Tuesday, August 7, 2012

AIO အဖွဲ့ဝင်ဟောင်း တစ်ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကွယ်လွန်



ထွန်းထွန်း
ရခိုင်ပြည်လွတ်လပ်ရေး အဖွဲ့ (AIO) အဖွဲ့ဝင် ဟောင်းတဦးဖြစ်သူ  ဦးမောင်ကျော်အေးသည် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ကော့စ်ဘဇားမြို့တွင်  သြဂုတ်လ ၅ရက်နေ့ တွင်ကွယ်လွန် အနိစ္စ ရောက်သွားခဲ့သည်။

ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၂ ဦး မလေးရှားတွင် ဖမ်းဆီးခံရ

ထွန်းထွန်း
တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို မလေးရှားနိုင်ငံ ရှူပိန်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု မလေးရှားရဲက ပြောသည်ဟု Bernama  သတင်းတွင် ဖေါ်ပြသည်။
မလေးရှားရှိ မြန်မာ အလုပ်သမားများ ( ဓါတ်ပုံ- IMNA)

ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ

မောင်ရမ္မာ
ကျောက်ဖြူမြို့တွင်  မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦးကို  သြဂတ်စ်လ ၄ ရက်နေ့က ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

စစ်တွေ တက္ကသိုလ်ပြန်ဖွင့် ကျောင်းသား ၆၀ သာ တက်ရောက်



မောင်ရမ္မာ
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် ပိတ်ထားရသော စစ် တွေ တက္ကသိုလ်ကို ယနေ့  သြဂတ်စ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။

မြို့သစ်မြေဈေး လျော့ရောင်းနေရချိန်မြို့တွင်း၌အိမ်ခြံမြေဈေး ဆက်လက်မြင့်တက်


မနလေးမြို့သစ်မြို့နယ်များမှ ငွေပေါ်လိုသူလုပ်ငန်းရှင်များအနေဖြင်အိမ်မြေခေါ်ဈေးလျောချရောင်းနေရချိန်တွင်မြို့တွင်းစီးပွားရေးအခေတကျလုပ်ကိုင်လိုသူများကြောင် အိမ်ခြံမြေဈေးနန်း များမှာ ဆက်လက်မြင့်တက်လျှက်ရှိကောင်း မနလေးအိမ်ခံမြေအကျိုးဆောင်များထံက သိရှိရသည်

ဒေါ်အောင်ဆန်းစုကြည်ရဲ့မှတ်တမ်းရုပ်ရှင်အကြောင်း သေချာတာတွေပဲပြောချင်တဲ့မင်းထင်ကိုကိုကြီးနှင့် တွေ့ဆုံခြင်း


မင်းထင်ကိုကိုကြီးသည်  အင်းသီးမှတ်တမ်းရုပ်ရှင်ဖြင့် ၂ဝ၁ဝခုနှစ်၊အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်သည့် Festival of Photos, Reportage Film and Documentary Film on the Countries and People in ASEAN  တွင် Best Documentary  ၂ဝ၁ဝ အမျိုးအစားအတွက်ဒုတိယဆု ရရှိထားသည့် ဒါရိုက်တာတစ်ဦးဖြစ်ပြီး မြန်မာ့ဗီဒီယိုလောကတွင်လည်းနာမည်ကျော်ဇတ်ကားများစွာ ဖန်တီးပုံဖော်နေသူတစ်ဦးလည်းဖြစ်သည်။

လာမည့်နှစ်ကျောင်းကားဈေးကွက်သို့ ဝင်ရောက်ရန် ဂျပန်မီနီဘတ်စ်အစီး(၅ဝ)မှာယူ


၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွင်း ရန်ကုန်မြို့ရှိ ကျောင်းသားများတွင် ဈေးနန်း သက်သာစွာဖြင့် ကျောင်းကိုပိုပေးနိုင်ရန် ဂျပန်နိုင်ငံမှမီနီဘတ်စ်ကားအစီးရေ (၅ဝ)ကို တင်သွင်းမည်ဖြစ်ကြောင်း သိရသည်

ရက်ဆက်မိုးကြောင့် ဒဂုံမြို့အရှေ့ပိုင်းမြို့နယ်ရှိ ရွာ(၇)ရွာ ရေလွှမ်းခံနေရ


ရန်ကုန်တိုင်းဒေသကီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မလှစ်အရှေပိုင်းကျေးရွာအုပ်စုတွင်မိုးဆက်တိုက်ရွာသွန်းနေခြင်းကောင့်   ကျေးရွာ(၇)ရွာ ရေလမ်းမိုးမခံနေရကြောင်း သိရသည်

