Monday, September 3, 2012

ပြည်တော်ပြန် ရှစ်လေးလုံးခေါင်းဆောင်များ အစိုးရ၀န်ကြီးများနဲ့တွေ့

လက်ရှိ မြန်မာနိုင်ငံထဲက ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ အပေါ်မှာ အားရကျေနပ်မိတယ်လို့ မကြာခင်ကမှ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အပြန်အလှန် သံသယဖြစ်မှုတွေ ကင်းရှင်းပြီးတော့ အပြောင်းအလဲ အတွက် ပူပေါင်း လုပ်ဆောင်သွားကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။ ကိုမိုးသီးဇွန်အပါအ၀င် ပြည်ပကနေ မကြာခင်ကမှ ပြန်လည် ရောက်ရှိလာတဲ့ အတိုက်အခံ ခေါင်းဆောင်တချို့နဲ့ နိုင်ငံတော်သမ္မတ ရုံးက ပြည်ထောင်စု ၀န်ကြီး နှစ်ဦးတို့ ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ ကိုမိုးသီးဇွန်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရခိုင် အရေး နောက်ဆုံး ဆောင်ရွက်နေမူ အပေါ် ဝေဖန်ဆောင်းပါး စိတ်ဝင်စားစရာကောင်း

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့  ဆူပူ အကြမ်းဖက်မူ ဖြစ်စဉ် အတွင်းမှာ   ဖမ်းဆီးခံထားရတဲ့ သူတွေ အပေါ် သမ္မတကြီး ဦးသိန်းစိန်မှ (ပြင်ပ ပယောဂတွေကြောင့်) ကျောသား ရင်သားခွဲခြားပြီး ဘက်လိုက် ဆောင်ရွက် နေတယ်ဆိုပြီး  ဝေဖန်မူများ ထွက်ပေါ်နေတဲ့ နေရာမှာ အခု  နောက်ဆုံး ထွက်လာတဲ့  ပြည်တွင်း အခြေစိုက် Coral Arakan News Agency မှ သတင်း ဆောင်းပါး တစ်ပုဒ်က စိတ်ဝင်စားစရာ ကောင်းတဲ့ အတွက် စာဖတ်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ နောင်တောင်းရှိ နာကောင်းကောင်စခန်းမှ ဒုက္ခသည်များအား ကချင်ပြည်နယ် အတွင်းသို့ မိုးရာသီကုန်မှ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့



7488
တရုတ်နိုင်ငံရှိ ကချင်ဒုက္ခသည်များ သြဂုတ်လ၂၀ ရက်နေ့က ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ နောင်တောင်းမြို့ အနီးတစ်ဝိုက်ရှိ ကယ်ဆယ်ရေး စခန်းများအနက် နာကောင်းကောင် (Na Kawng Kawng )စခန်းမှ ကချင်ဒုက္ခသည်များအား မိုးရာသီကုန်မှနေရပ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
တရုတ်နိုင်ငံရှိ ကချင်ဒုက္ခသည်များအား နေရပ်သို့ ပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက သြဂုတ်လ ၁၅ ရက်နေ့က ပြောကြားခဲ့ပြီး ဒုက္ခ သည်များမှာ သြဂုတ်လ ၁၈ ရက်နေ့ မှ ၃၁ ရက်နေ့အထိ စခန်းတစ်ခုချင်းစီ အလိုက် ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။
လက်ရှိအချိန်အထိ နောင်တောင်းမြို့အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ထားသည့် ယန်လူ၊လောဝ်ဖိုင်၊ လုံဂရောက်၊ ခဒေါင်းပါ၊ ငါနောင်ပါ အပါအ၀င် လားရင်းစခန်းများမှ ကချင်ဒုက္ခသည် စုစုပေါင်း ၅၄၀၀ ကျော်သည် ကချင် ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများ ဖြစ်သည့် ဘွမ်စစ်ပါ၊ လနားဇွပ်၊ ပါတထောင် နှင့် မန်ဝိန်းကြီးစခန်းများသို့ပြောင်း ရွှေ့ပြီးဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ အများစုမှာ အစိုးရ၊ အခြားအဖွဲ့များနှင့် ဘာသာရေး အဖွဲ့အစည်းများမှ ထောက်ပံ့သော စားနပ်ရိက္ခာအပေါ် မှီခိုနေရဆဲဖြစ်


