Saturday, September 8, 2012

စင်ကာပူအစိုးရက မြန်မာကျောင်းသား နှစ်ဦးအား နှစ်စဉ်ထောက်ပံ့ကြေးပေး မည်


မြန်မာနိုင်ငံသား အလှူရှင် များက စင်ကာပူ ဒေါ်လာ တစ်သိန်း မတည်ပြီး စင်ကာပူ အစိုးရဒေါ်လာတစ် သိန်းခွဲထည့်ဝင်၍ ယင်းငွေများကို အလှူရှင် နာမည်နှင့် ဘဏ်တွင် အပ်နှံကာ ရရှိ သည့် နှုန်းများဖြင့် မြန်မာ ကျောင်းသားနှစ်ဦး အား နှစ်စဉ် ပညာသင် ထောက်ပံ့ကြေး ပေးသွားမည်ဟု MIEC. PMC Group ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
“ကျောင်းဝင်ခွင့်အောင်မြင်ပြီး ထူးချွန် ထက်မြက် တဲ့ ကျောင်းသား တွေကိုပေးမှာပါ။ ရာနှုန်းပြည့်ပညာသင်ဆုပေးအပ် မှာပါ။ အဲဒီကျောင်းကတော့ ယခင်ကတော့ ပညာသင် ဆုပေးတာတော့မရှိဘူးပေါ့နော်။ အခုမှကမ်းလှမ်းတာပါ” ဟု MIEC,PMC Group မှ Business Manager ကိုပြည်ဟိန်းထက်က ပြောသည်။
Nanyang Technological University (NTU) သည် စင်ကာပူနိုင်ငံ တွင် ထိပ်တန်းအဆင့်တက္ကသိုလ်တစ်ခုဖြစ်ပြီး စင်ကာပူအစိုးရမှ ဖွင့်လှစ်သည့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
NTU တွင်ကျောင်းတက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ တစ်နှစ်လျှင် စင်ကာပူဒေါ်လာ15,400 ကုန်ကျမည်ဖြစ်ပြီး လိုအပ်သည့်ကုန်ကျငွေများကို မြန်မာစေတနာ ရှင်တစ်ဦးက စင်ကာပူဒေါ်လာတစ်သိန်းမတည်၍ စင်ကာပူအစိုးရက ဒေါ်လာတစ်သိန်းခွဲထည့်ဝင်ကာ ယင်း ဒေါ်လာနှစ်သိန်းခွဲမှ ရရှိသည့်ဘဏ်တိုးနှုန်းတစ်သောင်းအား မြန်မာကျောင်းသားနှစ်ဦးအား နှစ်စဉ်ပညာ သင်ဆုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။