ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပုသိမ်မြို့ မဟာဗန္ဓုလ လမ်းတိုင်း မိခင်နှင့် ကလေးစောင့် ရှောက်ရေး အသင်း ရုံးရှေ့တွင် ကျောင်းသားကျောင်းသူ(၂၅)ဦး တင်ဆောင်လာသော ၈င/၁၈၂၃ လိုက်ထရပ်အဖြူ တိမ်းမှောက် မှုကြောင့် ကျောင်းသား/သူ ၁၇ဦး ဆေးရုံတင် ထားရကြောင်း သိရှိရသည်။
Sunday, August 19, 2012
မြ၀တီမှာ KNU ဆက်ဆံရေးရုံးဖွင့်
မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသာ အစည်းအရုံး KNU က အစိုးရနဲ့ ပုံမှန် ဆက်သွယ်နိုင်မယ့် ၄ ခုမြောက် ဆက်ဆံရေး ရုံးခွဲကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ခုလို ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရတာဟာ နားလည်မှု ရရှိဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ တပ်မဟာ(၆) နဲ့ တပ်မဟာ(၇) တို့ရဲ့ ဆက်ဆံရေး ရုံးဖွင့်ပွဲမှာ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောကြားခဲ့ပါတယ်။
မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ
ရန်ကုန်၊ သြဂုတ် ၁၇
ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။
UNICEF အဖွဲ့က လှူဒါန်းတဲ့ ကျောင်းပိုင် ရေစက် ပျောက်ဆုံးခြင်း
ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာမှာ ကျောင်းသားကျောင်းသူ အယောက် ၄၀၀ ခန့် ပညာသင်ကြားနေတဲ့ အခြေခံပညာ မူလတန်းလွန် ကျောင်းမှာ သောက်သုံးရေ
စိုက်ပျိုးပြီးစပါး ဧက ၃ သောင်းရေနစ်မြုပ်

ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွင် စပါးစိုက်ပျိုးပြီး ဧက ၃ သောင်းကျော် ရေနစ်မြုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၏ ပြောကြားချက်အရ သိရသည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြန်မာ့ လူထုသဘောထား တရုတ်ပညာရှင်များ လေ့လာ
တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် မြန်မာပြည်သူတို့၏ သဘောထားကို သိရှိရန်အတွက် တရုတ်ထိပ်တန်း တက္ကသိုလ်များမှ ပညာရှင် ၅ ဦးသည် မြန်မာလူမှု အဖွဲ့အစည်းများနှင့် သြဂုတ်လ ၁၆ ရက်နေ့က မန္တလေးမြို့ရှိ မြစ်ဖျားဧရာ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စီးနင်းသူ လျော့လာ၍ ရထားခရီးစဉ် ၅၀ ရာခိုင်နှုန်း ရပ်နား

ခုတ်မောင်းချိန် ကြာမြင့်ပြီး စီးနင်းသူ လျော့ကျ သွား၍ လမ်းပိုင်းတို ခရီးစဉ် ၅၀ ရာခိုင်နှုန်းကျော် ရပ်နားလိုက်ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်၊ ကချင်ပြည်နယ်တို့မှ ခရီးတိုလမ်းပိုင်း ၁၂ ခုကို ရပ်နားလိုက်သည်ဟု မြန်မာ့မီးရထားဌာနမှ လ/ထမန်နေဂျာ ဦးထောက်လျှာကန်းက ပြောသည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကျေးရွာများ ဆန္ဒထုတ်ဖော်

လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းနယ်မြေ အတွင်း ပြောင်းရွှေ့ ကျေးရွာများ ချင်းတွင်းမြစ် အတွင်း ဆန္ဒ ထုတ်ဖော် မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် အတွင်း လက်ပန်းတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းနယ်မြေ အတွင်း ပြောင်းရွှေ့ ရမည့် ကျေးရွာ များဖြစ်သော ၀က်မှေး၊ ဆည်တည်းနှင့် ဇီးတောကျေးရွာများမှ ဒေသခံ ၃၀၀ ဦးကျော် စုပေါင်း၍ သြဂုတ်လ ၁၇ ရက် ည(၇)နာရီအချိန်တွင် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်အတွင်း ဆန္ဒထုတ်ဖော် သည့် အနေဖြင့် ဆီမီးမျောပွဲကျင်းပခဲ့သည်။
အီဂျစ်နိုင်ငံရှိ မြန်မာ သံရုံး မပိတ်
အီဂျစ်နိုင်ငံရှိ မြန်မာသံရုံးအား ယာယီ ပိတ်မည် ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ အုပ်ချုပ်ရေး (၁) မှ ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။
တိုက်ခန်းနှင့် ကွန်ဒို ပုဂ္ဂလိက ဘဏ်တွင် အပေါင်ခံခြင်း ဥပဒေထွက်မှသာ လက်ခံနိုင်မည်

