Wednesday, April 25, 2012

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူနေ

သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုအတွက် တိုင်ကြားသူကို အာဏာပိုင်ဘက်က အရေးယူနေ
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ ပုဂ္ဂလိက ရွှေရှာဖွေရေး ကုမ္ပဏီနဲ့ ဒေသခံအာဏာပိုင်တွေရဲ့ ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ဒေသခံတွေ
နစ်နာမှုအတွက် တိုင်ကြားသူတွေကို အာဏာပိုင်ဘက်က တန်ပြန် အရေးယူနေတယ်လို့ သတင်းရရှိပါတယ်။
အခုရက်ပိုင်းမှာတော့ ဦးသန်းအေးဆိုသူကို ဖမ်းဆီးချုပ်နှောင်ပြီး ခြေချုပ်ပုဒ်မ (စ) (ဆ) နဲ့ တရားစွဲနေတယ်လို့ လူမှုရေး ဆောင်ရွက်သူ ဒေါ်တင်မာဆွေက RFA ကို ပြောပါတယ်။
ဦးသန်းအေး လွတ်မြောက်ရေးအတွက် မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်နဲ့အဖွဲ့က ဥပဒေကြောင်းအရ လိုက်လံ ကူညီပေးနေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။