Saturday, September 8, 2012

မူးယစ်ဆေးဝါး မြန်မာ ဆက်ထုတ်နေဟု ထိုင်း ဒု ၀န်ကြီးချုပ်ပြော


ထိုင်းနိုင်ငံ အနေနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေသော်လည်း အောင်မြင်မှုမရခြင်းသည် ဗီယက်နမ် နိုင်ငံမှ တဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်နိုင်သော ဓာတုဆေးဝါးများကို ရယူ၍ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေသောကြောင့် ဖြစ်သည် ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။

မူးယစ်ဆေးဝါး အရေး ဘင်္ဂလာနှင့် မြန်မာ ညွှန်ကြားရေးမှူး အဆင့် ဆွေးနွေးမည်

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့တို့ ညွှန်ကြားရေးမှူး အဆင့်  အစည်းအဝေး တစ်ခုကို ဒက္ကားမြို့တွင် ယနေ့  ပြုလုပ်ကြမည် ဖြစ်သည်ဟု ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ဖေါ်ပြောကြားသည်။
အဆိုပါ အစည်းအဝေးတွင် မူးယစ် တိုက်ဖျက်ရေး ဆိုင်ရာ ဌာနမှ နှစ်ဘက်နိုင်ငံ ညွှန်ကြားရေးမှူး အဆင့် တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ပြီး မူးယစ် နှိမ်နှင်းရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု ဆိုသည်။

ဖားကန့် လုံးခင်းကျေးရွာရှိ ရပ်ဆိုင်းကျောက်ကုမ္ပဏီများအတွင်း မင်းမဲ့စရိုက်ဆန်မှုများဖြစ်ပွား


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနှင့်အနီးတဝိုက်ရှိ ရပ်ဆိုင်းထားသော ကျောက်တူးဖော်ရေး ကုမ္ပဏီ များထဲရှိ ပစ္စည်းများကို ရေမဆေးကျောက်လုပ်ငန်းလုပ်ကိုင်နေသော လုပ်သား တစ်ထောင်ဝန်းကျင်က ဝင်ရောက်ဖျက်ဆီး၍ ပစ္စည်းများ သယ်ယူသွားကြကြောင်း နိုင်ငံ ရေးပါတီများထံက သိရှိရသည်။

ဥပဒေသစ်အရ အိမ်ထောင်သည် အမျိုးသား များလည်း မီးဖွားစရိတ်နှင့် ခံစားခွင့် ရမည်


လူမှု ဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီး အလုပ်သမားများ သာမက အမျိုးသား များသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင် မီးဖွား စရိတ် ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။
၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးတွင် နွားစာ ရှားပါး၍ လူတစ်ဦး ကြိုးဆွဲချ သေဆုံး


မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ် အုတ်တွင်း ရွာတွင် သြဂုတ်လ ၁၉ ရက်နေ့တွင် နွားစာ ရှားပါးလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေကြောင်း ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကျေးရွာနေ ဦးကုလား(ခ) ဦးဘုန်းမြိုင် ၄၇ နှစ်သည် သြဂုတ်လ ၁၉ ရက်နေ့တွင် ၄င်းနေထိုင်သော လေးပင်၊ သုံးပင် နေအိမ်၏ အနောက်ခန်းတံခါး ဘောင်တွင် လက်သန်းလုံးခန့် ရှိသော လေးပေ၊ ခြောက်ပေ အရှည်ရှိ ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေကြောင်း၊ ယင်းကဲ့သို့ သေဆုံးရခြင်းမှာ နွားစာရှာ ခက်ခဲ လာသောကြောင့် ဖြစ်ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင် သူများက ဆိုသည်။ ယင်းသေဆုံးမှုကို နွားထိုးကြီးမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၉/ ၂၀၁၂ ဖြင့် အမှုဖွင့်ထားပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု


စက်တင်ဘာ(၆) နံနက်ပိုင်းက လူသတ်မှု တစ်ခု ပုဇွန်တောင်မြို့နယ် တွင်ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာ လမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ န်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက် မျှဖြင့်သေဆုံးနေခြင်းဖြစ် သည်။ သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါး ကိုသော့ဖြင့် ခတ်ထားသည့် အပြင် မိခင် ကိုလည်း ခေါ်မရ သဖြင့် သော့ပြင် ဆရာကိုခေါ် ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။ ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။ အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

စင်ကာပူအစိုးရက မြန်မာကျောင်းသား နှစ်ဦးအား နှစ်စဉ်ထောက်ပံ့ကြေးပေး မည်


မြန်မာနိုင်ငံသား အလှူရှင် များက စင်ကာပူ ဒေါ်လာ တစ်သိန်း မတည်ပြီး စင်ကာပူ အစိုးရဒေါ်လာတစ် သိန်းခွဲထည့်ဝင်၍ ယင်းငွေများကို အလှူရှင် နာမည်နှင့် ဘဏ်တွင် အပ်နှံကာ ရရှိ သည့် နှုန်းများဖြင့် မြန်မာ ကျောင်းသားနှစ်ဦး အား နှစ်စဉ် ပညာသင် ထောက်ပံ့ကြေး ပေးသွားမည်ဟု MIEC. PMC Group ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ခရီးသွားဆိုင်ရာ သတင်းအချက်အလက်ပေး ကောင်တာ လေးခု တိုးချဲ့ဖွင့်လှစ်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်အများအတွက် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်
ပေးနိုင်မည့် Tourist Information Counter လေးခု ကို ယခု နှစ်အတွင်း ထပ်မံတိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း
မြန်မာ့ခရီးသွားလုပ်ငန်း ကပြောသည်။

