Wednesday, April 25, 2012

သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃ ဘီလျံခွဲကျော် ရရှိ

ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ
မြန်မာနိုင်ငံဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓါတ်ငွေ့တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၃
ဘီလျံခွဲကျော် ရရှိခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်နဲ့နှိုင်း ယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၆၄၀ ပိုများတယ်လို့ ဆိုပါတယ်။

 လောလောဆယ် ရဲတံခွန်နဲ့ ရတနာ ဓါတ်ငွေ့စီမံကိန်းကနေ ပြည်ပကို ဓါတ်ငွေ့အများဆုံး တင်ပို့နေပြီး လာမဲ့ ၂၀၁၃ မှာတော့ ရွှေနဲ့ ဇောတိက စီမံကိန်းတွေကနေ တင်ပို့သွားမယ်လို့ သိရပါတယ်။

 ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မြန်မာ့ရေနံနဲ့ သဘာဝ ဓါတ်ငွေ့လုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါး ( 13.815 billion ) ရရှိခဲ့ကြောင်း အစိုးရစာရင်းအင်းဌာနကို ကိုးကားပြိး ဆင်ဟွာသတင်းမှာ ရေးသားထားပါတယ်။
 ဒီဗွီဘီ

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။