Monday, September 3, 2012

နိုင်ငံပိုင်ဟိုတယ်များကို ပုဂ္ဂလိက ငှားရမ်းမှုများပြုလုပ်ရန် လေလံဆွဲရာတွင် ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များ ငှားရမ်းခဈေးနှုန်းကို လွန်ခဲ့သည့် ငါးနှစ်ကထက် လေးဆကျော်မြင့်တက် ငှားရမ်း၊ ကျိုက်ထိုဟိုတယ်ကို ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော်ဖြင့် လေလံအောင်မြင်


နိုင်ငံပိုင်ဟိုတယ်များ ပုဂ္ဂလိက ငှားရမ်းမှုများပြုလုပ်ရန် လေလံဆွဲရာတွင် ပါဝင်ယှဉ်ပြိုင်သည့် လုပ်ငန်းရှင်များ ငှားရမ်းခဈေးနှုန်းကို လွန်ခဲ့ သည့် ငါးနှစ်ကထက် လေးဆကျော် ဈေးနှုန်းမြင့်တက် ငှားရမ်းခဲ့ရကြောင်း ဟိုတယ်လေလံဆွဲရာတွင် ပါဝင်ခဲ့သည့် လုပ်ငန်းရှင်များထံမှ သိရှိရ သည်။

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနပိုင် ဟိုတယ်အသီးသီးကို ငှားရမ်းမှုများပြုလုပ်ရန် လေလံပွဲတစ်ခုကို သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် လေလံဆွဲယူသည့် လုပ်ငန်းရှင်များ တက်ရောက် လေလံဆွဲယူခဲ့ကြသည်။
နိုင်ငံပိုင်ဟိုတယ်ခုနစ်လုံးကို လေလံဆွဲယူနိုင်ရန် လုပ်ငန်းရှင်များ အနေဖြင့် ပထမဆုံးချိပ်ပိတ်တင်ဒါ တင်သွင်းခဲ့ကြရသည်။ ထို့နောက် ချိပ်ပိတ်တင်ဒါအတွင်း ဈေးနှုန်း အများဆုံးပေးထားသည့် လုပ်ငန်း ရှင်ငါးယောက်ကို ရွေးချယ်ပြီး လက်ရှိအဆိုပါဟိုတယ်များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့်အတူ လေလံအပြိုင်ဆွဲခွင့်ကို ပေးခဲ့ခြင်းဖြစ်သည်။