ဖားကန့် စစ်ပြေးတဦး ပစ်သတ်ခံရ

ချင်းမိုင်(မဇ္စျိမ) ။         ။ တိုက်ပွဲဖြစ်ပွားမှုကြောင့် အိုးအိမ်စွန့်ထွက်ပြေး တိမ်းရှောင်နေသော ဖားကန့်မြို့ပေါ်မှ စစ်ပြေး ဒုက္ခသည် အသက် ၂၁ နှစ်အရွယ် ကိုစဂ လအောင်(Sa ga La Aung)ဟု မှော်မောင်းကုန်း ကျေးရွာသို့ အသွားတွင်
သောကြာနေ့ နံနက်ပိုင်းက အစိုးရတပ်မှ ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

နှစ်ခြောက်ဆယ်ကျော်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်

ရန်ကုန် (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် ကျန်းမာရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။

သက်တမ်းရှည် UKL ကရင်ပါတီကို ပြည်လည်ထူထောင်ဦးမည်

ရန်ကုန် (မဇ္ဈိမ) ။        ။ သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိနေသော ဦးမန်းညွှန့်မောင်က သက်တမ်းရှည်ဆုံး ကရင်နိုင်ငံရေးပါတီတခုဖြစ်သော ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် နိုင်ငံရေးပါတီကို
ပြန်လည်အသက်သွင်း ထူထောင်မည်ဟု ပြောသည်။

 မန္တလေး-ဂန့်ဂေါ-ကလေးပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်အစီးရေ ၁၀၀ နီးပါး သွားလာမှု ရပ်ဆိုင်းထားရ



ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်အချို့ ချောင်းအတွင်း ပိတ်မိနေသည်ကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
မန္တလေး-ပခုက္ကူ-စလင်း-ဂန့်ဂေါ-ကလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယမားချောင်းရေကြီးမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီးရေ ၁၀၀နီးပါး ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒေါနတောင်ပေါ်လမ်း ချောက်ကမ်းပါး လမ်းနှုတ်ခမ်းသားပြိုကျခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများ သွားလာခြင်းကို ယာယီပိတ်ထားကြောင်း သိရ



မြ၀တီဒေါန တောင်ကျော်လမ်း ပြိုကျခဲ့သည့် ချောက်ကမ်းပါးနေရာကို ပြန်လည်ပြုပြင်နေစဉ်
မြ၀တီနယ်စပ်ကုန်သွယ်လမ်း ဒေါနတောင်ပေါ်ရှိ ချောက်ကမ်းပါး လမ်းကျဉ်းနေရာ လမ်းနှုတ်ခမ်းသား ပြိုကျခြင်းကြောင့် ကုန်တင်ယာဉ်ကြီးများသွားလာမှု ယာယီရပ်နားထားရသော်လည်း ခရီးသွားယာဉ်ငယ်များ ပုံမှန်သွားလာလျက်ရှိကြောင်း သတင်းရရှိသည်။

 မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာဘ်ပေးလာဘ်ယူဖြစ်စဉ်၊ လယ်ယာမြေကိစ္စများနှင့် လူမှုရေးပြဿနာများအပါအ၀င် တိုင်စာအရေအတွက် တစ်လလျှင် ပျမ်းမျ ၁၀၀ ကျော် တိုင်ကြားလျက်ရှိ


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာဘ်ပေးလာဘ်ယူမှုဖြစ်စဉ်၊ လယ်ယာမြေကိစ္စနှင့် လူမှုရေးပြဿနာများအပါအ၀င် တိုင်စာအရေအတွက် တစ်လလျှင် ပျမ်းမျ ၁၀၀ ကျော် တိုင်ကြားလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 မန္တလေး-မြစ်ကြီးနား ရထားလမ်း၌ တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရထားခရီးစဉ်များ ရပ်ဆိုင်း



မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မန္တလေးမြို့နှင့် မြစ်ကြီး နားမြို့အကြား ပြေးဆွဲသော ရထားခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိပါသည်။

 လမ်းမတော် ၁ လမ်းနှင့် ကမ်းနာလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့်ဆိုင်၌ မီးလောင်မှုဖြစ်ပွား