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိန်ခေါ်ချက်အား ဖြေရှင်းနိုင်ဖို့လိုဟု မစ္စတာကွင်တားနားပြောကြား


မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းအမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စိန်ခေါ်မများကို ဖြေရှင်းနိုင်ရန် လိုအပ်ကောင်း မစ္စတာကွင်တားနားက လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲသည်

တရုတ်ငွေဈေးတက်ချိန် မိုးတွင်းသုံးကားအလှဆင်ပစ္စည်းများ အရောင်းသွက်


ရန်ကုန်ကားအလှဆင်ပစ္စည်းဈေးကွက်တွင် အခြားပစ္စည်းများမှာအရောင်းအဝယ်မရှိသလောက်တည်ငြိမ်နေသော်လည်း မိုးတွင်းသုံးအလှဆင်ပစ္စည်းများမှာအရောင်းအဝယ်ဖြစ်ပေါ်လျှက်ရှိကောင်းဈေးကွက်အတွင်းကသိရှိရသည်

အိမ်ထောင်သည်အမျိုးသမီးများအနေဖြင့် အသက်ငယ်ရွယ်စဉ် ကလေးစောစောယူရန်လို


အသက်ကြီးမှအိမ်ထောင်ကျသူများအနေဖြင့် ကလေးယူရာတွင် အခက်အခဲများဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိသည့် အုပ်စုအတွင်းသို့ရောက်ရှိနိုင်သဖြင့်ကလေးစောစောယူသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုပြောဆိုကြသည်။

ကချင်ပြည်နယ်တွင် နာနတ်ဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေ


ကချင်ပြည်နယ်တွင် မိုးပြင်းထန်စွာ ရွာသွန်းနေခြင်းကြောင့် နာနတ်သီးများမှာ ယခင်နှစ်ထက် အထွက်နန်းကျဆင်းနေသဖြင့်    ဈေးနန်းမြင့်တက်လျှက်ရှိကြောင်း သိရသည်

ကွမ်းခြံများအတွင်း မြစ်ရေတိုး၍ကွမ်းဈေး(၄)ဆမြင့်တက်


ကွမ်းခံစိုက်ပျိုးသည့်နေရာများတွင်  မြစ်ရေနစ်မြှုပ်မှုကြောင့် ရန်ကုန်ရှိ ကွမ်းဈေးကွက်အတွင်း ကွမ်းဈေးနန်းမှာ (၂)လအတွင်း လေးဆခန်အထိ မြင့်တက်လာကောင်း သိရှိရသည်
 

၇ လအတွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၇၀ ဦး သေဆုံး

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လကုန် အထိ ယာဉ်တိုက်မှု စုစုပေါင်း ၇၁၁ မှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၇၀ ဦးနှင့် ဒဏ်ရာရသူ ၁,၁ဝ၃ ဦးရှိခဲ့ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများက ဆိုသည်။

ငလျင်ဇုန်ပြ မြေပုံအား ၂ဝ၁၃ နှစ်ဆန်းတွင် နိုင်ငံတဝန်းလုံး ဖြန့်ချိမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ငလျင်ပြင်းထန်အားနှင့် လှိုင်းအရှိန် ကြာနိုင်ခြေတို့ကို ခန့်မှန်းတွက်ချက် ဖော်ပြထားသည့် ငလျင်ဇုန်ပြ မြေပုံအား မြန်မာနိုင်ငံ တဝန်းလုံးသို့ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ မတိုင်မီ ဖြန့်ချိမည် ဖြစ်သည်။

အရေးကြီးအဆိုများ ဆွေးနွေး အတည်ပြုရန် လိုအပ်နေဟု လွှတ်တော်အမတ် ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ အရေးကြီး ဥပဒေများကို ပြည်သူ့လွှတ်တော်တွင် မြန်မြန်ဆန်ဆန် ဆွေးနွေး အတည်ပြုရန် အားနည်းနေပြီး အဓိက အကြောင်းအရာများကို ပိုမိုအချိန်ပေး ဆွေးနွေးရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။

ရပ်ဆိုင်းခံရသည့် ဂျာနယ်နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရ

ချင်းမိုင်(မဇ္ဈိမ) ။      ။ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းခံရသည့် အပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြန်လည် ထုတ်ဝေခွင့်ပြုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ပဋိပက္ခ လွတ်လပ်သော စုံစမ်းမှု ကွင်တားနား တောင်းဆို