ကွန်ဒို မီနီယံဥပဒေ ပေါ်ထွက် လာပါက တိုက်ခန်း၊ ကွန်ဒိုများအား ဘဏ် အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက ဘဏ် လုပ်ငန်း များ ထံမှ သိရသည်။ လက်ရှိတွင် တိုက်ခန်း၊ ကွန်ဒို ပိုင်ဆိုင် မှုမှာ ခိုင်မာမှုမရှိသောကြောင့် ဘဏ်အပေါင်ခံ ပစ္စည်းအဖြစ် ထားရှိနိုင်ခြင်း မရှိကြောင်း သိရသည်။ “တိုက်ခန်း၊ ကွန်ဒိုတွေက Law လိုနေတယ်။ တိုက်ပြိုရင် မပိုင်တော့ဘူး။ ပိုင်ဆိုင်မှု မခိုင်မာဖြစ်နေတာ” ဟု AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေယုန်လေး ကြေးအိုးဆိုင် မီးလောင်မှု လူ ၃ ဦး ဒဏ်ရာရ
နာမည်ကျော် ရွှေယုန်လေး ကြေးအိုး ဆိုင်၏ ရန်ကင်း ဆိုင်ခွဲတွင် သြဂုတ်လ ၁၆ရက် နံနက် ၈နာရီ ၄၀မိနစ်တွင် မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး၊ ဆိုင် အလုပ်သမား ၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၊ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
ပုသိမ် ရေဘေး ဒုက္ခသည် ၇၀၀၀ကျော်ရှိ

