Tuesday, August 7, 2012

အမျိုးသားပြန်လည်ရင်ကြားစေ့ရေးစိန်ခေါ်ချက်အား ဖြေရှင်းနိုင်ဖို့လိုဟု မစ္စတာကွင်တားနားပြောကြား


မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်းအမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် စိန်ခေါ်မများကို ဖြေရှင်းနိုင်ရန် လိုအပ်ကောင်း မစ္စတာကွင်တားနားက လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲသည်

 မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေး ကွင်တားနားသည်   မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီသြဂုတ်၎ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲသည်သတင်းစာရှင်းလင်းပွဲတွင် ပြေကားခဲခြင်းဖြစ်သည်
 
“ ဒေသတွင်း တည်ငြိမ်အေးချမ်းမတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ရမယ်၊ လူ့အခွင့်အရေး ချိုးဖောက်မတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်မိပါတယ်၊  ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေဟာ အရေးကီးပါတယ်၊ စိန်ခေါ်မတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ် ’’ဟုမစ္စတာကွင်တားနားက ရခိုင်ပြည်နယ်ခရီးစဉ်အပေါ်မူတည်သုံးသပ်ပြောကြားခဲသည်

 ဆယ်စုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမများမှ ပေါ်ထွက်လာသော မကျေနပ်မများအား ဖြေရှင်းနိုင်ရေးသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အလွန်အရေးကီးကောင်းကိုလည်း ၄င်းက ဆက်လက်ပြောကြားခဲသည်
 
မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ် အဖြစ်အပျက်နှင့် ပတ်သက်၍ထိန်းသိမ်းထားသည့် ကုလသမဂဝန်ထမ်း(၆)ဦးအား အင်းစိန်ထောင်နှင့် ဘူးသီးတောင်ထောင်များတွင် တွေဆုံခဲ့ကောင်းနှင့် ၄င်းတိုအပေါ်စွဲချက်များမှာ အခြေအမြစ် မရှိကောင်း ပြောကားခဲ့သည်
 
ရခိုင်ပြည်နယ်တွင်းဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်စွပ်စွဲချက်များတွင် အင်းအားအလွန်အကျွံသုံးစွဲမှု၊ စစ်ဆေးမေးမြန်းမှုမရှိ ဖမ်းဆီးထိန်းသိမ်းမှု၊သတ်ဖြတ်မှု၊ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရေး အာမခံ ချက်များ ငြင်းပယ်ခံရမှု၊ထိန်းသိမ်ားတွင် ညှဉ်းပန်းနှိပ်စက်မများ ပါဝင်ပြီး အဆိုပါ စွပ်စွဲချက်များ အား ရှင်းလင်း အတည်ပြုရန် ခက်ခဲသော်လည်း ၄င်းကိစ္စရပ်များအပေါ်တွင် စိုးရိပ်ပူပန်မိကောင်း ပြောကားခဲသေးသည်

 ၂ဝ၁၃ ခုနှစ် လူ့အခွင့်အရေးကောင်စီသို အစီရင်ခံစာမတင်သွင်းမီ မြန်မာနိုင်ငံသိုထပ်မံ၍ အလည်အပတ်လာရောက် ရန် မျှော်လင့်ကြောင်းကိုလည်း ၄င်းက ပြောကားခဲသည်

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။