
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အနီးတွင် ဆလွန်ကားတစ်စီး အရှိန်လွန်ကာ ရှေ့ဘီးကျွတ်ပြီး ကန်တော်ကြီး ဥယျာဉ်ခြံစည်းရိုးကို ၀င်တိုက်ခဲ့သည့်အပြင် သစ်ပင်ကိုပါ ထပ်မံဝင် တိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မတ် ၉ ရက်၊ နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တို့ အဆိုအရ သိရသည်။
ဆလွန်းကားသည် ကန်တော်ကြီး ပန်ကန်းလုံးကျွန်းဘက်မှ ဦးထောင်ဘို အ၀ိုင်းဘက်သို့သွားမည့် လမ်းကြောအတိုင်း မောင်းနှင်လာရာမှ ကန်တော်ကြီးဥယျာဉ်၏ ခြံစည်းရိုး သံတိုင်များကို ၀င်ရောက်တိုက်မိသည့်အပြင် ကန်တော်ကြီးအတွင်းရှိ သစ်ပင်အားထပ်မံ တိုက်ခဲ့ပြန်သည်။
အဆိုပါ ဆလွန်းကားအဖြူ ရောင်( အ/----)၏ ညာဘက် ဒရိုင်ဘာအခြမ်းရှိ ရှေ့ဘီးနှင့် နောက်ဘီးတို့ ကျွတ်ထွက်သွားပြီး ဘီးအလွိုင်းများလည်း ကျိုးပဲ့သွားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲအုပ်နေကျော်စိုးက ''ယာဉ်ပိုင်ရှင်ကို ရှာရမှာပေါ့။ကားတစ်စီးလုံးကျန်ခဲ့တာ ပြန်လာလောက်မှာပါ။ ယာဉ်ပိုင်ရှင်က ကာယကံရှင်ကို ကျေနပ်အောင် ပြုလုပ်ပေးမယ်ဆိုရင် အရေးယူ ဆောင်ရွက်ဖို့မလိုလောက်ပါဘူး'' ဟု အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ဆလွန်းကားနှင့် သက်ဆိုင်သူများက လက်ရှိတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီနှင့် ဖြေရှင်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ဒုရဲအုပ်နေကျော်စိုးက ပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။