Monday, September 3, 2012

ဖားကန့်ဒေသတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် တိုက်ပွဲများ ခေတ္တရပ်နားနေပြီး မြို့ပေါ်သို့ စစ်ပြေးဒုက္ခသည်များ ဆက်လက်ဝင်ရောက်နေ



7483
တိုက်ပွဲများဖြစ်ပွားရာမှ ထွက်ပေါ်လာသော မီးခိုးများကို ဖားကန့်မြို့အတွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြင်တွေ့ရစဉ်
ဖားကန့်မြို့နယ်အတွင်း သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေပြီး သြဂုတ်လ ၃၀ ရက်နေ့က ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းသြဂုတ်လ ၃၁ ရက် နှင့်စက်တင်ဘာလ ၁ ရက် များတွင် တိုက်ပွဲများခေတ္တရပ်နားနေကာ စစ်ပြေးဒုက္ခသည်များ ဖားကန့်မြို့ပေါ်သို့ ဆက်လက်ဝင်ရောက်လျက် ရှိသည်ဟု သိရှိရပါသည်။

“အခု လောလောဆယ်တော့ တိုက်ပွဲတွေ ရပ်နားနေပါတယ်။ ဒုက္ခသည်တွေတော့ မြို့ပေါ်ကိုဝင်နေ သေးတယ်။ မှော်ငါးမှော်ကလူတွေ ကို နှင်နေတယ်ကြားပါတယ်။ ဒါ ကြောင့် မြို့ပေါ်ကိုဒုက္ခသည်တွေ ဆက်ပြီး ၀င်လာလိမ့်ဦးမယ်ထင် ပါတယ်။ ဒုက္ခသည်တွေကို မြို့ပေါ် မှာရှိတဲ့ ဘုရားကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးပါတယ်။ စားသောက်ဖို့အတွက် မြို့ပေါ်မှာရှိတဲ့လူတွေ  က ရန်ပုံငွေကောက်ခံပြီး ကျွေးမွေး ပါတယ်။ မြို့ပေါ်မှာဒုက္ခသည် ဦးရေသောင်းဂဏန်းလောက်ရှိမယ် လို့ခန့်မှန်းပါတယ်”ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ဖားကန့်မြို့အပြင်ဆိုင်းတောင် နှင့်မှော်အချို့တွင်လည်း ဒုက္ခသည် စခန်းများရှိသည်ဟု သိရပြီး နေထိုင်ရေးအတွက် အခက်အခဲရှိနေကြောင်း သိရသည်။
“စားဖို့အတွက်တော့ အဆင်ပြေပါသေးတယ်။ မိုးက နေ့တိုင်း အဆက်မပြတ် ရွာပါတယ်။ မိုးရွာ တော့မိုးရေကိုပဲ အဓိကသောက်သုံး ရပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအခက်အခဲတွေတော့မ ရှိသေးဘူး။ လောလောဆယ် တိုက်ပွဲတွေနားနေတယ်” ဟု ဆိုင်းတောင်မှ ဒေသခံတစ်ဦးက စက်တင်ဘာ ၁  ရက်နေ့က ပြောကြားပါသည်။
သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက တိုက်ပွဲများပြင်းထန်ခဲ့ပြီး ယမ်းဂိုထောင်တစ်ခုပေါ်သို့ ကျရောက် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဖားကန့်နှင့်ဆိုင်းတောင် ဒေသများရှိ နေအိမ်အချို့တွင် မှန်များ ကွဲအက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။