မဇ္ဈိမသတင်းဌာန ။        ။ တဘက်သတ် ဖမ်းဆီးထိန်းသိမ်း သတ်ဖြတ်မှုများ၊ ဥပဒေအရ ရပိုင်ခွင့်များအပေါ်
ငြင်းဆိုမှုများနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများ နှင့် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့အင်အား အလွန်အကျွံ အသုံးပြုမှု အပါအဝင် ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟူသော စွပ်စွဲချက်များ
နှင့် ပတ်သတ်၍ လွတ်လပ်၍ ယုံကြည်စိတ်ချလောက်သော စုံစမ်းစစ်ဆေးမှု တရပ်ပြုလုပ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနားက တောင်းဆိုလိုက်သည်။

အာဆီယံ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် ခေတ်နှင့်လျော်ညီတော့မည် မဟုတ်

(သတင်းသုံးသပ်ချက်)
ဗုဒ္ဓဟူးနေ့ဆိုလျှင် အာဆီယံ သက်တမ်း ၄၅ နှစ် ပြည့်တော့မည်။ ယခုလိုအချိန်တွင် အဖွဲ့ကြီးကို တည်ထောင်ခဲ့သူထံမှ သတိပေးစကားသည် ပိုလို့ပင် ကျယ်လောင်လာနေသည်။

“အာဆီယံအနေနဲ့ တစုတစည်းထဲမနေရင် အကွဲကွဲအပြားပြား ဖြစ်ကုန်လိမ့်မယ်” ဟု စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး အက်စ်ရာဂျာရတ်နမ် က ၁၉၆၇ ခုနှစ်က အာဆီယံအဖွဲ့ကြီးကို တည်ထောင်အပြီး ထိုအချိန်က ဘာကြောင့် တစုတစည်းထဲ နေဘို့ လိုအပ်ကြောင်းကို ပြောရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ဒေါ်စု ရုပ်တု ထားရှိမည်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တပိုင်းပုံ ပလာစတာ ရုပ်တု တခုကို အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေးမြို့တွင် ထားရှိမည်ဖြစ်ကြောင်း မြန်မာ့အရေး လှုပ်ရှားနေသည့် ဒေသခံ အဖွဲ့တခုဖြစ်သည့် မဏိပူရပြည်နယ် အခြေစိုက် Solidarity committee for Burma’s Democracy (SCBD) အဖွဲ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် ရေလျံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ ရေနစ်မြှုပ်မှုဖြစ်ပေါ်


ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ မိုးတွင်းတွင် မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် မရင်းချောင်းရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ ရေနစ်မြှုပ်မှုနှင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ



သြဂုတ်လ ၅ ရက်နေ့က ပဲခူးမြို့ပေါ်၌ ရေကြီးနေသဖြင့် လှေများဖြင့် သွားလာနေရစဉ်
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။

၂၀၁၂ ခုနှစ် ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှုဖြစ်စဉ် ခုနစ်ရာကျော် ဖြစ်ပွား၊ ကျူးလွန်သူမှ တိုက်ပြီး ထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့



7449
ဇူလိုင်လအတွင်း တက္ကသိုလ်ရိပ်သာလမ်း အနီး၌ ယာဉ်တိုက်မှုဖြစ်စဉ်မှ ယာဉ်တစ်စီးကို တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
၂၀၁၂ ခုနှစ် ခုနှစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ဖြစ်စဉ်ခုနစ်ရာကျော် ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ တိုက်ပြီးထွက်ပြေးသွားသည့် အမှုပေါင်းသုံးရာနီးပါးရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးသို့ လာရောက်ပြသသူဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိပြီး အများစုမှာ လူမူစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွား၍ ရောက်ရှိလာသူများဖြစ်



7448
ရန်ကုန်စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီး(အ၀င်ဝ)အား တွေ့ရစဉ်
စိတ်ကျန်းမာရေး အထူးကုဆေးရုံ ကြီး (ရန်ကုန်)သို့ လာရောက်ပြသသူ ဦးရေနှစ်စဉ်မြင့်တက်လျက် ရှိပြီးလူနာ အများစုမှာ လူမှုစီးပွားရေး ပြဿနာများကြောင့် စိတ်ရောဂါဖြစ်ပွားကာ ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း ကျေးရွာများရှိ လယ်ဧကများနှင့် အဆောက်အဦအချို့ ရေနစ်မြှုပ်မှုများဖြစ်ပွား ငမိုးရိပ်ဆည် တည်ဆောက်ပြီးကာလမှစ၍ ရေကြီးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရ



ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ရေနစ်မြှုပ်နေသည့် လယ်မြေအချို့ကို သြဂုတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်များရှိ ကျေးရွာများတွင် လယ်ဧကများနှင့် အဆောက်အဦအချို့ ရေနစ်မြှုပ်မှု ဖြစ်ပွားနေကြောင်း၊ ရေနစ်မြှုပ်မှုမှာ ငမိုးရိပ်ဆည် တည်ဆောက်ပြီးကာလများမှစ၍ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ရေနစ်မြှုပ်ခံ ရသောရွာများရှိ ဒေသခံများထံမှ သိရှိရသည်။

၈၈ မျိုးဆက် ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းခရီးစဉ် စတင်


၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် အဖွဲ့ဝင် ၅၀ ၀န်းကျင်ခန့် သွားရောက်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်းနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပြောကြား


ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။

ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား


ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူပေးနေသော တပ်မတော်သားများ။
ပိတ်ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးယူပေးနေသော တပ်မတော်သားများ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် လုပ်ဆောင်နေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တင်းမာမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ရာက ဒီကနေ့မနက် အစောပိုင်းမှာ နှစ်ဘက် အပြန်အလှန် အိမ်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံ က ပြန်သွားပြီး နောက် တနေ့မှာ အခုလို ဆူပူမှုတွေ ထပ်ဖြစ်တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံကို ၆ 

ဒေါ်စု အမေရိကန်ခရီး ကြိုဆိုဖို့ မြန်မာအသိုင်းအ၀ိုင်း ပြင်ဆင်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အတွင်း ဒေသခံ မြန်မာ အသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် မြန်မာအဖွဲ့အစည်းတွေ စုစည်း ဆွေးနွေး ပြင်ဆင်မှုတွေ လုပ်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မြို့ကြီး အတော်များများကိုလည်း သွားရောက် လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အရေး ၈၈ ကျောင်းသားအဖွဲ့ သတင်းစာရှင်းလင်းပွဲ


သတင်းမီဒီယာ လွတ်လပ်ခွင့် လှုပ်ရှားမှုများ


ရခိုင်ပြည်နယ်ခရီး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်း



2012-08-05
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီ-ရိုဟင်ဂျာ အရေး ကိစ္စဟာ အင်မတန် နက်နဲ သိမ်မွေ့တဲ့ အတွက် လူ့အခွင့်အရေး ရှုထောင့် တစ်ဘက်တည်းက မကြည့်ဘဲ တိုင်းတစ်ပါး နိုင်ငံသားတွေရဲ့ ကျူးကျော်မှု၊ နယ်စပ်ဒေသမှာ တာဝန် ထမ်းဆောင်တဲ့ အစိုးရ ၀န်ထမ်းတွေရဲ့ အဂတိ လိုက်စားမှု ကိစ္စတွေကိုပါ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
88 Generation Student Group
၈၈ မျိုးဆက်ကျောင်းသားများ၏ "ရခိုင်ပြည်နယ် ခရီးစဉ်များအတွက် သတင်းစာရှင်းလင်းပွဲ" ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ (၈၈) မျိုးဆက် ကျောင်းသားများ ရုံးချုပ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်နေစဉ်။

ကျောက်တော်မြို့နယ် ဆူပူမှု လူသေဆုံး



2012-08-06
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မိုင် (၈၀) ကျော် ကွာဝေးတဲ့ ကျောက်တော် မြို့နယ်က မူဆလင် အိမ်ခြေ အများဆုံးရှိတဲ့ ကျေးရွာ (၃) ရွာ မနေ့က မီးရှို့ခံခဲ့ရပြီး သေဆုံးသူ တချို့ ရှိခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။ ဘင်္ဂါလီ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒီကနေ့ နေလည်ပိုင်းမှာလည်း နောက်ထပ် ရွာတစ်ရွာ မီးရှို့ခံခဲ့ရတယ်လို့ ကျောက်တော် ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒထုတ်ဖော်



