Wednesday, April 25, 2012

သောက်ရေသန့် အကူအညီလိုသူပေါင်း ၁သိန်းကျော်ရှိနေပါတယ်`

သာက်ရေသန့် အကူအညီလိုသူပေါင်း ၁သိန်းကျော်ရှိနေပါတယ်`

by Myit Makha Mediagroup on 24 Apr, 2012
သုံးခွ မြို့နယ်၊ မုတ္တမပင်လယ်အနီးရှိ ကျေးရွာပေါင်း ၄၀ ကျော် မှာ သောက်ရေကန်များ ခမ်းခြောက် ကုန်တဲ့ အတွက်  ကျေးရွာဒေသခံ ၁ သိန်းကျော်ခန့်ရေသန့်သောက်ရေ ပြတ်လပ်မှု ကြုံတွေ့နေရပါတယ်။

NLD ပါတီမှ အနိုင်ရကိုယ်စားလှယ်ဒေါ်စုစုလွင်က သင်္ကြန်အကြတ်နေ့မှာ တရက်ခန့် ရေလာလှူသွား ခဲ့တယ်လို့  ကျေးရွာ ၂ ရွာက ပြောပါတယ်။

နောက်ပိုင်း ဆက်လျက်လာရောက်လှူဒါန်းနိုင်ခြင်း မရှိခဲ့သလို၊ ယခုအချိန်ထိ မည်သည့်အဖွဲ့အစည်းမှ လာရောက်လှူဒါန်းခြင်း မရှိသေးပါ။ ဒေသခံများအနေနဲ့ သောက်သုံးရေ ရရှိရေးက အရေးတကြီးလိုအပ်ချက် ဖြစ်နေပါတယ်။

အစိုးရ အဖွဲ့၊ နိုင်ငံရေးပါတီများ၊ အကူညီပေးရေးအဖွဲ့များနှင့် စေတနာရှင်များ သွားရောက်ကူညီပေးကြဖို့ တိုက်တွန်း နိုးဆော်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။