Saturday, September 8, 2012

 မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာဘ်ပေးလာဘ်ယူဖြစ်စဉ်၊ လယ်ယာမြေကိစ္စများနှင့် လူမှုရေးပြဿနာများအပါအ၀င် တိုင်စာအရေအတွက် တစ်လလျှင် ပျမ်းမျ ၁၀၀ ကျော် တိုင်ကြားလျက်ရှိ


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာဘ်ပေးလာဘ်ယူမှုဖြစ်စဉ်၊ လယ်ယာမြေကိစ္စနှင့် လူမှုရေးပြဿနာများအပါအ၀င် တိုင်စာအရေအတွက် တစ်လလျှင် ပျမ်းမျ ၁၀၀ ကျော် တိုင်ကြားလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်သည့်ဒေသခံများမှ မကျေနပ်မှုကြောင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တိုင်ကြားစာများတွင် လူမှုရေးကိစ္စဖြစ်စဉ်များမှာ အများဆုံးဖြစ်ပြီး လာဘ်ပေးလာဘ်ယူဖြစ်စဉ်နှင့် လယ်ယာမြေကိစ္စ တိုင်ကြားမှုများမှာ အနည်းဆုံးဖြစ်ကြောင်း အဆိုပါအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းယုရှိမှ ပြောကြားခဲ့သည်။
အဆိုပါတိုင်ကြားစာများနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းယုရှိန်က''အရင်တုန်းကတော့ တိုင်ကြားစာတွေထဲမှာ အုပ်ချုပ်ရေးမှူးတွေကို တိုင်ကြားစာအများဆုံး ဖြစ်ခဲ့တယ်။ အခုတော့ ပြန်ပြီး ရွေးချယ်ခန့်အပ်ပြီးခဲ့တော့ သူတို့ကို တိုင်တာတွေက လျော့ကျသွားခဲ့တယ်။ ဒီလိုတိုင်ကြားစာတွေ ရောက်လာပြီဆိုတာနဲ့ ကျွန်တော်တို့အနေနဲက တိုင်ကြားတဲ့အကြောင်းအရာက မှန်ကန်မှု ရှိ၊ မရှိ အရင်ဆုံး စစ်ဆေးပါတယ်။ ပြီးရင်တိုင်ကြားတဲ့လူကိုခေါ်ပြီး ဆွေးနွေးတယ်။ ပြီးတာနဲ့ ဒီဖြစ်စဉ်ကို ဆုံးဖြတ်ပေးနိုင်မဲ့ သက်ဆိုင်ရာဌာနတွေကိုပဲ လွှဲပြောင်းပြီးတော့ စီစဉ်ဖြေရှင်းပေးနေပါတယ်။ တစ်ရက်ကို တိုင်စာက ၃ စောင်ကနေ ၅ စောင်အတွင်း ရှိပါတယ်။ တစ်လအနေနဲ့ဆို အရေအတွက် တစ်ရာကျော် ရှိပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
တိုင်ကြားစာများအရ တိုင်ကြားသူများအနေဖြင့် မဟုတ်မှန် တိုင်ကြားမှုဖြစ်စဉ်များ၏ တိုင်ကြားသူများကို ခေါ်ယူသတိပေးခြင်းကိစ္စများကို ဆောင်ရွက်နေရကြောင်း သိရှိရသည်။ နေ့စဉ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ တိုင်ကြားစာများနှင့် ပါတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းယုရှိန်က ဒေသခံတွေအနေနဲ့ အရင်အစိုးရအဖွဲ့လက်ထက်က မကျေနပ်တဲ့ အကြောင်းအရာတွေကိုလည်း အခုချိန်မှ တိုင်ကြားလာတဲ့ ကိစ္စတွေလည်း များပါတယ်။ တိုင်စာများကို နေပြည်တော်ရှိ ၀န်ကြီးဌာနရုံးများသို့ တိုက်ရိုက်တိုင်ကြားမှုများလည်း အများအပြားရှိနေကြာင်း၊ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ လူမှုရေး တိုင်ကြားစာတွေမှာ သားအမိချင်း၊ ညီအစ်ကိုမောင်နှမချင်း အမွေကိစ္စမျိုးတွေလည်း တိုင်ကြားစာတွေ ရှိပါတယ်။ လယ်မြေကိစ္စတွေမှာတော့ လယ်အတွက် ရေမရလို့ တိုင်ကြားတာလည်း ရှိပါတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ဌာနဆိုင်ရာနဲ့ ပတ်သက်တဲ့တိုင်ကြားစာတွေကတော့ နည်းပါတယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။