Saturday, September 8, 2012

ခရီးသွားဆိုင်ရာ သတင်းအချက်အလက်ပေး ကောင်တာ လေးခု တိုးချဲ့ဖွင့်လှစ်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ နိုင်ငံခြားသား ခရီးသွားဧည့်သည်အများအတွက် ခရီးသွားဆိုင်ရာ သတင်းအချက်အလက်
ပေးနိုင်မည့် Tourist Information Counter လေးခု ကို ယခု နှစ်အတွင်း ထပ်မံတိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း
မြန်မာ့ခရီးသွားလုပ်ငန်း ကပြောသည်။



ကောင်တာတစ်ခုစီတိုးချဲ့မည့် မြို့များမှာ လားရှိုး၊ ငွေဆောင်၊ မူဆယ်နှင့် မြောက်ဦး ဖြစ်ကြောင်း မြန်မာ့ခရီးသွား လုပ်ငန်း မန်နေဂျာ ဦးဇေယျာထွန်း ကပြောသည်။

တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် ယင်းမြို့များတွင် နေရာရှာဖွေခြင်း၊ ဝန်ထမ်းများ ခန့်ထားနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ၎င်း ကပြောသည်။

“ဧည့်လမ်းညွှန် မငှားတဲ့ ခရီးသွားတွေလည်း အဆင်ပြေအောင် ဆောင်ရွက် ပေးတာပါ။ ကျွန်တော်တို့ ကောင်တာတွေ မှာ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့ ဧည့်လမ်းညွန်တွေလည်း ခန့်ထားပေးမယ်။” ဟု ဦးဇေယျာထွန်း ကပြောသည်။

“အဲဒီလို ခရီးသွားတွေအတွက် အဆင်ပြေအောင် လုပ်တယ်ဆိုရာမှာ သမာသမတ်ကျတဲ့ ဝန်ထမ်းတွေလိုတယ်။
နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ပါ။ မဟုတ်ရင် ထိခိုက်နိုင်တာပေါ့”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

လက်ရှိ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ ဟဲဟိုး ၊တာချီလိတ် စသည့် မြိ့များရှိ လေဆိပ် အပါအဝင် နိုင်ငံခြားသား ဧည့်သည်များ အများဆုံးသွားသည့် နေရာများတွင် ကောင်တာ စုစုပေါင်း ၁၅ ခု ဖွင့်လှစ်ထားပြီး ဖြစ်သည်။

ခရီးသည်တစ်ဦး လိုအပ်သည့် သတင်းအချက်အလက်များတွင် ခရီးသွားလာမည့်နည်းလမ်း၊ ဟိုတယ်အခန်းနှုန်းထား များ၊ ဆေးရုံဆေးပေးခန်းနှင့် သွားရောက် လည်ပတ်လိုသည့်နေရာများ အဓိက ပါဝင်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။