DSC_0046_1

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့် ဆိုင်၌ မီးလောင်ကျွမ်းမှုတစ်ခု စက်တာဘာ လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဂတ်စ်ဖြည့်သွင်းသည့်ဆိုင် အပါအ၀င် သွပ်မိုးပျဉ်ထောင် အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကာ ဂတ်စ်အိုးအသေး ၈၅ လုံး၊ အကြီး ၈၀ လုံး စုစုပေါင်း ၁၆၅ လုံးမီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုမှာ နေ့လည် ၁ နာရီခွဲ အချိန်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး နေ့လည် ၂ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ဂတ်စ်ဆိုင်မှ တဆင့်အခြားသို့ လောင်ကျွမ်းမှုမှာ အချိန်ကြာမြင့်ခြင်း မရှိသော်လည်း ဆိုင်အတွင်းသို လောင်ထားသော ဂတ်စ်အိုးများ လောင်ကျွမ်းနေခြင်းအား ငြိမ်းသတ် နေခြင်းကြောင့်သာ မီးလောင်မှု အချိန်ကြာမြင့်ခဲ့ကာ ဆိုင်ပိုင်ရှင် တစ်ဦးသာ ဒဏ်ရာအနည်းရရှိခဲ့ကြောင်း သိရသည်။
"ဘယ်လို စလောင်လဲတော့ မသိဘူး။ ပေါက်ကွဲတဲ့ အသံတော့ မကြားရဘူး။ မီးတောက်ကြီး တက်လာမှပဲ မီးလောင်မှန်း သိရတယ်"ဟု မီးလောင်မှု ဖြစ်ပွားမှုအနီးရှိ မ.ထ.သ ကားဂိတ် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ၁ လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ ပုဂ္ဂလိက အိမ်သုံး ဂတ်စ်ဖြည့်သွင်းသည့် ဆိုင်၌ မီးလောင်ကျွမ်းမှုတစ်ခု စက်တာဘာ လ ၇ ရက်နေ့ နေ့လည် ၁ နာရီခွဲ အချိန်ခန့်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 လက်ရှိအခြေခံလစာ နှစ်သောင်းကျော်အား အခြားစက်ရုံများနည်းတူ အခြေခံလစာ ၅ သောင်းကျော် ရရှိလိုကြောင်း ဆန္ဒဖော်ထုတ်မှုဖြစ်ပွား



လှိုင်သာယာစက်မှုဇုံ (၄)ရှိ  SMK အထည်ချုပ်စက်ရုံမှ အလုပ်သမား တစ်ထောင်ကျော်ခန့်သည် အခြေခံလစာ ၂၀၀၀၀ ကျော်မှ အခြားအထည်ချုပ်စက်ရုံများနည်းတူ အခြေခံလစာ ၅သောင်းကျော် ရရှိလိုသောကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။
SMK အထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ လမ်းလျှောက်ကာ သွားရောက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန် မြို့ပတ်လမ်းစနစ်ကို ကျင့်သုံးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်တင် အကြံပြုဆွေးနွေး



ရန်ကုန်မြို့တွင် လက်ရှိကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုများကို သက်သာစေရန် မြို့ပတ်လမ်းစနစ်ကို အသုံးပြုသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်တင်က အကြံပြု ဆွေးနွေးခဲ့သည်။

 KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား


uts
နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံစဉ် (ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု  အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ



2012-09-06
ဦးသိန်းစိုးခေါင်းဆောင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန် မကျေပွန်မှုတွေကြောင့် လက်ရှိ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု



2012-09-07
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အတွင်း သဘောထား ကွဲလွဲတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်


2012-09-07
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး တစ်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် တစ်ဦး၊ ၀န်ကြီးဌာနများ ပြည်ထောင်စု ၀န်ကြီး ၁၀ ဦး နဲ့ ပြည်ထောင်စုအဆင့် တာဝန် ပေးထားတဲ့ ပြည်ထောင်စုရုံး အဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၁၃ ဦးကို တာဝန် ပေးအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ကျော် ဆန္ဒပြ



2012-09-07
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

လုပ်ခလစာ ဖြတ်တောက်တဲ့ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆို



2012-09-07
ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခလစာတွေ ဖြတ်တောက်ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို ဒီကနေ့ သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။

လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး



2012-09-06
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။

ဖမ်းဆီးထားသူတွေကို ထောင်အာဏာပိုင်က အဓမ္မ ခိုင်းစေ



2012-09-06
မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို ထောင်အာဏာပိုင်တွေက အဓမ္မလုပ်အားပေး ခိုင်းစေနေတယ်လို့ သိရပါတယ်။

စစ်ပြေးဒုက္ခသည် အမျိုးသမီးငယ်များ လူကုန်ကူးခံနေရ



2012-09-06
အစိုးရစစ်တပ်နဲ့ KIA ကချင်တပ်တွေအကြား စစ်ရေးတင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ်တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစား ခံနေရတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် (၉) ဦး တာဝန်မှနှုတ်ထွက်



2012-09-06
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် (၉) ဦးတို့ဟာ သူတို့ဆန္ဒအလျောက် တာဝန်မှ နှုတ်ထွက်သွားကြကြောင်း သမ္မတရုံးက ကြေညာလိုက်ပါတယ်။