ဈေးကွက်တင်ရန် အချိန်တစ်လဝန်းကျင်သာ လိုတော့သည့် iPhone 5 အား နိုင်ငံတကာမှ မိုဘိုင်းဖုန်း စိတ်ဝင်စားသူများ အနေဖြင့် မျက်နှာပြင် အရွယ်အစား ၄ လက်မရှိသည့် အချက်ကလွဲ၍ မည်သည့် အချက်အလက်ကိုမှ မသိရှိရသည့် အခြေအနေတွင် ရှိနေခဲ့ရာမှ ယခုကဲ့သို့ ဘက်ထရီနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။
နည်းပညာ ဘလော့ဂ်တစ်ခုဖြစ်သည့် 9 to 5 Mac က ဘက်ထရီပုံစံကို ထုတ်ဖော်ပြသခဲ့ပြီး ယခင် အိုင်ဖုန်းမျိုးဆက်များ၌ အသုံးပြုခဲ့သည့် ဘက်ထရီစနစ်ထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပေးစွမ်းနိုင်မည့်အပြင် သက်တမ်းကြာချိန် ပိုမိုမြင့်မားမည်ဟုလည်း သိရသည်။
iPhone 4 တွင် 1420 mAh အမျိုးအစား၊ iPhone 4S တွင် 1430 mAh အမျိုးအစားတို့ကို အသုံးပြုခဲ့ပြီး ယခု iPhone 5 တွင် 1440 mAh ဘက်ထရီကို အသုံးပြုသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။