Tuesday, July 17, 2012

 တက္ကသိုလ်ရိပ်သာလမ်းပေါ်၌ ယာဉ်နှစ်စီးခေါင်းချင်းဆိုင် တိုက်မိရာ ကိုးနှစ်အရွယ် ကလေးငယ်အပါဝင် သုံးဦးဒဏ်ရာရ

Monday, 16 July 2012
ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမပေါ်၌ ဇူလိုင်လ ၁၃ ရက်နေ့ နေ့လည် ၂နာရီ ၁၀ မိနစ်အချိန်က ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိရာ ၉နှစ်အရွယ် ကလေးငယ်အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ကမ္ဘာအေးဘုရားလမ်းမှ လှည်းတန်းဘက်သို့ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း မောင်းနှင်လာသော ၈က/---- မတ်ခ် တူးမော်တော်ယာဉ်သည် သံလွင်လမ်းအရောက်တွင် လမ်းပြောင်းပြန် မောင်းနှင်ရာ လှည်းတန်းဘက်မှ ကမ္ဘာအေးဘုရားလမ်းဘက်သို့ ယာဉ်မောင်းကိုညီစိုးမောင်းနှင်လာသော မတ်ခ်တူးရွှေငါးယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်သည်။ ထိုသို့ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုကြောင့် မတ်တူးရွှေငါးပေါ်မှ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၈က/---- မတ်ခ်တူး မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်းသူ အမျိုးသားတစ်ဦးနှင့် နောက်ခန်းတွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်တိုက်မှု ဖြစ်စဉ်အနီးဝန်းကျင်တွင် ရှိသူများထံမှ စုံစမ်းသိရှိရပါသည်။
''လမ်းပြောင်ပြန် မောင်းနှင်လာတဲ့ကားကို မြင်ပေမယ့် ရှောင်လိုက်ရင် နောက်ကကားနဲ့ တိုက်မိမှာမို့ ဘရိတ်အုပ်လိုက်ပါတယ်။ လမ်းပြောင်းပြန်မောင်းတဲ့ကားက မြန်လည်းမြန်တော့ ရှောင်ချိန်လည်းမရပါဘူး။ ကားကလေအိတ်ပွင့်လို့ တော်သေးတယ်။ ကလေးကတော့ ဒူး ခေါင်းနာသွားတယ်။ သူတို့ကားက တိုက်ပြီးနောက်ကိုပြန်လိမ့်သွားတာ''ဟု ရွှေငါးမတ်ခ်တူးကားမှ ယာဉ်မောင်းကိုညီစိုးက ပြောပြပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။