ရခိုင်ပြည်နယ်အတွင်းရှိ နေရပ် ရွှေ့ပြောင်းအခြေချ နေထိုင်ရသူ ဒုက္ခသည်အများစုမှာ အစိုးရ၊ လူသားချင်း စာနာထောက်ထားသော အဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်းများက ထောက်ပံ့ပေးသော စားနပ်ရိက္ခာအပေါ်တွင် အလွန်အကျွံ မှီခိုနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထား မှုလုပ်ရပ်များ ကူညီဆောင်ရွက်ပေးရေးရုံး UNOCHA ၏ဇူလိုင်လနှင့် သြဂုတ်လအတွက် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ပြည်တွင်းဆိပ်ကမ်းသစ် ခြောက်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ရန် စီစဉ်

7485

မန္တလေးဂေါဝိန်ဆိပ် တစ်နေရာ ဓာတ်ပုံ - မင်းသန့်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ကြောင်း တစ်လျှောက် ပြည်တွင်းဆိပ်ကမ်းသစ် ခြောက်ခုအား ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒု-ညွှန်ချုပ်ဦးကိုကိုဦး ၏ ပြောကြားချက်အရ သိရသည်။

 အင်းလေး ဒေသပတ်ဝန်းကျင်တွင် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ


အင်းလေးဒေသ ပတ်ဝန်းကျင်တွင် ဟိုတယ်များ ပိုမိုလိုအပ်လာ သည့်အတွက် ဟိုတယ်ဇုန်တစ်ခု ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရှိရသည်။

ဖားကန့်ဒေသတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် တိုက်ပွဲများ ခေတ္တရပ်နားနေပြီး မြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ဆက်လက်ဝင်ရောက်နေ



7483
တိုက်ပွဲများဖြစ်ပွားရာမှ ထွက်ပေါ်လာသော မီးခိုးများကို ဖားကန့်မြို့အတွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြင်တွေ့ရစဉ်
ဖားကန့်မြို့နယ်အတွင်း သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး သြဂုတ်လ ၃၀ ရက်နေ့က ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းသြဂုတ်လ ၃၁ ရက် နှင့်စက်တင်ဘာလ ၁ ရက် များတွင် တိုက်ပွဲများခေတ္တရပ်နားနေကာ စစ်ပြေးဒုက္ခသည်များ ဖားကန့်မြို့ပေါ်သို့ ဆက်လက်ဝင်ရောက်လျက် ရှိသည်ဟု သိရှိရပါသည်။

ယာဉ်စည်းကမ်း ချိုးဖောက်မောင်းနှင်ပါက ယာဉ်မောင်းများကိုသာမက ယာဉ်ကိုပါသိမ်း၍ အရေးယူ၊ နှစ်ပတ်အတွင်း သိမ်းယူခဲ့သော ယာဉ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ပါရမီနှင့် အဓိပတိ ယာဉ်လိုင်းများမှ ဖြစ်ကြောင်း သိရ


7482
ခရီးသည်တင် ယာဉ်လိုင်းများ မှ ယာဉ်စည်းကမ်း ချိုးဖောက်၍ မောင်းနှင်နေသော ယာဉ်မောင်းများ ကို ဒဏ်ငွေဖြင့် အရေးယူသွားမည့် အပြင် ယာဉ်ကိုပါ သိမ်းယူသည့် အရေးယူမှုအစီအစဉ်ကို စတင်သွားမည်ဖြစ်ပြီး နှစ်ပတ်အတွင်း သိမ်းယူခဲ့သော ယာဉ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ပါရမီယာဉ်လိုင်းနှင့် အဓိပတိ ယာဉ်လိုင်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

FEC အားရုပ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန် အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလ ကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ



