Friday, February 8, 2013
မယားငယ်ကို မယားကြီးဖြစ်သူက ဓားဖြင့်ထိုးသတ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကြခတ်ကျေးရွာတွင် ဇန်နဝါရီ ၃၀ ရက်ည ၇နာရီခွဲ အချိန်ခန့်က ခင်ပွန်းသည် အိမ်ထောင်ရေး ဖောက်ပြန် သည်ကို တွေ့ရှိရသဖြင့် မယားကြီးဖြစ်သူက မယားငယ် ဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ ဆောမြို့နယ် ကြခတ်ကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်သို့ တစ်ရွာတည်းနေ ဦးသန်းနိုင် အသက်(၄၈) ဆိုသူ ရောက်ရှိလာပြီး ၄င်း၏နေအိမ်တွင် မလှမြင့် အသက် (၄၂)နှစ်သည် ဒဏ်ရာများနှင့် သေဆုံးကြောင်း လာရောက် တိုင်တန်းခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆောရဲစခန်းသို့ သတင်းပေးပို့ပြီး အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးရာတွင် သေဆုံးသူ မလှမြင့်သည် ဦးသန်းနိုင်၏နေအိမ် အိပ်ခန်းအတွင်းရှိ ခုတင်ပေါ်တွင် ရင်ညွန့်တည့်တည့်၌ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာဘက်ရင်ညွန့်ဘေးတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်း သက်ဆိုင်ရာမှ စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဦးသန်းနိုင်၏ ဇနီးဖြစ်သူ မစန်းအေး အသက်(၄၁) နှစ်အား စစ်ဆေးမေးမြန်းရာတွင် ခင်ပွန်းဖြစ်သူ ဦးသန်းနိုင်သည် သေဆုံးသူ မလှမြင့်နှင့် အိမ်ထောင်ရေး ဖောက်ပြန်နေသည်ကို တွေ့ရှိရသဖြင့် အသင့်ယူဆောင်လာသော ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ၄င်း၏သဘော ဆန္ဒအလျောက် ဝန်ခံထွက်ဆိုခဲ့သဖြင့် မစန်းအေးအား ဆောရဲစခန်းမှ (ပ) ၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အစိုးရနှင့် KIO တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ
ရှမ်းပြည်မြောက်ပိုင်း ဟူးဖြတ်- ကတုန်ခဆန် (Kadung Hka San) ရွာအနီး အစိုးရခြေလျင်တပ်ရင်း ခလရ (၂၄၁) နှင့် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၉) ကြား ယမန်နေ့ ညနေ ၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
၎င်းအစိုးရတပ်များသည် နန့်ဖတ်ကာ အခြေစိုက်တပ်များဖြစ်ပြီး အင်အား ၈၀ ကျော်ဖြင့် KIA တပ်ရင်း (၉) နယ်မြေသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် နှစ်ဘက်တပ်မှ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်မဟာ (၄)မှ အရာရှိတဦးက KNG ကချင်သတင်းဌာနသို့ ပြောသည်။
လက်ပံတောင်းတောင် သံဃာများ အရေပြားအစားထိုး ဆက်လက်ကုသ
စံခလပူရီ(မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ သံဃာများအနက် ထိုင်းနိုင်ငံတွင်
ဆေးကုသမှု ခံယူနေသော ရှင်သဇ္ဇနသည် ဆေးရုံမှ မဆင်းနိုင်သေးကြောင်း ဆေးကုသရာသို့ အတူလိုက်ပါလာ
သည့် ဦးတေဇောသာရ က မိန့်သည်။
ဆေးကုသမှု ခံယူနေသော ရှင်သဇ္ဇနသည် ဆေးရုံမှ မဆင်းနိုင်သေးကြောင်း ဆေးကုသရာသို့ အတူလိုက်ပါလာ
သည့် ဦးတေဇောသာရ က မိန့်သည်။
