Tuesday, July 17, 2012

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ

အစိုးရ ဝန်ထမ်းတွေ အနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ
အင်းစိန် မြန်မာ့ မီးရထား စက်ခေါင်းရုံ
၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တဲ့ အင်းစိန် မီးရထား စက်ခေါင်းရုံ အလုပ်သမား သမဂ္ဂ အဖွဲ့ဟာ ယခု ဇူလိုင် ၁၆ ရက်နေ့မှာ
အင်းစိန် လေဘာရုံးမှ အသိအမှတ်ပြုကြောင်း ထောက်ခံစာ ရရှိတော့မှာ ဖြစ်ပါတယ်။

 အလုပ်သမားထုရဲ့ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊
အလုပ်သမားတွေရဲ့မိသားစုတွေ စားဝတ်နေရေး ပြေလည်စေဖို့ အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ တိုင်ပင်ပြီး ဒီသမဂ္ဂကို ဖွဲ့စည်း
လိုက်တာ ဖြစ်ပါတယ်။ ယခု ဖွဲ့စည်းလိုက်တဲ့ မြန်မာ့ မီးရထား စက်ခေါင်းစက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်းဟာ အစိုးရ ဝန်ထမ်းတွေ
အနေနဲ့ ပထမဆုံး ဖွဲ့စည်းလိုက်တဲ့ အလုပ်သမား သမဂ္ဂ အဖွဲ့အစည်းတစ်ခုလဲ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။