7487
ကြားခံငွေကြေး FEC(Foreign Exchange Certificate) အားတွေ့ မြင်ရစဉ်
ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့်ကြားခံငွေကြေး FEC (Foreign Exchange Certificate ) အား ရုပ်သိမ်းမည်ဆိုပါက ပြည်သူလူထု သိရှိလဲလှယ်နိုင်ရန် အချိန် ကာလတစ်ခု တရားဝင်ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး သတ်မှတ် ကာလကျော်လွန်သွားပါက FEC အား ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးမောင်မောင်ဝင်းက ပြောကြားသည်။

 လာမည့်ပွင့်လင်းရာသီ အောက်တိုဘာလမှစ၍ နိုင်ငံတကာ လေကြောင်းလိုင်းငါးခု ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပျံသန်းမည်



ရန်ကုန်မြို့သို့ အောက်တိုဘာလမှ စတင်ပျံသန်းမည့် All Nippon Airways (ANA) လေကြောင်းလိုင်းအား တွေ့ရစဉ်
လာမည့် ပွင့်လင်းရာသီကာလဖြစ်သော အောက်တိုဘာလမှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်း ငါးခုမှ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင် ပျံသန်းမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရပါသည်။

နိုင်ငံပိုင်ဟိုတယ်များကို ပုဂ္ဂလိက ငှားရမ်းမှုများပြုလုပ်ရန် လေလံဆွဲရာတွင် ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များ ငှားရမ်းခဈေးနှုန်းကို လွန်ခဲ့သည့် ငါးနှစ်ကထက် လေးဆကျော်မြင့်တက် ငှားရမ်း၊ ကျိုက်ထိုဟိုတယ်ကို ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဖြင့် လေလံအောင်မြင်


နိုင်ငံပိုင်ဟိုတယ်များ ပုဂ္ဂလိက ငှားရမ်းမှုများပြုလုပ်ရန် လေလံဆွဲရာတွင် ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များ ငှားရမ်းခဈေးနှုန်းကို လွန်ခဲ့ သည့် ငါးနှစ်ကထက် လေးဆကျော် ဈေးနှုန်းမြင့်တက် ငှားရမ်းခဲ့ရကြောင်း ဟိုတယ်လေလံဆွဲရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်များထံမှ သိရှိရ သည်။

 ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံးနှင့် ပတ်သက်၍ မြန်မာ နှင့် တရုတ်ကျောက်စိမ်း ကုမ္ပဏီတို့ တရုတ်နိုင်ငံတွင် တရားရင်ဆိုင်နေ၊ မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းများကို ဝရမ်းချိတ်ပိတ်ထား


7481
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ ထွက်ရှိသော ယူရိုသန်းချီတန် ကျောက်စိမ်းတုံးနှစ်တုံး နှင့်ပတ်သက်၍ မြန်မာနှင့် တရုတ် ကျောက်စိမ်းကုမ္ပဏီတို့ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ဖူဆန်မြို့ ပြည်သူ့တရားရုံးတွင် တရားရင်ဆိုင်နေပြီး မြန်မာကုမ္ပဏီ၏ လျှောက်ထားမှုကြောင့် ကျောက်စိမ်းတုံးများကို ချိပ်ပိတ်ထားကြောင်း သီတာ မြနန်းကုမ္ပဏီ၏ ထုတ်ဖော်ပြောကြားချက်အရ သိရပါသည်။

 သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် ABSDF ဗဟိုဥက္ကဌဟောင်းများ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်



စက်တင်ဘာလ ၂ ရက်နေ့က ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲအား တွေ့ရစဉ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

သမ္မတရဲ့ ရခိုင်အရေး ရပ်တည်ချက် မန်းသံဃာနဲ့လူထု ထောက်ခံဆန္ဒဖော်ထုတ်



2012-09-02
သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအ၀င် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။

ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ သမ္မတရုံးဝန်ကြီးများ တွေ့ဆုံ



