Sunday, March 10, 2013

လီဗာပူးနှင့်ပွဲတွင် ပုံစံကောင်း ဆက်ထိန်းနိုင်ရန် အီကော်တို မျှော်လင့်


စပါးနောက်ခံလူ အီကော်တိုက လီဗာပူးနှင့်ပွဲစဉ်တွင် အသင်း၏ပုံစံကောင်းကို ဆက်လက်ထိန်း ထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ စပါးမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ပွဲ ဆက် ရှုံးပွဲမရှိခဲ့သည့်အပြင် အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ၃ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် အန်ဖီးလ်တွင် ယှဉ်ပြိုင်ရမည့်ပွဲကို ယုံကြည်မှုအပြည့်ဖြင့် ကစားနိုင်မည်ဖြစ်ကာ အနိုင်ရ ခဲ့ပါက အသင်း၏ယုံကြည်မှု ပိုမိုကောင်းမွန်လာလိမ့်မည်ဟု အီကော်တိုက ဆိုခဲ့သည်။ သို့သော် လီဗာပူးမှာ ဥရောပ၀င်ခွင့်ရရှိရန် အားထုတ်နေပြီး ၎င်းတို့၏လက်ရှိခြေစွမ်းကြောင့် နှစ်သင်းစလုံး အတွက် ခက်ခဲသောပွဲစဉ်ဖြစ်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
စပါးမှာ ပထမအကျော့တွင် လီဗာပူးအား (၂-၁)ဂိုးဖြင့် အနိုင်ရရခဲ့ပြီး လက်ရှိအချိန်တွင် အမှတ်ပေးဇယား အဆင့် ၃နေရာတွင် ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်။ " လီဗာပူးနဲ့ အန်ဖီးလ်ကွင်းမှာ ကစားရတာ ခက်ခဲပြီး သူတို့တွေရဲ့ ဥရောပမျှော်လင့်ချက်ကြောင့် ပိုအခက်တွေ့စေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို အနိုင်ကစားပြီး အသင်းရဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု အီကော်တိုက ဖွင့်ဟသွားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။