Post titleနိုင်ငံရေး အကျဉ်းသား သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့
ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့  ရွှေဂုံတိုင် ရှိတော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီက နိုင်ငံရေး အကျဉ်းသားများနှင့် လက်တလော လွတ်မြောက် နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သားသမီးများကို ပညာသင်စရိတ် ထောက်ပံ့ရေး ပေးအပ်ပွဲ အခမ်းအနားကို AAPP နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)မှ ပြုလုပ် ကျင်းပရာ AAPP အတွင်းရေးမှူး ကိုတိတ်နိုင် မှ အမှာစကား ပြောကြားခဲ့သည်။
၎င်းက “ နိုင်ငံရေး အကျဉ်းသားတွေရဲ့  သားသမီးတွေကို ဒီနှစ်မှာ ပထမအရစ် အနေနဲ့  တစ်ဦးကို တသိန်းစီနဲ့
နှစ်ရာဦး ပေးဖို့ ရာထားပါတယ်။နောက်ထပ်လည်းထပ်မံကူညီ နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုလူမှုအထောက်ကူပြု အဖွဲ့ ဥက္ကဌ ဦးတင်ဦးမှ မလွတ်နိုင်တဲ့ နိုင်ငံရေး
အကျဉ်းသားတွေကို လွတ်အောင်လုပ်ဖို့ လိုသလို သူတို့ ရဲ့ သားသမီးတွေရဲ့ လူမှုဘ၀ကို သနားဖို့ လိုတယ်ဟု အဆိုပါ ပွဲတွင် ပြောကြားခဲ့သည်။
![]() ![]() ![]() |

နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိတော့သည့် ရလဒ်သာဖြစ်သင့်
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအား အစိုးရအဖွဲ့မှ ဖွဲ့စည်းခြင်း၏ ရလဒ်သည်
မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများ လုံးဝ မရှိတော့ခြင်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသားများ လုံးဝ မရှိတော့ခြင်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ကုလကိုယ်စားလှယ်နှင့် ဆွေးနွေးပြော ဆိုခွင့်မရသဖြင့် ကချင်လူထု ဝေဖန်
ချင်းမိုင်(မဇ္စျိမ)။ ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့
ရောက်ရှိစဉ် ကချင်လူထုနှင့် ပြောဆိုခွင့် မရသဖြင့် ဒေသခံ လူထုက ဝေဖန်ပြောဆိုနေကြသည်ဟု မြစ်ကြီးနားမြို့ခံ
များက ပြောသည်။
ရောက်ရှိစဉ် ကချင်လူထုနှင့် ပြောဆိုခွင့် မရသဖြင့် ဒေသခံ လူထုက ဝေဖန်ပြောဆိုနေကြသည်ဟု မြစ်ကြီးနားမြို့ခံ
များက ပြောသည်။
မဏိပူရ သူပုန်အဖွဲ့မှ ၄၅ ဦးပါ အုပ်စုတစု ပြည်တော်ပြန်
တမူးမြို့ နယ်အတွင်း လက်နက်ကိုင် အခြေချ နေထိုင်နေသည့် မဏိပူ သူပုန် အဖွဲ့များထဲမှ The United People's Party of Kangleipak (UPPK) အဖွဲ့သည် အိန္ဒိယ အစိုးရ နှင့် ဆက်သွယ်မှုရယူပြီး မြန်မာ- မဏိပူ နယ်စပ်
ဖြတ်ကျော်ကာ မိုးရေးမြို့သို့ ပြန်လည် ၀င်ရောက်လာကြောင်း ပြည်နယ်ထုတ် သတင်းစာများမှ သိရသည်။
ထိုအဖွဲ့အား မိုးရေးမြို့သို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး မဏိပူပြည်နယ် ခရိုင်ရဲကွန်မန်ဒိုအဖွဲ့က မိုးရေးမြို့မှ
စောင့်ဆိုင်းကူညီ ပေးခဲ့ကြောင်း ပြည်နယ်ထုတ် သတင်းစာများက ဖော်ပြသည်။

Subscribe to:
Posts (Atom)