2012-09-02
သမ္မတရုံးဝန်ကြီးတွေ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ ဦးအောင်မင်းနဲ့ ဒုတိယဝန်ကြီး ဦးအောင်သိမ်း တို့ဟာ ပြည်ပက ပြန်လာတဲ့ မြန်မာနိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ရွှေလီလမ်း၊ ဗဟန်း မြို့နယ်မှာရှိတဲ့ Myanmar Peace Centre မှာ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဘက်လိုက်ခွဲခြား ဆက်ဆံမှု လှိုင်သာယာ စက်မှုဇုန်လုပ်သားများ ဆန္ဒပြ



2012-09-02
အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေဖက်က ဖိနှိပ်နေတာတွေ အဆုံးသတ်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း စက်မှုဇုန် အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား ကိုယ်စားလှယ် (၂၀၀) လောက်ဟာ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ပြီး လှိုင်သာယာ ဘီအိုစီအ၀ိုင်း အနီးကနေ ရက်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းအုပ်ချုပ်မှုစနစ် ဗဟိုချုပ်ကိုင်မှု နဲပါးကြောင်း လေ့လာသူ ကိုယ်စားလှယ်များပြောဆို



2012-09-02
ထိုင်းနိုင်ငံ ပါလီမန်လွှတ်တော်နဲ့ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာတွေကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ အပါအ၀င် လူထုအခြေပြုအဖွဲ့အစည်းက အဖွဲ့ဝင် ၂၂ ဦးဟာ ဒီကနေ့ ညနေပိုင်းက ချင်းမိုင်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွါသွားကြပါတယ်။
RFA
ထိုင်းနိုင်ငံပါလီမန်လွှတ်တော်နှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများကို သွားရောက်လေ့လာခဲ့သော ကိုယ်စားလှယ်များထဲမှ တစ်ဦးဖြစ်သူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က ချင်းမိုင်လေဆိပ်တွင် တွေ့ရစဉ်။

တိုရွန်တိုစတား သတင်းစာ မှားယွင်းဖော်ပြမှု မြန်မာနိုင်ငံသားများ ဆန္ဒပြ



2012-09-01
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တိုရွန်တိုစတား သတင်းစာတိုက်ရှေ့မှာ ကနေဒါရောက် မြန်မာနိုင်ငံသားတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မှာ ရိုဟင်ဂျာတွေ ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး တိုရွန်တိုစတား သတင်းစာမှာ မှားယွင်းတဲ့ အချက်အလက်တွေ ထည့်သွင်း ဖော်ပြခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာလို့ သိရပါတယ်။

အစိုးရတပ် စစ်အင်အားတိုးချဲ့မှုကြောင့် ကချင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ



2012-09-01
အစိုးရတပ်နဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဒုက္ခသည် အရေအတွက်ဟာ အခုဆိုရင် ၁ သိန်းကျော်လောက် ရှိနေပြီလို့ သိရပါတယ်။
သောကြာနေ့ကစပြီး အစိုးရဘက်က ရဟတ်ယာဉ် နှစ်စင်းနဲ့ စစ်သည်အင်အားတွေ အကြိမ်ကြိမ် တိုးချဲ့နေတဲ့ အတွက်လည်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာမှာကို ဒေသခံ ပြည်သူတွေ စိုးရိမ် ထိတ်လန့်နေကြကြောင်း ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်မည်



2012-09-01
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်တစ်ဦး ထပ်မံရွေးချယ်ရေး ကိစ္စကို ဒီလဆန်းပိုင်းမှာ အပြီးသတ် ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် မူလက ဆန်ခါတင် ရွေးချယ်ခံခဲ့ရသူ နှစ်ဦးထဲက တစ်ဦး နှုတ်ထွက်သွားခဲ့ပါတယ်။

KNU နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် တွေ့ဆုံမည်



2012-09-01
တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရေး ကိစ္စတွေ ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့အဖွဲ့ ကရင်ပြည်နယ် ဖားအံမြို့ကို ထိုင်း-မြန်မာနယ်စပ်ကနေ မနေ့မနက်က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးရမိ



2012-09-01
ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့က ကျေးရွာတရွာမှာ သြဂုတ်လ ၃၁ ရက်နေ့ မနေ့ မနက်ပိုင်း လင်းအားကြီးအချိန်က ကျပ်ငွေ သိန်းတစ်ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။