အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

ကချင်စစ်ပြေး ဒုက္ခသည်စခန်းတခုမှ အဘွားအိုတဦး (ဓာတ်ပုံ – ဧရာဝတီ)
ဦးဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် ကချင်စစ်ပြေး ဒုက္ခသည်များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သတင်းရရှိသည်။

 မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာနိုင်ငံဆိုင်ရာ၊ အိန္ဒိယသံရုံးတွင် ဇူလိုင်လ ၁၅ရက်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 တက္ကသိုလ်ရိပ်သာလမ်းပေါ်၌ ယာဉ်နှစ်စီးခေါင်းချင်းဆိုင် တိုက်မိရာ ကိုးနှစ်အရွယ် ကလေးငယ်အပါဝင် သုံးဦးဒဏ်ရာရ

Monday, 16 July 2012
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်၌ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည် ၂နာရီ ၁၀ မိနစ်အချိန်က ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိရာ ၉နှစ်အရွယ် ကလေးငယ်အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

 လှိုင်သာယာမြို့နယ်၊ ဒိုင်စုကျေးရွာတွင် အသင်းတော်မှ ကျွေးမွေးသည့် ထမင်းနှင့် ဟင်းစားအပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၈၆ဦး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရ

အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည့် ဒိုင်စုကျေးရွာရှိ နေအိမ်အချို့အား တွေ့ရစဉ်
လှိုင်သာယာမြို့နယ်၊ ညောင်ရွာအုပ်စု၊ ဒိုင်စုကျေးရွာတွင် ခရစ်ယာန်အသင်းတော်မှ ကျွေးမွေးသည့် ကြက်ဥချဉ်ရည်ဟင်းနှင့်၊ ဂေါ်ဖီကြော်အား စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး လူဦးရေ ၈၆ ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၁၄ ရက်နေ့က တက်ရောက်ကုသမှု ခံယူခဲ့ရကြောင်း လှိုင်သာယာပြည်သူ့ဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးများမှာ ပြည်ပမှ စီးပွားရေး လာရောက် လုပ်ကိုင်မည့်သူများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု US-ASEAN စီးပွားရေးကောင်စီမှ ပူးတွဲဒါရိုက်တာဆို

74112
US-ASEAN စီးပွားရေးကောင်စီမှ ပူးတွဲဒါရိုက်တာ Anthony Nelson
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများမှာ နိုင်ငံ ခြားမှ စီးပွားရေးလာရောက် လုပ်ကိုင်မည့်သူများအတွက် စိန်ခေါ်မှုများ ဖြစ်နေသည်ဟု US-ASEAN စီးပွားရေးကောင်စီ၏ ပူးတွဲဒါရိုက်တာ Anthony Nelson က ဇူလိုင်လ ၁၆ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသွားခဲ့သည်။

 ရေနံ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံဘက်မှ အကျိုးပိုရှိစေရန် အချက်အလက်အချို့ တိုးမြှင့်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံဘက်မှ အကျိုးပိုမိုရှိလာစေရန် လုပ်ငန်းလုပ်ဆောင်မည့် အဆိုပြုချက်များတွင် ပါဝင်သည့် အချက်အလက်အချို့ကို တိုးမြှင့်ထားကြောင်း စွမ်းအင်ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ချက်များအတိုင်း ညီညွတ်မှု ရှိ၊ မရှိ စိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်ရေးအဖွဲ့ဝင် ဦးဌေးဦး ပြောကြား

ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်းလာပါက ဖွဲ့စည်းပုံအ ခြေခံဥပဒေပါ သတ်မှတ်ချက်များအတိုင်း ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းနှင့် ပြည့်စုံခြင်း ရှိ၊မရှိ စိစစ်ရေးအဖွဲ့ဝင် ဦးဋ္ဌေးဦးက ဇူလိုင်လ ၁၅ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။

မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ် တိုက်ပွဲဖြစ်

တနင်္လာ, 16 ဇူလိုင် 2012

မြန်မာပြည်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အနီးမှာ ဒီနေ့မနက်အစောပိုင်းက မူးယစ်မှောင်ခို အဖွဲ့တဖွဲ့နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မူးယစ်မှောင်ခိုသမား ၈ ယောက်ကို အသေဖမ်း ဆီးရမိခဲ့သလို  စိတ်ကြွဆေးနဲ့ စိတ်ကြွဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အများအပြားကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က မူးယစ်မှောင်ခိုအဖွဲ့ဟာ မြန်မာပြည်ဘက်က ၀င်ရောက်လာတာလို့ သံသယ ရှိနေပါတယ်။