ချိပ်ပိတ်တင်ဒါအတွင်း ဈေးနှုန်းအများဆုံး ပေးထားသည့် လုပ်ငန်းရှင် ငါးယောက်ကို ရွေးချယ်ပြီး လက်ရှိ အဆိုပါဟိုတယ်များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် အတူ လေလံအပြိုင်ဆွဲခွင့်ကို ပေးခဲ့  .  .  .
လေလံဆွဲရာတွင် ပါဝင်ခဲ့သည့် Orginal Group Co.,Ltd မှ ဦးသျှားညိုက “ဒီနေ့ကတော့ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့  အများကြီးပိုပြီးတက်သွားတာဆိုတော့ လေလံပွဲကတော့ ၀န်ကြီးဌာန အနေနဲ့ အလွန်အောင်မြင်တဲ့ပွဲလို့ ပြောလို့ရပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အစွန်ပြီး အစွန်ဆုံး ဈေးနှုန်းတွေကိုပေးပြီး ယူထားရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် စွန့်စားမှုတစ်ခုပါပဲ။ တော်တော်ကို ကြိုးစားယူရပါလိမ့်မယ်။ ထပ်ပြီးတိုးချဲ့မယ့် အရာတွေနဲ့ ပတ်သက်ပြီးတော့က သက်ဆိုင်ရာဌာနရဲ့ခွင့်ပြု ချက်ကို ရယူရမှာဖြစ်ပါတယ်။ ဒီရင်းနှီးမှုငွေကြေးကိုတော့ ပြန်လည်အပ်နှံတဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာန နဲ့ ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ရပါ လိမ့်မယ်။ စာချုပ်ပါဖတ်ပြတဲ့အထဲ မှာ ညှိနှိုင်းလို့ ရနိုင်တယ်ဆိုတဲ့ ကိုယ် ရင်းနှီးမြှုပ်နှံထားတဲ့ အပေါ်မှာ နောက်ဆုံးသက်တမ်းတိုးတဲ့ နေရာမှာ အထောက်အပံ့ဖြစ်စေနိုင်တယ်။ ဌာနအနေနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေ အပေါ်မှာ ငဲ့ညှာမယ်လို့ အကြမ်းဖျင်း သုံးသပ်လို့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ကြီးမားတဲ့စွန့်စားမှုကြီး တစ်ခုပါပဲ။ ကျွန်တော်အောင်တဲ့ နေရာတွေကတော့ ပင်းတယ၊ ကလော၊ ကော့သောင်း၊ မိတ္ထီလာတို့ဖြစ်ပါ တယ်” ဟု ပြောကြားခဲ့သည်။
Orchid Company မှ ဦးဌေး အောင်က “အခုလို လက်ခုပ်ကုန်းဟိုတယ်၊ ကျိုက်ထိုဟိုတယ်၊ ကလော ဟိုတယ် စုစုပေါင်းသုံးခုကို တင်ဒါ အောင်ထားပါတယ်။ ဒီပွဲမှာတော့ လက်ခုပ်ကုန်းဟိုတယ်တစ်ခုကိုပဲ ယူ နိုင်ခဲ့ပါတယ်။ တင်ဒါဈေးနဲ့အခု လေလံဈေးက အဆပေါင်းများစွာ မြင့်တက်သွားပါတယ်။ လုပ်သာကိုင် သာရှိတာထက် ပိုမြင့်သွားတယ်လို့ ယူဆပါတယ်။ လက်ခုပ်ကုန်းဟို တယ်ကိုတင်ဒါ ကျပ် ၁၅ သိန်းနဲ့တင် ထားတာ အခုကျပ်သိန်း ၂၀၀ နဲ့ပြန် ရပါတယ်။ ကျိုက်ထိုဟိုတယ်ကို ကျပ်သိန်း ၃၆၀၀ နဲ့ တင်ဒါအောင်ထားတာ အခုဆိုရင် ကျပ်သိန်းပေါင်း ၁၈၀၅၀ နဲ့ လေလံအောင်သွားကြပါတယ်။ ကျိုက်ထိုဟိုတယ်ကတော့ လွန်ခဲ့တဲ့ နှစ်တွေ အထိတော့ ကျပ်သိန်း ၄၀၀ လောက် ရှိတယ်လို့ သိရတယ်။ အဲဒါ ကလည်း ကျိုက်ထိုဟိုတယ်ရောက် တော့ ၀န်ထမ်းတွေဆီက စုံစမ်းသိရ တာပါ။ အရင် ကျပ်သိန်း ၄၀၀ ဒီနေ့ ကျပ်သိန်းပေါင်း ၁၀၈၀၀နဲ့ဆိုရင် နိုင်ငံ တော်အတွက် ဘယ်လောက်အကျိုးရှိ သွားသလဲဆိုတာကို ဖော်ပြနေပါတယ်။ ဒီပွဲမှာက ဒုဝန်ကြီးပြောပြချက် အရတော့ ရင်းနှီးမြှုပ်နှံမှုများမယ် ဆိုရင်တော့ ငါးနှစ်သက်တမ်းဆိုတာ အင်မတန်နည်းပါတယ်။ ထပ်ပြီးတိုးပေးဖို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ နှစ်ရှည်နှစ် ၃၀ လောက်ရမယ်ဆိုရင်တော့ ဟိုတယ်ကမ်းခြေ အလှအပတွေ ပါ ဖော်ဆောင်သွားမယ်လို့ စီစဉ်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
ယခုလေလံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လက်ခုပ်ကုန်းမြို့နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၂၀၀ ဖြင့် ဦးဌေးအောင်မှ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၇၀၀၊ ရှမ်းပြည်နယ်ပင်းတယမြို့နယ်မှ ဟိုတယ်ကို ကျပ်သိန်း ၆၀၀၊ မန္တလေးတိုင်းဒေသကြီး၊ ၀န်ဇင်းကို ကျပ် သိန်း ၁၂၅၀၊ ရှမ်းပြည်နယ်၊ ကလော မြို့နယ်ရှိ ဟိုတယ်ကို ကျပ်သိန်း ပေါင်း ၂၆၀၀ ဖြင့်လည်းကောင်း ဦးသျှားညိုက လေလံအောင်ခဲ့သည်။ Imperial Jade Hotel  ကို ကျပ်သိန်းပေါင်း ၅၆၀၀ ဖြင့် ဒေါ်ခင်ပြုံးရီက လည်းကောင်း၊ ကျိုက်ထိုဟိုတယ်ကို ကျပ်သိန်းပေါင်း ၁၈၀၅၀ ဖြင့် ဦးနိုင်လင်းကိုကိုက လည်းကောင်း အသီးသီး လေလံအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။