ဆောင်းရာသီမှ နွေရာသီသို့ အကူးအပြောင်းတွင် အပူရှိန်မြင့်မားနေသောကြောင့် ငါးများတွင် ကပ်ပါးရောဂါပိုးများနှင့် ဘက်တီးရီးယားပိုးများ ကျရောက်နေပြီး လက်ရှိတွင် ငါးသေဆုံးမှုများ ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ထိုသို့ ငါးများသေဆုံးမှု အများဆုံးဖြစ်ပွားရခြင်းမှာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများသည် ငါးများ၏ ပါးဟက်၊ အစာလမ်းကြောင်၊ ခန္ဓာကိုယ်နှင့် ငါးမွေးကန်ထဲရှိ ရေများတွင် ယင်းရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရသည်။
ထို့ပြင် ငါးများတွင် အနာများ ရှိနေသည်ကို တွေ့ရပြီး ငါး၏အမြီးအရင်းတွင်ရှိသော အကြေးခွံများပွနေကာ အနာများဖြစ်နေကြောင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရ . . .
|
သုတေသန ပြုချက်များအရ ငါးများကို သေစေနိုင်သည့် ကပ်ပါးပိုးသည် ယခုလို ရာသီဥတုအပြောင်းအလဲ၊ အကူးအပြောင်းအချိန်တွင် ငါးကန်များထဲတွင် အလုံးအရင်း ပေါက်ဖွားလေ့ရှိကြောင်း၊ အထူးသဖြင့် မိုးရာသီမှ ဆောင်းရာသီသို့ ပြောင်းသည့်အချိန်၊ ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းသည့်အချိန်များတွင် ကပ်ပါးပိုးများ ကျရောက်ကာ ငါးများ သေဆုံးလေ့ရှိကြောင်း သိရသည်။