ပညာရေး ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်စု အဆိုတင်ပြနိုင်ဖွယ်ရှိ

တနင်္ဂနွေ, 15 ဇူလိုင် 2012

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ကျင်းပ နေတဲ့ စတုတ္ထအကြိမ် လွှတ်တော် ပုံမှန် အစည်အဝေးမှာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆိုတွေကို တင်ပြသွားနိုင်ဖွယ် ရှိနေပါတယ်။ မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်အဝေးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ် ၂ ဦး ၀င်ရောက် ဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က သတင်း ပေးပို့ထားပါတယ်။

အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်

အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်
2012-07-15
အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
AFP

အာဇာနည်နေ့ ထူးခြားချက်တချို့ မြင်တွေ့

အာဇာနည်နေ့ ထူးခြားချက်တချို့ မြင်တွေ့
2012-07-16
လာမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျင်းပမဲ့ အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ပြောကြားပါတယ်။

ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ

ဧရာဝတီ ထိန်းသိမ်းရေး ဟောပြောပွဲ
2012-07-16
မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်း ရပ်တန့်ရေး အပါအ၀င် ဧရာဝတီမြစ် ထိန်းသိမ်း ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲ တစ်ခုကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ Excel တာဝါမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ်

ကချင်ဒုက္ခသည်တွေ အကူအညီပိုမိုလိုအပ်
2012-07-16
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် စခန်း (၆) ကို သွားရောက် ကူညီခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံ အနီးမှာရှိတဲ့ အဲဒီကွန်ရက်အဖွဲ့ရဲ့ ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ဟာ One More၊ နှောင်ကြိုးမဲ့ ကွန်ရက်၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း စတဲ့ ကူညီရေး အဖွဲ့အစည်း (၆) ခုကို ဦးဆောင်ပြီး ဇူလိုင်လ (၄) ရက်နေ့ကနေ (၁၂) ရက်နေ့အထိ KIO ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်
2012-07-15
ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြားမယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။
ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။

ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု

ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု
2012-07-15
တနင်္သာရီတိုင်း ပုလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြထားတာကို ပုလော မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ခွင့်ပြုခဲ့လို့ ပုလော NLD အဖွဲ့ဝင်တွေက အာဇာနည် ကျောက်တိုင်ရှိရာ မြို့နယ် အားကစားကွင်းမှာ ဒီကနေ့ သန့်ရှင်းရေးလုပ် ဆေးသုတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA

တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြပွဲ စတင်

တောင်သူလယ်သမားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြပွဲ စတင်
2012-07-15
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးဆောင်တဲ့ တောင်သူလယ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။

ကြိုတင်အကြောင်းမကြားဘဲ စက်ရုံ ပြောင်းရွှေ့လို့ အလုပ်သမားများ အခက်ကြုံ

ကြိုတင်အကြောင်းမကြားဘဲ စက်ရုံ ပြောင်းရွှေ့လို့ အလုပ်သမားများ အခက်ကြုံ
2012-07-15
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဘန့်ထုအရပ်မှာရှိတဲ့ Le Form ကုမ္မဏီ ဇာဘော်လီနဲ့ အတွင်းခံ စက်ရုံကို လုပ်ငန်းရှင်ဘက်က အလုပ်သမားတွေကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပိတ်လိုက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၀၀) ကျော် အခက်တွေ့နေကြရတယ်လို့ စုံစမ်းသိရပါတယ်။
ဇာဘော်လီချုပ် စက်ရုံပိုင်ရှင် ကိုယ်စားလှယ်ရှေ့နေက မနေ့ ညနေပိုင်းမှာ  ဒီစက်ရုံကို ပိတ်ပြီး မယ်ကုအရပ်မှာ ရှိတဲ့ အခြား အထည်ချုပ် စက်ရုံတခုကို မနက်ဖြန် တနင်္လာနေ့မှာ ပြောင်းရမယ်လို့ ပြောတာကနေ အလုပ်သမားတွေ မပြောင်းနိုင်ကြောင်း ပြန်လည် ပြောကြားရာက လုပ်ငန်းရှင်ကိုယ်စားလှယ်နဲ့ အလုပ်သမားတွေကြား အခြေအနေ တင်းမာခဲ့တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် အလှူငွေ
2012-07-15
(၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေ အတွက် ကူညီပံ့ပိုးတဲ့ အနေနဲ့ မန္တလေးမြို့ခံ လုပ်ငန်းရှင် တစ်ဦးက အလှူငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ရှိတဲ့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
Photo courtesy of 88 Generation Students Group