Tuesday, August 7, 2012

ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၂ ဦး မလေးရှားတွင် ဖမ်းဆီးခံရ

ထွန်းထွန်း
တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို မလေးရှားနိုင်ငံ ရှူပိန်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု မလေးရှားရဲက ပြောသည်ဟု Bernama  သတင်းတွင် ဖေါ်ပြသည်။
မလေးရှားရှိ မြန်မာ အလုပ်သမားများ ( ဓါတ်ပုံ- IMNA)

ဖမ်းဆီးခံရသူများ အထဲတွင်  အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြပြီး ထိုအထဲတွင်  အသက် ၄နှစ် အရွယ် ကလေး သုံးဦး  ပါဝင်သည်ဟု ဆိုသည်။
သူတို့အား မလေးရှားနိုင်ငံ ရှူပိန်း (  Chuping) မြို့နယ် ကြံခင်းတစ်ခုရှိ ချုံပုတ် တခုထဲတွင် ပုန်းအောင်းနေစဉ် ဖမ်းဆီး ရမိခြင်းဖြစ် သည်ဟု ရဲက ဆိုသည်။
“ သူတို့အထဲက ၃၈ ယောက်ကို သြဂတ်စ်လ ၄ ရက်နေ့ ညနေ ၈ နာရီမှာ ဖမ်းမိပြီးတော့ ကျန် ၄ ဦးကို သြဂတ်စ်လ ၅ ရက်နေ့ နံနက်  ၅နာရီခွဲမှာ ဖမ်းမိပါတယ်” ဟု ရှူပိန်းမြို့နယ် အုပ်ချုပ်ရေးမှူး UPP Commander ASP Md Fawzie Aris က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။
ယခုအခါ ဖမ်းဆီးထားသူများအား စစ်ဆေးရန် ရှူပိန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ် သည်ဟု ဆိုသည်။
ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ၏ နေရပ်လိပ်စာနှင့် မည်သည့် လူမျိုးဖြစ်ကြောင်းကို သတင်းတွင် ဖေါ်ပြထားခြင်း မရှိပေ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။