ဧရာဝတီ တိုင်း၏ မြို့တော် ပုသိမ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် င၀န်မြစ်ရေ တက်မှု ကြောင့် ရပ်ကွက် ၁၀ခု ကျော်တွင် ရေကြီးမှု ဖြစ်နေပြီး ဒုက္ခ သည်ပေါင်း ၇၀၀၀ကျော်ခန့်သည် ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိ နေကြောင်း ပုသိမ် ပွင့်လင်း လူငယ်အဖွဲ့၏ ကိုဝေလုက The Voice Weekly သို့ သြဂုတ်လ ၁၆ရက်နေ့က ပြောကြားသည်။
ဆုံးရှုံး မျိုးစပါး အစားထိုး ပြန်ပေးနိုင်ရန် အလှူငွေ ကောက်ခံ
ရန်ကုန် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းရှိ ရေလွှမ်းမိုး ဆုံးရှုံးခဲ့ရသည့် မျိုးစပါးများ အစားထိုး ပြန်လည်
ပေးဝေနိုင်ရန် အလှူငွေများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်က
ပြောသည်။
ပေးဝေနိုင်ရန် အလှူငွေများ စတင်ကောက်ခံနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်က
ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်
သာပေါင်း (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။
ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး
ရန်ကုန် (မဇ္ဈိမ)။ ။ အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။
ကျပ် သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU Debit ကတ်ဝန်ဆောင်မှု စက်တင်ဘာလ ၁ရက်နေ့ စတင်မည်
ကျပ် ၁၀၀၀၀မှ ကျပ်သိန်း ၅၀အထိ ထည့်သွင်းအသုံးပြုနိုင်မည့် MPU (Myanmar Payment Union)Debit ကတ်ဝန်ဆောင်မှုကို စက်တင်ဘာလ ၁ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ဝင်ဘဏ်များထံမှ သတင်းရရှိပါသည်။
မြန်မာလေကြောင်းလိုင်းများ အမေရိကန်ထိပ်တန်းကုမ္ပဏီ GE Capital Aviation Services မှ လေယာဉ်သစ်များဝယ်ယူရေး ဆွေးနွေး
အမေရိကန် ထိပ်တန်း ကုမ္ပဏီ တစ်ခုဖြစ်သော GE Capital Aviation Services နှင့် မြန်မာ့ လေကြောင်းနှင့် MAI လေကြောင်းလိုင်းတို့သည် လေယာဉ်သစ်များ ၀ယ်ယူရေး ဆွေးနွေးခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းသို့ဆွေးနွေးရာတွင် GE Capital Aviation Services မှ လေယာဉ်သစ်များ ၀ယ်ယူရန် အဓိက ဆွေးနွေးခဲ့သည်ဟု သိရသည်။
ဝါ၀ါဝင်းကုမ္ပဏီနဲ့ လယ်သမား ၆၁ ဦး တွေ့ဆုံညှိနှိုင်း
2012-08-17
ဝါ၀ါဝင်းကုမ္ပဏီနဲ့ လှိုင်သာယာမြို့နယ်အတွင်း လယ်ယာမြေတွေ သိမ်းယူခံထားရတဲ့ အတွင်းပဒံ၊ အပြင်ပဒံကျေးရွာတွေက လယ်သမား ၆၁ ဦးတို့ဟာ လျော်ကြေးငွေ ရရှိရေးနဲ့ ပတ်သက်လို့ ဒုတိယ အကြိမ်မြောက်အဖြစ် လှိုင်သာယာမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ မနေ့က တွေ့ဆုံ ညှိနှိုင်းခဲ့ကြပါတယ်။
RFA
လှိုင်သာယာ မြို့နယ်တွင် ၀ါဝါ၀င်း ကုမ္ပဏီမှ ဆောင်ရွက်နေသော အနော်ရထာ စက်မှုဇုန် စီမံကိန်းနေရာ
ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ
2012-08-17
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။
အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်းလည်းဖြစ် PMI ခေါ် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ လည်းဖြစ်တဲ့ မစ္စတာ Jusuf Kalla ကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဖို့ တိုက်တွန်းခဲ့ရာမှာ မစ္စတာ Kalla က သဘောတူ လက်ခံခဲ့ကြောင်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။
မူဆလင် ဘာသာဝင်တွေ ဆန္ဒပြရာမှအကြမ်းဖက်မှုဖြစ်ပွား
2012-08-17
မြန်မာနိုင်ငံနဲ့ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အတ်တာပရာဒက်ရှ် ပြည်နယ် မြို့တော် Lucknow မှာ မနေ့က မူဆလင် ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၈၈ မျိုးဆက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအတွက် သတင်းစာရှင်းလင်း
2012-08-17
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး လုပ်ငန်းတွေအတွက် စေတနာ ၀ဿန်လို့ နာမည် ပေးထားတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကျင်းပဖို့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ M-3 စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ M-3 စားသောက်ဆိုင်တွင် စေတနာဝဿန် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအတွက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်အမှာစကား ပြောကြားနေစဉ်။
Visa ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံဖို့ စီစဉ်နေ
2012-08-17
အကြွေးစနစ်အပြင် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ဘဏ်လုပ်ငန်း Visa ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီလို့ သိရပါတယ်။
တရုတ် စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရှင်များ မြန်မာ့လူမှုအသိုင်းအဝိုင်းနှင့်တွေ့ဆုံ
2012-08-17
တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်တချို့နဲ့ မန္တလေးအခြေစိုက် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို မန္တလေးမြို့ မြစ်ဖျားဧရာ ဟော်တယ်မှာ ဒီကနေ့ မနက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုမုဒြာနဲ့ မော်ဒန်ဂျာနယ်တို့ရဲ့ မန္တလေးတာဝန်ခံ စာရေးဆရာ ဦးကျော်ရင်မြင့်က ပြည်သူလူထုနဲ့ ပြည်သူအပေါ် သြဇာရှိတဲ့ သူတွေကို လာစည်းရုံးတဲ့ ဆွေးနွေးပွဲလို့ မြင်ကြောင်း RFA ကိုပြောပါတယ်။
Subscribe to:
Posts (Atom)