Saturday, September 8, 2012

ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော လူသတ်မှု


စက်တင်ဘာ(၆) နံနက်ပိုင်းက လူသတ်မှု တစ်ခု ပုဇွန်တောင်မြို့နယ် တွင်ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ ပုဇွန်တောင်မြို့နယ်၊ (၇)ရပ်ကွက်၊ ဦးဝိဇ္ဖာ လမ်းရှိ တိုက်တစ်တိုက်မှ (၅)လွှာတွင်နေထိုင်သူ အသက်(၆၂)နှစ်အရွယ် ဒေါ်မေနှင်းဆီဟန်ဖြစ်ပြီး၊ မီးဖိုခ န်းထဲတွင် ထိုးသွင်းဒဏ်ရာ (၁၀)ချက် မျှဖြင့်သေဆုံးနေခြင်းဖြစ် သည်။ သူ၏ သမီးဖြစ်သူအပြင်မှပြန်လာစဉ် အိမ်တံခါး ကိုသော့ဖြင့် ခတ်ထားသည့် အပြင် မိခင် ကိုလည်း ခေါ်မရ သဖြင့် သော့ပြင် ဆရာကိုခေါ် ကာ သော့ဖွင့်ပြီး အိမ်ထဲသို့ဝင်ရာ မီးဖိုခန်းတွင် မိခင်ဖြစ်သူသေဆုံးနေခြင်းကိုတွေ့ရခြင်းဖြစ်သည်။ ကွယ်လွန်သူသည် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်ကြောင်းသိရသည်။ အမှုကို ပုဇွန်တောင်ရဲစခန်းနှင် စီအိုင်ဒီတို့မှ ကိုင်တွယ်စုံစမ်းလျှက်ရှိကြောင်းသိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။