မိုးရာသီတွင်
အဖြစ်များသော ၀မ်းပျက်ဝမ်းလျောရောဂါအားပျောက်ကင်းလိုမှုကြောင့်
ဆေးမှားယွင်းစွာ သောက်သုံးမိပါက ၀မ်းဗိုက်ဖောင်းတင်းကာ အူပုတ်သည်မှအစ
နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အသက်ဆုံးရှုံးသည်အထိ ကြုံတွေ့နိုင်ကြောင်း
ဆရာဝန်များက ဆိုသည်။
“လူနာတွေက
ဝမ်းပျက်ပြီဆိုရင် ပဋိဇီဝဆေးတွေကို အရင်စလို သောက်သုံးကြတယ်။ဆေးခန်းကို
ရောက်လာ တဲ့ လူနာတော်တော်များများက
အမောက်စလင်ဆေးတောင့်နဲ့မက်ထရိုဆေးပြားတွေကို သောက်ထားကြတာ ကိုတွေ့ရတယ်။
မလိုအပ်ပဲပိုးသတ်ဆေးတွေကို သောက်သုံးမိတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ
ဖြစ်လာတယ်” ဟု အလုံမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။
ပဋိဇီဝဆေးတွင်
ဝမ်းပိတ်ဆေး (သို့) ၀မ်းရပ်ဆေးဟု လူသိများသော
လိုမိုတေး၊ဒိုင်ကလိုတေးဆေးများ သောက်သုံးခြင်းဖြင့် ၀မ်းရောဂါအား
သက်သာစေသော်လည်းအဆိုပါဆေးများသည် အူလှုပ်ရှားမှုအား နှေးကွေးစေကြောင်း၊
အူတွင်းရှိဝမ်းအရည်များ စအိုပြင်ပသို့ မထွက်နိုင်တော့ပဲ အူတွင်း၌
ပိုမိုစုစည်းကာဗိုက်ဖောင်းတင်းလာတက်ခြင်း၊ အူလှုပ်ရှားမှုများ
ငြိမ်သွားခဲ့ပါကအူပုတ်ခြင်းများ ဖြစ်ပေါ်တက်ကြောင်း ဆရာဝန်များက ဆိုသည်။
ဝမ်းပျက်ဝမ်းလျောရောဂါသည်
မိုးရာသီတွင် အများဆုံးဖြစ်ပွားတက်ကာရင့်မှည့်လွန် သီးနှံများ၊ ရက်လွန်
အစားအစာများနှင့်ရေစိုပျော့ရွဲနေတက်သော အသီးနှံများ စားသုံးမိပါက
ဖြစ်ပွားတက်ပြီးငရုပ်ဆီနှင့် အချဉ်ရည်များစားသုံးခြင်းကြောင့်လည်း
ဖြစ်ပွားတက်ကြောင်းသိရသည်။
“ကျွန်မတို့ကတော့
ဝမ်းသွားပြီဆိုရင် ဆေးဆိုင်က ဆေးပဲဝယ်တိုက် လိုက်တာ။ဝမ်းသွားတာ ရပ်သွားတယ်
ဆိုရင် သောက်လိုက်တဲ့ဆေးတောင် သူများဖြစ်ရင်ညွှန်းလိုက်သေး တယ်။
မိုးတွင်းဆိုရင်တော့ ယင်နားစာ တွေ၊ အချဉ်အစပ်မစားမိဖို့တော့ သတိထားပါတယ်။”
ဟု လှိုင်သာယာ၊ စက်မူဇုန်မှမခင်လေးမွန်က ပြော သည်။
မိုးရာသီကာလတွင် ၀မ်းပျက်ဝမ်းလျှောရောဂါအား ကာကွယ်ရန်အတွက် လတ်ဆတ်သည့်အသီးအနှံများ ကိုသာ စားသုံးသင့်ကြောင်း၊
စားသုံးမည့် ဟင်းလျာများအားကျက်အောင်ချက်ပြုတ်ပြီးမှ ပူပူနွေးနွေးစားသုံး
သင့်ကြောင်း၊ ပျော့ရွှဲပြီးအနံ့အသက် မကောင်းမွန်သော အစားအစာများအား
နှမျှောတွန့်တိုမနေပဲ လွှင့်ပစ်သင့်ကြောင်း၊ မိုးရေကို
သန့်သန့်ရှင်းရှင်းခံယူထားပြီးကျိုးချက်သောက်သုံး သင့်ကြောင်း၊
ဝမ်းရောဂါဖြစ်ပွား ခဲ့ပါကပဋိဇီဝဆေးများအား လွယ်ကူစွာ မသောက်သုံးသင့်ကြောင်း
ဆရာဝန်များမှအကြံပြုပြောဆိုသည်။
“မိုးတွင်းဆိုရင်
ဝမ်းရောဂါက အဖြစ်များတယ်။ ဖြစ်ရင်လည်း လွယ်လွယ်ကူကူနဲ့မလိုအပ်တဲ့ဆေးတွေ
ဝယ် မသောက်ပါနဲ့။ ၀မ်းအရမ်းသွားခဲ့ရင်ဝမ်းရပ်ဆေးသောက်သုံးရမှာ မဟုတ်ပါဘူး။
ဓါတ်ဆားရည်သောက်ပေး သင့်တာတယ်။ဓါတ်ဆားရည်က ခန္ဓာကိုယ်ထဲက ခမ်းခြောက်သွားတဲ့
ရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေး တယ်။ ၀မ်းပျက်ဝမ်းလျောဖြစ်ပြီဆိုရင်
လွယ်ကူတဲ့ကုသမှုကတော့ဓါတ်ဆားထုတ်ဖြစ်ပါတယ်။ အရေးပေါ် ကုသရပြီဆိုရင်လည်း
သွေးကြောထဲကိုသွင်းဖို့အတွက် ဓါတ်ဆားရည်ပုလင်းကို သုံးရတာပဲ ” ဟု
ဒဂုံမြို့သစ်မြောက်ပိုင်းမှ ဒေါက်တာစန်းသီတာအောင်မှ အကြံပြု ပြောသည်။
ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခဲ့ပါက
ဓါတ်ဆားရေအားသောက်သုံးပေးရန်လိုအပ်ကြောင်း၊ ဓါတ်ဆားရေ သောက်ရာတွင်
ဝမ်းသွားသည့်အရည်ပမာဏထက်ပိုမို ဖြည့်တင်းသောက်သုံးသင့်ကြောင်း၊
ဝမ်းသွားခြင်း အတွက်သီးသန့်ဖေါ်စပ် ထုတ်လုပ်ထားသော ဓါတ်ဆားထုတ်
အညွှန်းအတိုင်းသောက်သုံးသင့်ကြောင်း ကိုလည်း သိရသည်။
နှစ်စဉ်
ဝမ်းပျက်ဝမ်းလျောရောဂါသည် ကမ္ဘာ့လူဦးရေပေါင်း သန်း(၇)ထောင်ကျော်အနက်မှ
လူဦးရေ သန်း(၅) ထောင်ကျော် တွင်
ဖြစ်ပွားကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ တွက်ချက်ထားကြောင်းလည်း သိရှိရ
သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။