Wednesday, April 25, 2012

ATM ကဒ်များ ပျောက်ဆုံးက လုံခြုံရေးအတွက် ၂၄ နာရီအတွင်း အကြောင်းကြားနိုင်

ATM ကဒ်များ ပျောက်ဆုံးက လုံခြုံရေးအတွက် ၂၄ နာရီအတွင်း အကြောင်းကြားနိုင်



လက်ရှိ ပြည်တွင်းတွင် အသုံးပြုနေသော  ATM ကဒ်များ ပျောက်ဆုံးပါက လုံခြုံရေးစနစ်အတွက် သက်ဆိုင်ရာဘဏ်သို့ ၂၄ နာရီအတွင်း အကြောင်းကြားရမည်ဖြစ်ကြောင်း  မြန်မာငွေပေးချေမှုအဖွဲ့MPU (Myanmar Payment Union)က ဆိုသည်။

ယခုလက်ရှိ ပြည်တွင်း၌ သုံးစွဲနေသောATM ကဒ်များတွင် ငွေကြေးထည့်ထားမှုနှင့်ပတ်သက်၍ သုံးစွဲသူ စိတ်ကြိုက် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ထည့်ထားနိုင်ပြီး ကဒ်ပျောက်ဆုံးပါက လုံခြုံရေးအတွက် သက်ဆိုင်ရာဘဏ်သို့ ၂၄ နာရီအတွင်း အကြောင်း ကြားသင့်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ ကဒ်ကောက်ရသူများက ကဒ်လက်ကျန်ငွေများ သွားရောက်ထုတ်ယူပါက မူလသုံးစွဲသူ၏ လျှို့ဝှက် နံပါတ်အား  မသိရှိပါက ငွေထုတ်ယူ၍ မရနိုင်ကြောင်း မြန်မာငွေပေးချေမှုအဖွဲ့က ပြောသည်။

“ATM ကဒ်နဲ့ ငွေထုတ်ယူ တဲ့အခါ ထုတ်ယူသူက ၃ကြိမ် လျှို့ဝှက် နံပါတ်မှား ရိုက်ရင် စက်က ATM ကဒ်ကို အလိုအလျောက် သိမ်းယူ သွားမှာပါ၊ သုံးစွဲသူဟာ မိမိကဒ်ကို သက်ဆိုင်ရာ ဘဏ်မှာ ပြန်လည်လျှောက်ထား ရယူနိုင်မှာဖြစ်ပါတယ်” ဟု မြန်မာ ငွေပေးချေမှု အဖွဲ့ရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ATM ကဒ်စနစ်အား  ပြည်တွင်း/ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ ယခုနှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ယခုလကုန်ပိုင်းတွင် အဆိုပါ ATM ကဒ်တွေထက် လုံခြုံရေး စနစ်နှင့် သုံးစွဲမှုပိုင်းတွင် ပိုအားသာမည့် MPU ကဒ်စနစ်အား စမ်းသပ် သုံးစွဲရန်အစီစဉ်ရှိကြောင်း သိရှိရသည်။

လက်ရှိတွင် KBZဘဏ်မှ ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာများအပါအ၀င် ATMစက် (၉၃)လုံး တပ်ဆင် ထားကြောင်း၊ မန္တလေး၌ စက်နှစ်လုံး နှင့် တောင်ကြီးမြို့ရှိ ဘဏ်ခွဲ တွင် ATMစက်တစ်လုံး တပ်ဆင် ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ATMစက်များအား ထပ်မံ၍ မန္တလေးတွင် (၄)နေရာနှင့် ပြင်ဦးလွင်၊ မကွေးဘဏ်ခွဲ တို့တွင်လည်း တပ်ဆင်ရန်ပြင် ဆင်ထားကြောင်း သိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။