2012-08-06
သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့လှုပ်ရှားမှု သတင်းတွေကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ မဖော်ပြကြဖို့ စာပေစိစစ်ရေးက ပိတ်ပင်လိုက်တဲ့အတွက် သတင်းဂျာနယ်၂ စောင်က သူတို့ ဂျာနယ် မျက်နှာဖုံးတွေကို အမည်းရောင်သက်သက်နဲ့ ဒီကနေ့ ထုတ်ဝေဖြန့်ချိပြီး ဆန္ဒထုတ်ဖော်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်က ရန်ကုန်မြို့တွင် ဇာနယ်ဇင်း အယ်ဒီတာနှင့် သတင်းထောက် ၈၀ ကျော် မီဒီယာ လွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုပြုလုပ်ကြပါသည်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယ အသင်းဖွဲ့စည်း



2012-08-06
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း ပထမဆုံး တက္ကသိုလ်ကျောင်းသား သဟာယ အသင်းအဖြစ် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် စာပေသဟာယ အသင်းကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျောင်းသား (၂၀) ကျော်နဲ့ စတင် ဖွဲ့စည်းလိုက်တယ်လို့ အသင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုရဲဝင့်အောင်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားတယ်။

၈၈ မျိုးဆက် မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်စတင်



2012-08-06
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ ရှမ်းပြည်နယ် ခရီးစဉ်ကို ဒီကနေ့ စတင်လိုက်ကြပါတယ်။ ဒီခရီးစဉ်ဟာ သီတင်း (၂) ပတ် ကြာမြင့်မှာ ဖြစ်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းပို့ချရေး ခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။
88 Generation Students
မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် သြဂုတ်လ ၈ ရက်နေ့ ကျင်းပမည့် ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ဃန်း ကပ်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်မည့် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောင်းသားလူငယ်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို တွေ့ရစဉ်။

ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ဒေါက်တာ စင်သီယာမောင်နှင့် တွေ့ဆုံဆွေးနွေး



2012-08-06
ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ဇနီး ဒေါ်ဝေေ၀သာတို့ ပါဝင်တဲ့ အဖွဲ့ဟာ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံကာ မယ်တော် ဆေးခန်းက လူနာတွေကို မြ၀တီဆေးရုံနဲ့ မဲဆောက်ဆေးရုံတို့မှာ လွယ်ကူချောမွေ့စွာ လွှဲပြောင်းကုသ ပေးနိုင်ရေးအတွက် တနင်္ဂနွေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မယ်တော်ဆေးခန်းရဲ့ တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က အခုလို ဆွေးနွေးခဲ့ပါတယ်။

ဦးကျော်သူရဲ့ ပုံတူ ရေးဆွဲထုလုပ်တဲ့ အခမ်းအနားကျင်းပ



2012-08-05
နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)က ပန်းချီ၊ ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့ ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၈ လေးလုံး အခမ်းအနားကျင်းပ



2012-08-05
ပြည်ပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ၂၄ နှစ်မြောက် ၈ လေးလုံး အခမ်းအနားကို သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စုနဲ့  ကနေဒါ နိုင်ငံတွေမှာ မနေ့က ကျင်းပခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အုတ်ကလန်မြို့မှာ ကျင်းပတဲ့ ၈ လေးလုံး အခမ်းအနားကို ရွှေည၀ါ ဆရာတော်လည်း ကြွရောက်ခဲ့ပါတယ်။ ဆရာတော်က ပြည်ပမှာ အတတ်ပညာ အတွေ့အကြုံ လေ့လာ ဆည်းပူးခွင့် ရသူတွေအနေနဲ့ ပြည်တွင်းက သံတိုင်ကြားမှာ အချိန်တွေ ပေးဆပ်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် နေ့စဉ်နဲ့အမျှ ကြိုးပမ်း ရုန်းကန် အားထုတ်နေသူတွေကို တန်ဖိုးထား အလေးထားကြဖို့ ဟောပြော မိန့် ကြားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ပြဿနာ ဘာသာရေးပဋိပက္ခ မဟုတ်ကြောင်း အင်ဒို သမ္မတ ပြောကြား



2012-08-05
ကမ္ဘာမှာ မူဆလင်ဘာသာဝင် အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနိုက ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ယူဒိုယူနို(Susilo Bambang Yudhoyono) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က သြစတြေလျနိုင်ငံ ဒါဝင်မြို့တွင် သြစတြေလျ နိုင်ငံ ၀န်ကြီးချုပ် နဲ့ တွေ့ဆုံပွဲတွင် တွေ့ရစဉ်။