Saturday, September 8, 2012

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန် မြို့ပတ်လမ်းစနစ်ကို ကျင့်သုံးသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်တင် အကြံပြုဆွေးနွေး



ရန်ကုန်မြို့တွင် လက်ရှိကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုများကို သက်သာစေရန် မြို့ပတ်လမ်းစနစ်ကို အသုံးပြုသင့်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်တင်က အကြံပြု ဆွေးနွေးခဲ့သည်။

စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း၏ ဖွံ့ဖြိုးမှုနှေးကွေးနေသော ရန်ကုန်မြို့အား ခေတ်မီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတကာ အဆင့်မီ စီးပွားရေးမြို့တော်ကြီးအဖြစ်သို့ အမြန်အဆင့်မြှင့်တင်နိုင်ရေးအတွက် မြို့တော်စည်ပင် သာယာရေးကော်မတီကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့လက် အောက်တွင် ထားရှိကာ မြို့တော်စည်ပင်သာယာရေးဥပဒေနှင့်အညီ ကော်မတီပိုင်ရန်ပုံငွေကို တိုင်းဒေသ ကြီးအစိုးရ၏ အကူအညီဖြင့် သုံးစွဲ ပိုင်ခွင့်ရှိရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးရာ၌ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ဦးညွန့်တင်က နိုင်ငံတကာ မြို့ကြီးများတွင် မြို့ကြီးများဖြစ်လာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်လာကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်လည်း ကားအစီးရေ ငါးသောင်းလောက်ထပ်တိုးလာသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လာကြောင်း၊  နိုင်ငံတကာတွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် မြို့ပတ်လမ်း စနစ်ကို သုံးကြကြောင်း၊  ပါရီ၊ ဂျကာတာ၊ ဟောင်ကောင်နှင့် လန်ဒန် စသည့် မြို့ကြီးများတွင် မြို့ပတ်လမ်း များရှိကြောင်း၊ အတွင်းမြို့ပတ်လမ်းနှင့် အပြင်မြို့ပတ်လမ်းဆိုပြီး ဖောက် ထားကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။
'' မြို့ပတ်လမ်းရဲ့ အားသာ ချက်ကတော့ ဥပမာပြောရရင် မင်္ဂလာဒုံကနေ ပုစွန်တောင် သွားမယ်ဆိုရင် မြို့ထဲဆူးလေကို ဖြတ်စရာမလိုတော့ဘူး။ မြို့ပတ်လမ်းကနေ ပုစွန်တောင်မြို့နယ် အ၀င် လမ်းကနေ၀င်လိုက်ရုံပဲ။ အဲဒီတော့ မြို့ပတ်လမ်းတစ်လျောက်မှာ မီးပွိုင့်လည်းမရှိဘူး။ ကားတွေကလည်း မြန်မြန်မောင်းလို့ရတော့ လိုရာခရီးကို လည်း မြန်မြန်ရောက်တယ်။ မြို့ကို ပတ်ပြီးသွားနေလို့ မြို့ထဲမှာလည်း ယာဉ်ကြောပိတ်ဆို့မှုကလည်း အများကြီးသက်သာသွားတာကို တွေ့ရပါတယ်'' ဟု ဦးညွန့်တင်က အကြံပြုဆွေးနွေးခဲ့သည်။
ထို့နောက် ဦးညွန့်တင်က ပါရီမြို့တွင် မြို့လယ်၌ အထပ်မြင့် ပေးမဆောက်ကြောင်း၊ အထပ်အမြင့် များကို  မြို့နှင့်နီးကပ်သည့် အပြင် နားတွင်သာ ပေးကြောင်း၊ အထပ်မြင့်ဆောက်ချင်သော သူများက ယင်းနေရာတွင် မြေကြီးကို ဈေးအ များကြီးပေးဝယ်ရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်လိုက်သည့်အတွက် ပါရီမြို့လယ်တွင်  မြို့၏အလှကို ထိန်းသိမ်းထားနိုင် သည့်အတွက်  ရှေးဟောင်းအ ဆောက်အဦများကို လာရောက်လေ့လာကြသော ကမ္ဘာလှည့်ခရီးသွားများမှာ မြို့ပေါ်ရှိသူများထက်ပင် များပြားနေ ကြောင်း ဆက်လက်ပြောကြားခဲ့ သည်။
''ကျွန်တော်မြင်တာကတော့ အထပ်အမြင့် ဆောက်ခွင့်တွေကို ဒဂုံဆိပ်ကမ်းလိုနေရာ မျိုးမှာပဲ ပေးလိုက်မယ်ဆိုရင် လယ်သမား တွေလည်း ပိုက်ဆံတွေ အများကြီး ရလာမယ်။ အဲလိုဆိုရင် လယ်ယာ မြေပြဿနာ တွေလည်း ပေါ်ပေါက်လာမှာ မဟုတ်တော့ဘူး။ ရွှေတိဂုံ ဘုရားတို့၊ ဆူးလေဘုရား တို့ပတ်လည်မှာလည်း အထပ် မြင့်တွေ အများကြီး မရှိဘဲ မြို့ကြီးကို ပြစားလို့ရတဲ့ နေရာဖြစ်လာမယ်'' ဟု ၎င်းက ဆွေးနွေးခဲ့သ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။